မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ် ပူတာအို၊ မြစ်ကြီးနားမြို့တွေကစလို့၊ အလယ်ပိုင်း ပခုက္ကူ၊ မကွေးကနေ တောင်ပိုင်း ထားဝယ်၊ ကော့သောင်းမြို့တွေအထိ တနိုင်ငံလုံး အနှံ့ အထွေထွေသပိတ်မှာ ပါဝင်ကြတဲ့ ဆန္ဒပြသူ လူပင်လယ်ကြီးတွေကို မြင်တွေ့ရပါတယ်။
ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ်မဲပေးခဲ့တဲ့ တက္ကသိုလ်ကျောင်းသူတဦးက အာဏာသိမ်းလုပ်ရပ်ဟာ မဲပေးသူတွေကို စော်ကားလိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။ လွတ်လပ်မှုအခွင့်အရေးတွေ ဆုံးရှုံးသွားမှာစိုးတဲ့အတွက် မျိုးဆက်သစ် Generation Z တဦးအနေနဲ့ ဆန္ဒပြပါတယ်လို့လည်း ဆိုပါတယ်။ မစုမြတ်မွန် ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူထားမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေအပေါ် မန္တလေး၊ နေပြည်တော် စတဲ့မြို့တွေမှာ အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးမှုတွေ ရှိခဲ့ပေမဲ့ ဒီနေ့လည်း နိုင်ငံအနှံ့မြို့တွေမှာ ဆက်ပြီး ဆန္ဒပြနေကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတာကို ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံအနှံ့ဆန္ဒပြမှုတွေ အရှိန်ဆက်လက်ကောင်းနေပါတယ်။ ရုံးမတက်ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေလည်း ပိုများလာပါတယ်။
စစ်အာဏာသိမ်းထားပြီး ညမထွက်ရ အမိန့်ထုတ်ထားချိန်မှာ ရပ်ကွက်တွေထဲ လူစိမ်းတွေ ဝင်လာတာ နေရာတချို့မှာ ဖြစ်ခဲ့ပြီးနောက်ပိုင်း ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်လုံခြုံရေးကို ကိုယ်ထူကိုယ်ထယူလာကြတဲ့ အခြေအနေတွေဖြစ်နေတာပါ။
ဒီမိုကရေစီစနစ်ကို အဆုံးမခံနိုင်လို့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်နေရတာပါဆိုတဲ့ သရုပ်ဆောင် “ဒေါင်း” က လူငယ်တွေရဲ့ အနာဂါတ်အတွက် ဆုံးခန်းတိုင် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ CDM လှုပ်ရှားမှုမှာပါပြီး ဒုက္ခရောက်တဲ့ အစိုးရဝန်ထမ်းတွေကို အကူအညီပေးဖို့လည်း ကတိပေးပါတယ်။ မစုမြတ်မွန် ဆက်သွယ်မေးထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို အဆုံးရှုံးမခံနိုင်တဲ့အတွက် စစ်အာဏာသိမ်းမှုကို ပွင့်ပွင့်လင်းလင်း ဝေဖန်နေရတာဖြစ်တယ်လို့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ဒေါင်းက ပြောကြားလိုက်ပါတယ်။
ဒီနေ့နိုင်ငံအနှံ့ ဆန္ဒပြသတင်းတွေကို ဆက်ပြောရမယ်ဆိုရင် မုံရွာမြို့မှာ ဒီနေ့ဆန္ဒကြသူသောင်းနဲ့ချီ ဆိုင်ကယ်တွေနဲ့ မြို့ကို ပတ်ပြီး ဆန္ဒပြကြတယ်လို့ မြို့ခံတယောက်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
တောင်အာဖရိကနိုင်ငံ Cape Town မြို့က စားသောက်ဆိုင်တခုမှာ Guinness စာအုပ်မှာ စံချိန်တင်ရလောက်အောင် အမျိုးအမယ်များတဲ့ မစ်ရှိတ်ရသာစုံ ရပါတယ်။ အရသာပေါင်း ၂၀၇ မျိုးအထိ ရှိတဲ့ မစ်ရှိတ်ဖြစ်ပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှား ခရီးသွား အစီအစဉ်မှာ တင်ပြထား ပါတယ်။
နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို အတည်မပြုနိုင်အောင် စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် နိုင်ငံတကာကလည်း ဝေဖန်တုံ့ပြန်ပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။ အမေရိကန် အပါအဝင် နိုင်ငံတွေရဲ့ ထုတ်ပြန်ပြောကြားချက်တွေကို စုစည်းတင်ပြပါမယ်။
ရုရှားနိုင်ငံ St. Oetersburg မြို့မှာ ကမ္ဘာကျော်ရုရှားပန်းထိမ်ဆရာကြီး Fabergé ဖန်တီးခဲ့တဲ့ ကြက်ဥပုံရတနာပစ္စည်းတွေအပါအဝင် အနုစိတ်ပုံဖော်ဖန်တီးထားတဲ့ လက်ဝတ်လက်စားတွေ ပြသထားပါတယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ အဲဒီရာတနာပစ္စည်းတွေ ဖန်တီးခဲ့တာပါလဲ။ ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ မစုမြတ်မွန် တင်ဆက်ပေးထားပါတယ်။
