မြန်မာနိုင်ငံမှာ ဒီမိုကရေစီတောင်းဆိုကြသူတွေရဲ့ ရုန်းကန်ပေးဆပ်မှုကို စာနာ နားလည်တဲ့အနေနဲ့ တောင်ကိုရီးယားနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုအတွက် အထင်ကရဖြစ်တဲ့ တော်လှန်ရေးသီချင်းတပုဒ်ကို မြန်မာ့အရေး ဂီတနဲ့အားပေးတဲ့ တောင်ကိုရီးယား အနုပညာရှင် ၂၀ ကျော်က သီဆိုပေးထားကြပါတယ်။ မစုမြတ်မွန်က တင်ပြထားပါတယ်။
အကြမ်းမဖက် စစ်အာဏာရှင်ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ဆရာ၊ ဆရာမအများအပြား ပါဝင်ခဲ့ပြီးနောက် တက္ကသိုလ်ဆရာ၊ ဆရာမတွေကို နယ်အပြောင်းအရွှေ့နဲ့ တာဝန်က ရပ်ဆိုင်းတာတွေကို အာဏာသိမ်းအုပ်ချုပ်နေတဲ့ န.စ.က စစ်ကောင်စီက ဆက်တိုက် လုပ်ဆောင်နေပါတယ်။
စစ်တပ်အာဏာသိမ်းအုပ်ချုပ်ကတည်းက အိမ်ထဲမှာနေတာတောင် မလုံခြုံတော့ဘူးလို့ ပြည်သူအများက ပြောနေကြပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက လမ်းပေါ်က ဆန္ဒပြသူတွေကိုသာမက အိမ်ထဲကိုပါ ပစ်ခတ် ခြိမ်းခြောက်နေတဲ့အတွက် ခုလိုစိုးရိမ်နေကြတာပါ။ ပြည်သူတွေ အကာအကွယ်မဲ့ဖြစ်နေကြတဲ့ အခြေအနေကို မစုမြတ်မွန်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့နေသူတွေအပေါ် စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းတဲ့အတွက် ကလေးငယ်တွေ၊ အမျိုးသမီးတွေပါ သေဆုံးရတဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေပြီး အရပ်သားသေဆုံးတာတွေ ရှိသလို ရာနဲ့ချီတဲ့ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လွှတ်တော်အမတ်တွေဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ကူညီပံ့ပိုးဖို့ လုပ်ဆောင်နေပြီး ဒီမှာ တောင်ကိုရီးယားနိုင်ငံရေးသမားတွေနဲ့ ဆက်သွယ်လုပ်ဆောင်သူ လူမှုကွန်ယက်ပေါ်မှာ Myanmar Girl in Korea ဆိုတဲ့ Social influencer မခိုင်ခိုင်မိုးထက်ကို မစုမြတ်မွန် မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့အပေါ် ပြည်သူတွေက ပုံစံမျိုးစုံနဲ့ ဆက်ပြီး ကန့်ကွက်နေတာကို တပ်က ပစ်ခတ်နှိမ်နင်းနေချိန်မှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ် အင်မတန် စိတ်ပူပန်စိုးရိမ်တယ်လို့ တရုတ်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး နှစ် ယောက် တွေ့ဆုံဆွေးနွေးစဉ်မှာ ပြောကြားခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ပြည်သူတွေအပေါ် အကြမ်းဖက် ဖိနှိပ်နေမှုကြောင့် သေဆုံးသူ အရေအတွက်တိုးလာနေတဲ့အပေါ် နိုင်ငံတကာရဲ့ စိုးရိမ်မှုလည်း ပိုပြီးမြင့်တက်လာနေပါတယ်။ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ လူသားထုအပေါ် ပြစ်မှုကျူးလွန် ချိုးဖောက်ရာရောက်နိုင်တယ်လို့ ကုလသမဂ္ဂအကြီးတန်း သံတမန်တယောက်က ပြောကြားထားပါတယ်။
ကုလလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအတွက် ထိထိရောက်ရောက်ဆောင်ရွက်တာ မရှိသေးလို့ ထိတ်လန့်စရာ အခြေအနေရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံက လူထုအခြေပြုအဖွဲ့ ၅၀၀ နီးပါးက ပြောပါတယ်။ ဒီလုပ်ရပ်တွေအတွက် ICC တရားရုံးကိုလည်း တင်ပြဖို့တောင်းဆိုပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုကို မစုမြတ်မွန် မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို သတ်ဖြတ်နေတာ ရပ်ပါလို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးပြောခွင့်ရ Ravina Shamdasani က မြန်မာစစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။
