အမေရိကန်ပြည်ထောင်စုမှာ လူမည်းအမျိုးသား George Floyd ရဲဖမ်းဆီးခံထားရစဉ် လူဖြူရဲကြောင့် သေဆုံးခဲ့ရတဲ့အပေါ် မကျေနပ်တဲ့ ဆန္ဒပြပွဲလှုပ်ရှားမှု နောက်ဆုံး အခြေအနေ ဂယက်ရိုက်ခတ်မှုတွေကို VOA မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာနဲ့ မစုမြတ်မွန် မေးမြန်းထားပါတယ်။
COVID -19 ကပ်ရောဂါကြောင့် ထုတ်ပြန်ခဲ့တဲ့ ကန့်သတ်ချက်တွေကို ပြန်လည်ဖြေလျော့ပေးနေတဲ့ စပိန်မှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေက ဧည့်သည်တွေ စိတ်ချလက်ချလာအောင် ဘယ်လို ပြင်ဆင်ဆောင်ရွက်နေကြပါသလဲ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် Minneapolis မြို့မှာ လူမည်းအမျိုးသား George Floyd ရဲဖမ်းဆီးစဉ်အတွင်း သေဆုံးခဲ့ရမှုအပေါ် မကျေနပ်လို့ ၈ ညဆက်တိုက် ဆန္ဒပြမှုတွေ အင်္ဂါနေ့ညက ဆက်ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ မြန်မာအစိုးရက ပထမဆုံးအကြိမ် အစီရင်ခံစာတစောင် ICJ နိုင်ငံတကာတရားရုံးကို တင်သွင်းလိုက်ပါတယ်။
တီးလုံးသံထွက်တဲ့ စန္ဒာယားကစလို့ လက်ဝတ်လက်စားတွေအထိ ချောလက်တွေနဲ့လုပ်ထားတဲ့ ပြပွဲတခု ရုရှားနိုင်ငံမြို့တွေကို လှည့်လည်ပြနေပါတယ်။ အနုပညာလက်ရာမြောက်လှတဲ့ ချောကလက်ရုပ်တုတွေကို ဘယ်လိုလုပ်ထားပါလဲ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေအကြိုက်ဆုံး အပန်းဖြေနေရာတခုဖြစ်တဲ့ ဂရိနိုင်ငံက Santorini ကျွန်းပေါ်မှာ ကိုဗစ်ကပ်ဘေးလွန်ကာလ ရောက်လာမယ့် ဧည့်သည်တွေကို ပြန်လည်ကြိုဆိုနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ဒကိုတာ ပြည်နယ် Black Hills ကျောက်တောင်တန်းကြီးပေါ်မှာ အမေရိကန်သမ္မတဟောင်းတွေရဲ့ ဧရာမရုပ်တုကြီးတွေကို ထွင်းထုဂုဏ်ပြုထားတဲ့ Mount Rushmore အမျိုးသားဥယျာဉ်ကြီးရှိပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ အခုလို မိုးရာသီနီးလာချိန်မှာ မိုးစပါးအပါအဝင် ကောက်ပဲသီးနှံတွေကို စိုက်ပျိုးကြရတဲ့ လယ်သမားတွေကို ငွေေချေးနိုင်ဖို့ အတော်လေးအခက်အခဲဖြစ်နေတယ်လို့ ကျေးလက်ဒေသတွေက လယ်သမားတွေအတွက် အသေးစားငွေချေးပေးနေတဲ့ Proximity Finance လုပ်ငန်းက ပြောပါတယ်။
Belgium နိုင်ငံ Brussels မြို့တော်အပြင် က ၃၅ ဧက အကျယ် ပန်းဥယျာဉ်ကြီးမှာ နှစ်တိုင်းရာသီ ပန်းတွေကို ပန်းပြပွဲလုပ်ပေမဲ့ ဒီနှစ်တော့ ကိုရိုနာကပ်ဘေးကြောင့် ပန်းပြပွဲမလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီပြပွဲအတွက် ဘယ်လောက် ပြင်ဆင်ခဲ့ကြပါလဲ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
COVID-19 ကြောင့် စီးပွားရေးအပေါ် ရှောင်လွဲလို့ မရတဲ့ ထိခိုက်မှုတွေ သက်သာစေရေးနဲ့ မြန်မာ့စီးပွားရေး မြန်မြန်ဆန်ဆန် ပြန်လည် နာလန်ထူလာနိုင်ရေးအတွက် အထောက်အကူဖြစ်မယ့် အစီအစဉ်တွေဖြစ်တယ်လို့ နိ်ုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
မကြာခင်ရက်ပိုင်းက ရန်ကုန်စက်မှုဇုံတွေမှာ အလုပ်သမား အများအပြားစုဝေးခဲ့တာကြောင့် COVID-19 ရောဂါပျံ့နှံ့မှာ စိုးရိမ်နေသလို၊ COVID- 19 လူနာတွေ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်မှာ စိုးရိမ်နေတယ်လို့ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ရဲ့ ယာယီဆေးရုံအုပ်ကြီး က VOA မြန်မာပိုင်းကို ပြောပါတယ်။