ပြင်သစ်နိုင်ငံမှာ ဆီးနှင်းဖုံးလွှမ်းတဲ့ Alpes တောင်တန်းတွေကြားက ကမ္ဘာကျော် Chamonix Mont-Blanc တောင်ကြား နှင်းလျှောစီး အပန်းဖြေစခန်းကတော့ ကိုဗစ်ကန့်သတ်ချက်တွေကြားမှာ ဖွင့်လို့ရအောင် လုပ်ထားရတာပါ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
အမေရိကန်သမ္မတသစ် Joe Biden ရဲ့ ဦးစားပေးအစီအစဉ်တွေထဲမှာ ကမ္ဘာတဝှမ်းက ဒီမိုကရေစီ ပြန်လည်ခိုင်မာအောင်လုပ်ပြီးတော့ အမေရိကန်ရဲ့ စံတန်ဖိုး ဒီမိုကရေစီမြှင့်တင်ဖို့အတွက်လည်း ပါဝင်ပါတယ်။ လူ့အခွင့်အရေးအားနည်းတယ်လို့အမြင်ခံနေရတဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးမှာရော ဘယ်လိုဖြစ်လာနိုင်ပါသလဲ။
ဒီနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ၄၆ ယောက်မြောက် သမ္မတသစ်ကျမ်းသစ္စာ ကျိန်ဆိုမယ့်နေ့ဖြစ်ပါတယ်။ နောက်ထပ် ၂ နာရီကျော်လောက် အချိန်ကျရင် သမ္မတသစ်အဖြစ် Joe Biden နဲ့ ဒုသမ္မတသစ်အဖြစ် Kamala Harris တို့ Capitol လွှတ်တော်အဆောက်အဦးရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုကြတော့မှာပါ။
ကိုဗစ်ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ထားရချိန်မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်က အီတလီဗင်းနစ်ရေပေါ်မြို့ပုံစံလုပ်ထားတဲ့ အရောင်းစင်တာကြီးတခုထဲမှာ ရေပေါ်ရုပ်ရှင်ရုံတခုကို ဖန်တီးထားပါတယ်။ ကိုယ့်လှေပေါ်ကနေ သီးသန့်ရုပ်ရှင်ကြည့်နိုင်တာပါ။ မစုမြတ်မွန် ကမ္ဘာတလွှား ခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံတဝန်းမှာ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးမှု အစီအစဉ်ကို စတင်နေပါပြီ။ သမ္မတ Joko Widodo က တရုတ်နိုင်ငံကထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို ဗုဒ္ဓဟူးနေ့က ထိုးပြီးကာကွယ်ဆေးထိုး အစီအစဉ်ကို စတင်ခဲ့တာပါ။
ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းအများစု ထိခိုက်နေပေမဲ့ ခရီးသွားနဲ့ဆိုင်တဲ့ တချို့လုပ်ငန်းတွေကတော့ ပိုပြီး အလုပ်ဖြစ်နေပါတယ်။ ကပ်ရောဂါကူးစက်မယ့် စိုးရိမ်စိတ်တွေ ရှိနေချိန်မျိုးမှာ ခရီးသွားလုပ်ငန်း အနာဂါတ်အတွက် ဘယ်လိုပြင်ဆင်မှုတွေရှိပါလဲ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
ကိုဗစ်ကပ်ရောဂါ ကူးစက်မှု သတင်းတွေပဲ လွှမ်းမိုးခဲ့တဲ့ ၂ဝ၂ဝ ခုနှစ်အတွင်း ဟောလီဝုဒ်ရုပ်ရှင်လောက က ထင်ရှားတဲ့ အနုပညာရှင်တွေ၊ အကျော်အမော်တွေကြားမှာတော့ စိတ်တက်ကြွစရာ၊ စိတ်ကြည်နူးစရာ သတင်းတွေလည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထင်ရှားတဲ့ အနုပညာရှင်တွေရဲ့ သတင်းတချို့ကို မစုမြတ်မွန်က စုစည်းတင်ပြထားပါတယ်။
လန်ဒန်မြို့တော်မှာတော့ ဒီနှစ်ခရစ္စမတ်ရာသီက ကိုဗစ်ဖြစ်နေချိန်မို့ အရင်နှစ်တွေထက်ထူးတဲ့ ခရစ္စမတ်သစ်ပင် အလှဆင်မှုတွေ ပိုလုပ်လာကြပါတယ်။ လန်ဒန်မြို့လယ်က ကုန်တိုက်ကြီးတွေမှာ ထူးခြားတဲ့ အပြင်အဆင်တွေ တွေ့နိုင်တာပါ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ပြထားပါတယ်။
အခုလိုအချိန် ခရစ္စမတ်ရာသီရောက်လာပြီဆိုရင် ကမ္ဘာ့နေရာအနှံ့အပြားမှာ ခရစ္စမတ်မီး ရောင်စုံတွေထွန်းကြပါပြီ။ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလီ့စ်မြို့ကနေ ပြင်သစ်နိုင်ငံပါရီမြို့တော်အထိ လှပဆန်းပြားတဲ့ မီးအလှတွေ ရှုမငြီးအောင်ဖြစ်ရပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွားအစီအစဉ်မှာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်