Harry Potter ရုပ်ရှင်ပရိတ်သတ်တွေအတွက် ရုပ်ရှင်ဇတ်ဝင်ခန်းတွေထဲ ကိုယ်တိုင်ရောက်သွားသလိုဖြစ်အောင် ဖန်တီးပေးထားတဲ့နေရာတခု ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖွင့်ထားပါပြီ။ အာရှကပရိတ်သတ်တွေအတွက်အဓိကလုပ်ထားတဲ့ The Making of Harry Potter ဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားမှာဖြစ်ပါတယ်။
Hamas စစ်သွေးကြွအဖွဲ့နဲ့ Israel ကြားဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် အမေရိကန်တက္ကသိုလ်တွေမှာ ကျောင်းသားအဖွဲ့တွေကွဲပြီးတော့ သဘောထားတွေလည်းကွဲနေကြပါတယ်။George Washington တက္ကသိုလ်က ကျောင်းသူ မမေရှိုင်း ကို မစုမြတ်မွန် မေးမြန်းပြီး လူမူရှုခင်း အစီအစဥ်မှာ တင်ဆက်ထားပါတယ်။
ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင် တိုင်းရင်းသားလက်နက်ကိုင် တိုင်းရင်းသား ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်မြောက်မိုင်းမှာ ဒီနေ့လည်း ဆက်လက်လုပ်နေပါတယ်။
ရောမအင်ပါယာလက်ထက်ကစလို ခေတ်အဆက်ဆက် သမိုင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ Bulgaria နိုင်ငံ Sofia မြို့တော်ကို ကမ္ဘာတဝန်းက ခရီးသွားဧည့်သည်တွေ သွားလည်နေကြပါတယ်။ ထူးခြားတဲ့စွဲဆောင်မှုတွေရှိနေတဲ့ Sofia မြို့ဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းကာလ နောက်ပိုင်းမှာ လုပ်သားဈေးကွက် ကျဆင်းမှုနဲ့အတူ အလုပ်သမားတွေရဲ့ အခြေခံ အခွင့်အရေးတွေ ပိုပြီးဆုံးရှုံးလာတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ မုတ်သုန်မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီးနောက် မိုးဗြဲရေကာတာ သတ်မှတ်ရေချိန်ကျော်လို့ ဆည်ရေ ဖောက်ချခဲ့တဲ့အတွက် အဲဒီဒေသတဝိုက်က လယ်ယာဧက ထောင်ချီ နစ်မြုပ်ပျက်စီးခဲ့ရသလို နေအိမ်တွေ၊ တပိုင်တနိုင်မွေးမြူရေးလုပ်ငန်းတွေပါ ရေလွှမ်းပျက်စီးခဲ့ရပါတယ်။
ပါရီမြို့လယ် စိမ်းမြစ်ကမ်းဘေးတလျှောက်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကျော်ထဲက စာအုပ်အဟောင်းဆိုင်တွေ ရှိပါတယ်။ မြို့ရဲ့ သမိုင်းဝင် သင်္ကေတတခုဖြစ်တဲ့ စာအုပ်ဟောင်းရောင်းတဲ့ဆိုင်တွေ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံနေရသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
အမေရိကန်ပြည်ထောင်စုမှာ အဆင့်မြင့်ပညာသင်နိုင်ဖို့ ကျောင်းစရိတ်အကြွေး Student loan ယူထားပြီး အကြွေးပြန်မဆပ်ရင် အကြွေးမဆပ်သူ Default စာရင်းထဲရောက်သွားပါတယ်။ Default ဖြစ်ပြီး ဒုက္ခရောက်နေသူတွေအတွက် အစိုးရဲ့ Fresh Start အစီအစဉ်အကြောင်း မစုမြတ်မွန်က လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံနိုင်ရေး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR နဲ့ စီစဉ်ဆောင်ရွက်နေချိန်မှာ မလိုလားအပ်တဲ့ အဖွဲ့အစည်းတွေရဲ့ နှောက်ယှက်မှုကြောင့် ကြန့်ကြာနေရတယ်လို့ မြန်မာစစ်ကောင်စီဘက်က ပြောပါတယ်။
ဂျပန်နိုင်ငံက ဖူဂျီတောင်ကြီးဆီ သွားလည်သူတွေများလွန်းနေတာကြောင့် တောင်တက်စခန်းတွေမှာ မနိုင်မနင်းအခြေအနေဖြစ်နေပါတယ်။ ဂျပန်တွေ ဘာသာရေးအရလည်း အထွဋ်အမြတ်ထားကြတဲ့ ဖူဂျီတောင်ကြီးမှာ ဘယ်လောက်တောင် စိုးရိမ်စရာဖြစ်နေသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
