“စစချင်း ညောင်ငုတ်တိုမှာ တိုက်ပွဲရှိတော့ တိုက်ပွဲဖြစ်ပြီးတဲ့ နောက်ပိုင်းည ၂ နာရီလောက် မနက်ကို ရွာနန်းဘက်ကို စစ်ကြောင်းဆွဲတယ်။ မိုးလင်း ၅ နာရီလောက်မှာ စရှို့တယ်။ အဲဒီကနေ စရှို့လိုက်တာ အိမ်ခြေက ၁,၀၀၀ ဝန်းကျင်လောက် ရှိတဲ့ဟာက ၅၀၊ ၆၀ အဲဒီ ဝန်းကျင်ပဲ ကျန်တော့မယ် အခုက။ (ရွာနန်းရွာသား)
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာပါဝင်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ အသက်မပြည့်သေးသူ ကလေးသူငယ်အရေအတွက်ဟာ ရန်ကုန် တမြို့တည်းမှာတင် အယောက် ၃၀၀ ကျော်ရှိနေပြီး ကလေးသူငယ်အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ကလေးသူငယ်အရေး လှုပ်ရှားသူတွေကပြောပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပါတ်သက်လို့ တရုတ်နိုင်ငံမှာ တရုတ်အစိုးရသဘောထားထင်ဟပ်တဲ့အကြောင်းကိုသာ ဦးစားပေးဖော်ပြနေတာကြောင့် တရုတ်နိုင်ငံရောက် ယူကရိန်းလူမျိုးတွေက ယူကရိန်းနိုင်ငံသတင်းတွေ အသေအချာ သိနိုင်အောင် ကြိုးစားနေကြပါတယ်။ AFP သတင်းကိုအခြေခံပြီး မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
ကမ္ဘာတဝန်း အရပ်သားပြည်သူတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးတိုးတက်စေဖို့ အမေရိကန်ပြည်ထောင်စုက စစ်လက်နက် ဖျက် သိမ်းရေးနဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေးအစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လက်နက်ရှင်းလင်းရေးနဲ့ လျှော့ချရေးဆိုင်ရာ အစီအစဉ်အကြီးအကဲက ပြောလိုက်ပါတယ်။
လက်ကိုင်စမတ်ဖုန်းလို အီလက်ထရောနစ်ပစ္စည်းတွေတိုင်းမှာပါတဲ့ Circuit board တွေကနေ ရွှေထုတ်ဖို့ ဗြိတိန်နိုင်ငံရဲ့ Royal Mint တော်ဝင်ဒင်္ဂါးစက်ရုံက တီထွင်နေပါပြီ။ အမှိုက်ကနေ ရွှေကို ဘယ်လိုနည်းပညာသုံး ထုတ်လုပ်မလဲဆိုတာကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာတင်ပြထားပါတယ်။
“၂၄ (ဂ/ဃ/င) အရ သတ်မှတ်ရက်အတွင်း ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာမရှိရင် နိုင်ငံရေးပါတီကို သုံးနှစ်အထိ ယာယီရပ်ဆိုင်းတာ၊ ယာယီရပ်ဆိုင်းတဲ့ကာလအတွင်းမှာ (ဃ)အရ သတ်မှတ်ထားတဲ့လုပ်ငန်းတွေကလွဲရင် ကျန်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ခြင်းမပြုရဘူး။ နောက် (င) အရ ပါတီကို ဖျက်သိမ်းတဲ့အထိ အရေးယူနိုင်ပါတယ်။ (ဦးခင်မောင်ဦး)