တရုတ်ပိုင်လုပ်ငန်းတွေနဲ့ တရုတ်လူမျိုးတွေရဲ့ လုံခြုံရေးအတွက် သိပ်ကို စိုးရိမ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ ကျောင်လီကျန်က ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောသွားတာပါ။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး အင်အားသုံးနှိမ်နင်းမှုတွေကြောင့် စိတ်ကျန်းမာရေး မထိခိုက်အောင် တယောက်နဲ့တယောက် အားပေးနေကြဖို့ ဗြိတိန်နိုင်ငံက စိတ်ရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်ဥက္ကာက အကြံပေးပါတယ်။ စိတ်ပူပန်တဲ့ရောဂါ၊ စိတ်ဖိစီးတဲ့ရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။ မစုမြတ်မွန် မေးမြန်းထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ လုံခြုံရေးကောင်စီကနေ တညီတညွတ်ထဲ ပြင်းထန် ပြတ်သားတဲ့ သဘောထား ထုတ်ပြန်စေချင်ပါတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stéphane Dujarric ကပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းယူအုပ်ချုပ်နေသူတွေရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ပြည်သူတွေအပေါ် အင်အားသုံး နှိမ်နင်း၊ ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။ ခုလို ပြည်သူတွေအပေါ် အကြမ်းမှုတွေကို ချက်ချင်းရပ်ရမယ်လို့ အမေရိကန်ပြည်ထောင်စုက ထပ်ပြီး ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှား ဆန္ဒပြမှုတွေ ဆက်ပြီးလုပ်နေကြပါတယ်။ မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ ပုဂ္ဂလိက ဘဏ်ခွဲတွေကို ဒီနေ့မတ်လ ၈ ရက်နေ့ကစပြီး ပြန်ဖွင့်ဖို့ နိုင်ငံတော် ဗဟိုဘဏ်က အကြောင်းကြားထားပေမဲ့ ဒီနေ့ ပုဂ္ဂလိကဘဏ်တွေ အားလုံးဆက်ပြီး ပိတ်ထားကြပါတယ်။
ရန်ကုန်မြို့ ဆေးရုံတော်တော်များများက ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ချိန်အတွင်း အခမဲ့ဖျားနာကုဆေးခန်းတွေက လူထုကျန်းမာရေးအတွက် တဘက်ကနေ စောင့်ရှောက်ပေးနေပါတယ်။ ရန်ကုန်ကွန်ယက်က ဒေါက်တာကျော်မင်းထွန်းကို မစုမြတ်မွန် ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်း အုပ်ချုပ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေ သေဆုံးတဲ့အထိ ပစ်ခတ်နှိမ်နင်းခဲ့တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဒီနေ့ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံက ဂီတမြတ်နိုးတဲ့ Gen Z လူငယ်တွေရဲ့ အာဏာရှင်ဆန့်ကျင်ရေး သီချင်းကို ကမ္ဘာ့နိုင်ငံစုံက ဂီတချစ်သူတွေက အွန်လိုင်းပေါ်မှာ စုပေါင်းပြီး မြန်မာလိုသီဆိုထားပါတယ်။ မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်နေတယ်ဆိုတာကို ပြသပြီး Revolution ဆိုတဲ့ သီချင်းကို သီဆိုကြတာပါ။ မစုမြတ်မွန် မေးမြန်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် အကြမ်းဖက် နှိမ်နှင်းတဲ့အပေါ် ကမ္ဘာ့စီးပွားရေးအင်အားကြီး ခုနှစ် နိုင်ငံ G-7 က ပြင်းပြင်းထန်ထန် အပြစ်တင် ရှုတ်ချတယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူအုပ်ချုပ်နေတာကို G-7 အဖွဲ့ တညီတညွတ်ထဲ ထပ်ပြီး ကန့်ကွက်တယ်လိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်