စိတ်ကူးပေါ်ရာအတိုင်း ရေးခြစ်ဖန်တီးကြတဲ့ Doodle ပန်းချီတွေကို မြန်မာ လူငယ်တွေကြား စိတ်ဝင်စားမှု ပိုများလာတယ်လို့ Doodle ပန်းချီဆရာတွေက ပြောပါတယ်။ တခြားပန်းချီပုံတွေနဲ့ ပုံစံကွဲတဲ့ Doodle ပန်းချီတွေ မြန်မာ့ပန်းချီလောကမှာ ဘယ်လောက်နေရာရနေပါပြီလဲ။ မစုမြတ်မွန်က လူမှုရှုခင်းအစီအစဉ်မှာ တင်ပြထားပါတယ်။
နေပြည်တော် အကျဉ်းထောင်မှာ ထောင်ချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေထဲက အမှု ၆ မှုရဲ့ အယူခံကို နိုင်ငံတော် အထူးတရားရုံးက ပယ်ချ လိုက်ပါတယ်။
မင်္ဂလာပွဲကျင်းပချင်သူတွေအတွက် Brazil နိုင်ငံ Rio de Janeiro (ရီယို ဒီ ဂျနဲရိုး) မြို့ဟာ ရေပန်းစားတဲ့နေရာ တခုဖြစ်နေပါတယ်။ မင်္ဂလာမောင်နှံတွေအတွက် ဘယ်လိုစွဲဆောင်မှုတွေရှိနေလို့လဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
စိတ်ကျန်းမာရေးဆိုတာ ဘာကို ပြောတာပါလဲ။ ဘာကြောင့် အလေးထားသင့်ပါသလဲ။ လူမှုကွန်ရက်တွေကြောင့် စိတ်ပိုင်းထိခိုက်မှုတွေ ပြေလျော့အောင် ဘယ်လိုလုပ်နိုင်သလဲဆိုတာတွေကို မစုမြတ်မွန်က အမေရိကန်ပြည်ထောင်စု က စိတ်ကျန်းမာရေး အထူးကုဆရာဝန် ဒေါက်တာနီလာသွင်နဲ့ မေးမြန်းပြီး လူမှုရှုခင်းအစီအစဉ်မှာ တင်ပြထားပါတယ်။
ဥရောပမြောက်ပိုင်းမှာ ၈ ရာစုကနေ ၁၁ ရာစုအထိရှိခဲ့ကြတဲ့ Viking ခေတ်ကာလကိုပြန်ရောက်သွားသလို ပုံဖော်ထားတဲ့ပွဲတော်ကို ဒိန်းမတ်နိုင်ငံမှာ နှစ်စဉ်ကျင်းပပါတယ်၊ Viking တွေ နေထိုင်၊ စားသောက် စစ်တိုက်ခဲ့ကြတဲ့အတိုင်း ပြန်လည်သရုပ်ပြကြတဲ့ပွဲတော်ဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုက ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းတွေမှာ ဝန်ထမ်းတွေ ရှားပါးနေချိန်ဖြစ်လို့ အလုပ်လိုချင်သူတွေအနေနဲ့ အလုပ်ရှိရာကို ကိုယ်တိုင်သွား အလုပ်လျှောက်သင့်တယ်လို့ ဟိုတယ်ဧည့်ကြိုမန်နေဂျာတယောက်က အကြံပြုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
သဘာဝတောအုပ်ထဲမှာ ပညာသင်ကြားနေရသလိုမျိုးဖန်တီးထားတဲ့ သဘာဝစာသင်ခန်းတခု ရန်ကုန်မြို့မှာ ဖွင့်ထားပါတယ်။ မြို့ပြတွေက ကလေးတွေ၊ Tablet Screen၊ Phone Screen တွေရှေ့ အချိန်ကုန်နေကြသူတွေအတွက် ဘယ်လောက် အကျိုးရှိစေနိုင်ပါသလဲ။ မမာနွယ်အေးကို မစုမြတ်မွန်က မေးမြန်းပြီး လှုမှုရှုခင်း အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံအောက်ပိုင်း၊ တနင်္သာရီတိုင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူ စုစုပေါင်း ၂၆၀၀၀ ထက်မနည်းရှိပါတယ်။ လက်ရှိတိုက်ပွဲတွေ မဖြစ်တဲ့နေရာမျိုးတွေမှာလည်း လက်နက်ကြီးရန်အပြင်၊ စစ်တပ်တွေ ရွာထဲ မကြာခဏဝင်တတ်တာကြောင့် ဒေသခံတွေ နေရပ်မပြန်ရဲကြဘူးဖြစ်နေပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တယ်ဆိုပြီး ဖမ်းဆီးခံရပြီး အကျဉ်းချခံရတဲ့ အသက်မပြည့်သေးသူ ကလေးသူငယ် အရေအတွက်ဟာ ရန်ကုန်တမြို့တည်းမှာတင် အယောက် ၁၅၀၀ နီးပါးရှိတယ်လို့ ကလေးသူငယ်အရေး လှုပ်ရှားသူတွေကပြောပါတယ်။
Bulgariaနိုင်ငံမှာဆောင်းခိုငှက်တွေအုပ်လိုက်ပျံသန်းနေရာရွှေ့ကြလေ့ရှိတဲ့လမ်းကြောင်းတလျှောက်စွန်လွှတ်ပွဲတော်တွေကျင်းပခဲ့ပါတယ်။သဘာဝပါတ်ဝန်းကျင်အတွက်အရေးပါတဲ့ ငှက်မျိုးစိတ်တွေကိုထိန်းသိမ်းကြစေဖို့ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့စွန်လွှတ်ပွဲတော်ဆီမစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေသွားကြည့်ရအောင်ပါ။
နောက်ထပ်ကြည့်ရှုရန်