ကမ္ဘာမြေကြီး ရေရှည်တည်တံ့အောင် UAE က အလေးထားလုပ်နေတာတွေကို ဒူဘိုင်းမြို့မှာ အသစ်ဖွင့်တဲ့ အနာဂါတ် ပြတိုက်မှာ ပြသထားပါတယ်။ ထူးခြားတဲ့ပုံစံ အထပ် ၇ ထပ်မြင့်တဲ့ ပြတိုက်ကြီးထဲမှာ ခေတ်ရှေ့ပြေးနည်းပညာတွေသုံးပြီး ပြသထားတဲ့အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
“ခေတ်အဆက်ဆက် အမျိုးသမီးတွေကို ဖိနှိပ်၊အကြမ်းဖက်၊ ခွဲခြားဆက်ဆံခဲ့တာတွေကို အာဏာရှင်နဲ့တပါတည်း တော်လှန်တိုက်ထုတ်ရတယ်ပေါ့။ ဒါကြောင့် အမျိုးသမီးတွေရဲ့ တော်လှန်မှုကအရေးပါတယ်။ နောက် အရင် အမျိုးသမီးသပိတ်မှာ သုံးခဲ့တဲ့ ‘အမျိုးသမီးတွေမပါရင် ဒီတိုက်ပွဲက မအောင်မြင်နိုင်ပါဘူး’ ဆိုတာမျိုးပေါ့။ (သပိတ်အဖွဲ့ဝင်)
5G ဆက်သွယ်ရေးကွန်ရက်ချိတ်ဆက်နိုင်တဲ့ နောက်ဆုံးပေါ် ပစ္စည်းတွေအပြင်၊ ယူကရိန်းကို ရုရှားကျူးကျော်စစ်တိုက်နေတဲ့ ကိစ္စတွေ လွှမ်းမိုးခဲ့တဲ့ Mobile World Congress ကုန်စည်ပြပွဲကြီးအကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်လိုက်တဲ့ အဂတိလိုက်စားမှုအတွက် ပြန်ခေါ်သက်သေတွေဖြစ်တဲ့ NLD အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် သက်သေ ၄ ယောက်ကို ဒီကနေ့ ပြန်လည်စစ်ဆေးခဲ့ပါတယ်။
“စစ်ကိုင်းတိုင်းမှာ ၃ မြို့နယ်ပဲ အင်တာနက်ရပါတယ်။ စစ်ကိုင်းရယ်၊ ကလေးရယ်၊ ရွှေဘိုရယ်ပါရှင်။ စစ်ကိုင်းတိုင်းထဲက ကျန်မြို့နယ်တွေ အားလုံးကို မတ်လ ၃ ရက်နေ့ ည ၁၁ နာရီကနေစပြီးအင်တာနက် ဖြတ်တောက်ထားတာပါရှင်။ ဖုန်းပြောတာရယ်၊ SMS ရယ်နဲ့ 2G တော့ သုံးလို့ရပါတယ်။” (MPT Call Center)
ယူကရိန်းနိုင်ငံကို ရုရှားက စစ်ဝင်တိုက်ခဲ့တဲ့ဂယက်ဟာ မြန်မာနိုင်ငံကိုလည်းရိုက်ခတ်ခဲ့ပြီး ရွှေဈေးက တရက်အတွင်း ၁ ကျပ်သားကို ပျှမ်းမျှ ကျပ် ၄ သောင်းဝန်းကျင် ဈေးတက်ခဲ့သလို ဓါတ်ဆီဈေးကလည်း တရက်အတွင်း တပီပါကို ကျပ် ၁၀,၀၀၀ လောက် ဈေးတက်သွားပါတယ်။
“အခုက တလကို တပြားမှ မရတော့ကျတော့ အကုန်လုံးက အခက်အခဲတွေ ရှိတယ်။ အဲ့လိုမျိုး၊ တချို့တော့ကျတော့ ကျနော်တို့ CDM လုပ်ရင်းတန်းလန်းနဲ့ ဆုံးသွားတာတွေရှိတယ်။ စားဝတ်နေရေး အခက်အခဲကြောင့်၊ အခုလောလောဆယ်တော့ ကျနော်တို့မှတ်ထားတဲ့ အရေအတွက်အရတော့ ၁၂ ယောက်လောက်တော့ ရှိသွားပြီဗျ။” (ထောက်ရှာပင် CDM ဝန်ထမ်း)