ရုရှားနိုင်ငံအနောက်ဖက်က ရှေးအကျဆုံးမြို့လေးတမြို့မှာ ရာစုနှစ်နဲ့ချီ သက်တမ်းရှိတဲ့ ရွှေချည်ပန်းထိုးလုပ်ငန်းကြောင့် သမိုင်းစာမျက်နှာတွေမှတ်တမ်းတင်ခံရပါတယ်။ ခုချိန်ထိ အသေးစိတ် အနုစိတ်ရွှေချည်ထိုးပညာကို ထိန်းသိမ်းထားတဲ့ မြို့ဖြစ်ပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ရောဂါပိုးကူးစက်သူ လက်ရှိအများဆုံးဖြစ်နေတဲ့ ရန်ကုန်မြို့မှာ ရောဂါပိုးကူးနေသူနေထိုင်တဲ့လမ်းတွေကို တာဝန်ရှိသူတွေက အဝင်အထွက် ပိတ်ပင်ထားတာမျိုးရှိသလို၊ တချို့လမ်းတွေကတော့ အပြင်လူ မဝင်နိုင်အောင် လမ်းထဲနေသူတွေက သူတို့အစီအစဉ်နဲ့ အဝင်အထွက်တွေ ပိတ်နေကြပါတယ်။
COVID-19 လူနာတွေအတွက် အခန်းပြင်ဆင်တာကစလို့ ဆေးရုံမှာအလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေ၊ တခြားလူနာတွေ အန္တရာယ်ကင်းရှင်းရေးအတွက် ဘယ်လိုဆောင်ရွက်နေသလဲဆိုတာကို ဆေးရုံရဲ့ကုသရေးဆိုင်ရာ အထောက်အကူပြုဌာနက အဖွဲ့ခေါင်းဆောင် ကို Sunny ကို မေးမြန်းထားပါတယ်။
COVID-19 ကပ်ရောဂါထိန်းချုပ်နိုင်ဖို့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် အာရှနိုင်ငံတွေရဲ့ နောက်ဆုံး ဆောင်ရွက်ချက်တွေကို တင်ပြထားပါတယ်။
ကမ္ဘာ့နိုင်ငံတွေမှာ COVID-19 ကပ်ရောဂါပျံ့နှံ့ဖြစ်ပွားနေချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကြား ဒီရောဂါနဲ့ပါတ်သက်လို့ အသေအချာ မသိကြသေးသူတွေ အများကြီးရှိနေပါတယ်။ VOA သတင်းထောက် Muazzem Shakil Hossain က Cox’s Bazar သတင်းပေးပို့တာကို မစုမြတ်မွန်က တင်ပြပါမယ်။
အမေရိကန်ပြည်ထောင်စုမှာ Nike, Under Armour စတဲ့ အားကစားဝတ်စုံအရောင်းဆိုင်ကြီးတွေအပါအဝင် Apple လိုနည်းပညာအခြေခံပစ္စည်းအရောင်းဆိုင်ကြီးတွေက Coronavirus ပိုးကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့အတွက် အရောင်းဆိုင်တွေကို ယာယီပိတ်ထားမယ်လို့ ကြေညာထားကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က စုစည်းတင်ပြပေးပါမယ်။
COVID-19 ရောဂါပိုးဟာ အမေရိကန်ပြည်တောင်စုထဲ လူမှုအသိုင်းအဝိုင်းဝန်းမှာ ကူးစက်ပျံနေပြီလို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။ ဒီလိုအခြေအနေမှာ ရောဂါဖြစ်နေသူတွေကို ကုသနိုင်ဖို့အမေရိကန်ဆေးရုံတွေမှာ ဘယ်လိုပြင်ဆင်ထားကြပါသလဲ။ Carol Pearson ပေးပို့ထားတဲ့သတင်းကို မစုမြတ်မွန်က ပြောပြပါမယ်။
လက်ရှိကမ္ဘာမှာ Coronavirus ပိုးဒုတိယမြောက် အများဆုံးကူးစက်နေတဲ့ အီတလီနိုင်ငံမှာ တနိုင်ငံလုံး အသွားအလာတွေ မလိုအပ်ရင် မလုပ်ကြဖို့ တားမြစ်ထားပါတယ်။
တရုတ်ပြက္ကဒိန်အရ ကြွက်နှစ်ဖြစ်မယ့် ၂၀၂၀ ခုနှစ်ဟာ စီးပွားရေးကောင်းမယ့်နှစ်၊ ချမ်းသာကြွယ်ဝမယ့် အခွင့်အလမ်းတွေရှိတဲ့နှစ်လို့ တရုတ်ဖုန်းရွှေ (Feng Shui) ဆရာတယောက်က ဟောကိန်းထုတ်ထားပါတယ်။ AP သတင်းတပုဒ်ကို အခြေခံပြီး မစုမြတ်မွန်က ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်