၂၂၊ ၂၊ ၂၀၂၂ - “၂” ခြောက်လုံးသပိတ်၊ ပြန်လည်စုရုန်း ၂- ခြောက်လုံးစည်ကားသပိတ်ဆိုပြီး ဒီနေ့ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်တွေကို ရန်ကုန်၊ မန္တလေး၊ မုံရွာနဲ့ မြို့တချို့မှာ လျှပ်တပြက် စုဝေးခဲ့ကြပါတယ်။
“စိတ်ဝင်စားမှုရှိတာပေါ့။ ဒီနိုင်ငံရေးအပြောင်းအလဲမှာ တခုပါကိုပါနေတဲ့ကိစ္စလေ။ ထိထိရောက်ရောက် လုပ်ရမယ့်ကိစ္စ။ နောက်ဆုံးကယ်မှာက အာဏာရှင် နိဂုံးချုပ်ဖို့ကယ်မှာ။ ICJ ၊ ICC ၊ လုံခြုံရေးကောင်စီတွေ အဲဒီလိုင်းကလည်း အရေးကြီးတဲ့ တလိုင်းပဲ။ နိုင်ငံရေးအရ စိတ်ဝင်စားကို စိတ်ဝင်စားရမယ်။ အရေးကိုကြီးတယ်။” (ရှေ့နေတဦး)
၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေးအပေါ် ပုဒ်မ ၅၀၅-ဂ နဲ့ တရားစွဲထားတဲ့အမှုကို မတ်လ ဒုတိယပတ်မှာ အမိန့်ချဖို့ရှိနေပြီး မုံရွာပင်မသပိတ် လူငယ်ခေါင်းဆောင် ပင်ဒါလို့လူသိများတဲ့ ကိုဝေမိုးနိုင်ကိုလည်း သူ့အပေါ် တရားစွဲထားတဲ့ အမှုတွေထဲက ၂ ခုကို စွဲချက်တင်သင့် မသင့် ရှေ့သီတင်းပတ်ထဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။
“မီတာခကတော့ ပုံမှန်လာတယ်။ လာပြီဟေ့ဆိုရင်လည်း တနေကုန်သုံးချိန်မရှိဘဲနဲ့ မီတာခတွေက ဒီလတသောင်းဆိုရင် နောက်လသုံးသောင်းကျော်၊ ဘယ်လိုဖြစ်လို့ သုံးသောင်းကျော်လို့ ကျော်မှန်းလည်း မသိဘူး။ မီတာခက ပုံမှန်လာတယ်။ ဈေးကလည်း ပုံမှန်တက်နေတယ်။ ဒါပေမယ့် ဘာသုံးလို့ သုံးမှန်းလည်း မသိဘူး။ (မော်လမြိုင် မြို့ခံ)
နှလုံးခုန်ရုတ်တရက်ရပ်သွားသူတွေရှိရာ နှလုံးပုံမှန်ပြန်ခုန်အောင်လုပ်ပေးတဲ့စက်တွေ အမြန်ဆုံးရောက်အောင် Sweden နိုင်ငံမှာ အဝေးထိန်း ဒရုန်းယာဉ်နဲ့ စမ်းသပ်ပို့ပေးနေပါတယ်။ နည်းလမ်းသစ်နဲ့ လိုရာ အမြန်ဆုံးပို့နိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း AP သတင်းဆောင်းပါးကို အခြေခံပြီး မစုမြတ်မွန်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံတဝန်းက မြို့ကြီးတွေမှာ ဒီကနေ့ “silent strike” အသံတိတ်သပိတ် မှောက်ကြတဲ့အတွက် လမ်းတွေပေါ်မှာ အများအားဖြင့် အသွားအလာနည်းမရှိသလောက် ဖြစ်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်