စစ်အာဏာရှင်လက်အောက်ရောက်နေတဲ့ မြန်မာပြည်သူတွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဂီတနဲ့ အားပေးနှစ်သိမ့်တဲ့ “မြန်မာ့အိမ်မက်ဆီသို့ မျှော်လင့်ချက်" ဖျော်ဖြေပွဲမှာ တောင်ကိုရီးယား အထင်ကရ ဂီတသမားတွေ ပါဝင်ထားကြပါတယ်။ ဆိုးလ်မြို့တော်မှာ ဇွန်လ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ပွဲတော်အကြောင်း မစုမြတ်မွန်တင်ဆက်ထားပါတယ်။
ဒေသတွင်း ကပ်ရောဂါကူးစက်သူ တိုးလာနေလို့ ဒီနေ့ ဇူလိုင် ၂ရက်ကစပြီး မန္တလေးက မြို့နယ် ၇ခုနဲ့ ပဲခူးတိုင်းထဲက မြို့နယ် ၂ခုကို Stay at Home သတ်မှတ်လိုက်တဲ့အတွက်ခုလိုမလိုအပ်ပဲအိမ်ပြင်မထွက်ရအမိန့် သတ်မှတ်လိုက်တဲ့ မြို့နယ်ပေါင်း ၂၀ ရှိသွားပါပြီ။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်အပြင်မှာရှိတဲ့ ပါရီဒစ္စနီ ကစားကွင်းကြီး ပြန်ဖွင့်ပါပြီ။ ကိုဗစ်ကပ်ရောဂါကြောင့် ၈ လ နီးပါးပိတ်ထားရာကနေ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး စည်းကမ်းတွေနဲ့အညီ ပြန်ဖွင့်နေတာပါ။ ဘယ်လို ထူးခြားပြောင်းလဲမှုတွေ ရှိပါလဲ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ဓာတ်ခွဲအတည်ပြုလူနာတွေထဲ ကာကွယ်ဆေး ထိုးထားပြီးသားလူတွေ ထပ်ပါလာပါတယ်။ ဒီအကြောင်းအပါအဝင် မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါဆိုင်ရာ နောက်ဆုံးအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က ပြောပြပါမယ်။
မြန်မာနိုင်ငံက ခက်ခဲတဲ့ အခြေအနေတွေကြောင့် ရည်မှန်းထားတာတွေ မလုပ်နိုင်ဘူးဆိုရင် စိတ်မလျှော့ဘဲ ရည်မှန်းချက်သစ်နဲ့သွားဖို့ အမှုဆောင်အရာရှိချုပ် မနန်းအိအိမွန်က အကြံပြုပါတယ်။ အမျိုးသမီးတွေ အခက်အခဲတွေ ကျော်ဖြတ်နိုင်ရေး We Can ဆိုတဲ့ အစီအစဉ်အကြောင်း မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်ဆောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ထဲက အမှု ၄ မှုကို ဒီနေ့ စတင်စစ်ဆေးပါတယ်။ ရိုးရှင်းတဲ့အမှုတွေဖြစ်လို့ အမှုတခုစီကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဖို့ တရားသူကြီးက ခွင့်ပြုခဲ့ပြီးနောက် ဒီနေ့ ဇွန်လ ၁၄ ရက်နေ့မှာ စတင်စစ်ဆေးတာဖြစ်ပါတယ်။
လမ်းပေါ်ထွက် ဆန္ဒပြကြသူတွေအနေနဲ့ ကိုဗစ်ရောဂါထိန်းချုပ်ရေးစည်းကမ်းတွေ လိုက်နာကြဖို့ ဆန္ဒပြပွဲ စီစဉ်သူတွေက တိုက်တွန်းနေပြီး မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ တိုးနေချိန်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ စုဝေးဆန္ဒပြပွဲတွေလည်း ဆက်ရှိနေပါတယ်။
ဝေဖန်ပိုင်းခြား၊ တွေးခေါ်နိုင်မှုကို အခြေခံတဲ့ တက္ကသိုလ်ပညာရေးစနစ်ကို ရည်ရွယ်ပြီး အွန်လိုင်းက တက်ရမယ့် ဖယ်ဒရယ်တက္ကသိုလ်မှာ အမေရိကန် Princeton တက္ကသိုလ်လို နိုင်ငံတကာက ဆရာ၊ ဆရာမတွေက သင်ကြားပေးမှာပါ။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုညီဇော်ကို မစုမြတ်မွန်က မေးထားပါတယ်။
ဒီနေ့ ဇွန် ၁ ရက်မှာ မြန်မာနိုင်ငံတဝန်းက အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်ခဲ့ပေမဲ့ ကျောင်းတက်သူ အတော် နည်းပါးပါတယ်။ လုံခြုံရေးနဲ့ ကိုဗစ်ကပ်ရောဂါကူးစက်မယ့် စိုးရိမ်မှုတွေကြောင့် ကျောင်းပြန် မတက်ကြသလို၊ စစ်အာဏာရှင်လက်ထက် ကျောင်းမတက်ဘဲ သပိတ်မှောက်နေကြသူတွေလည်း ရှိပါတယ်။
ပညာသင်ကြားတယ်ဆိုတာ လူကိုယ်တိုင် ကျောင်းတက်မှ မဟုတ်ဘဲ တခြားနည်းလမ်းတွေနဲ့လည်း ရယူနိုင်တယ်လို့ Thinking Classroom Foundation ဆိုတဲ့ ပညာမြှင့်တင်ရေး ပရဟိတအဖွဲ့ တည်ထောင်သူ ဒေါက်တာသိန်းလွင်ကပြောပါတယ်။ ကျောင်းပြန်မတက်ရင် တခြားဘယ်လိုနည်းနဲ့ ပညာရနိုင်ပါလဲ။ မစုမြတ်မွန် ဆက်သွယ်မေးမြန်းထားပါတယ်။
ထိုင်းနိုင်ငံ ကိုဗစ်တတိယလှိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကူးစက်မှု အခြေအနေနဲ့ ပြီးတော့ သူတို့ ကာကွယ်ဆေးထိုးနိုင်ဖို့အလားအလာတွေ ဘယ်လိုရှိပါလဲ။ ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာတာဝန်ခံ ကိုမင်းဦးကို မစုမြတ်မွန် ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးရွာသွန်းမှု လျော့နည်းလာပြီး နေ့အပူချိန်မြင့်တက်လာနေပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းထဲက ချောက်မြို့မှာဆို နေ့ အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ် ကျော်တဲ့အထိ မြင့်တက်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု အဆုံးသတ်ရေး ဂျပန်အစိုးရဘက်က တိုက်တွန်းလုပ်ဆောင်လာအောင် ကြိုးစားသွားမယ်လို့ ဂျပန်မှာ အထူးကျော်ကြားတဲ့ မြန်မာဖက်ရှင်ဒီဇိုင်နာ Shibuya Źarny ကပြောပါတယ်။ သူက သူရဲ့ ကျော်ကြားမှုကို အသုံးပြုပြီး မြန်မာပြည်သူတွေအရေးကို ဆောင်ရွက်နေတာပါ။ မစုမြတ်မွန် ဆက်သွယ်မေးထားပါတယ်။
မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို အမေရိကန်ပြည်ထောင်စု Indianapolis မြို့က ချင်းလူငယ်တွေ အထူးစိတ်ဝင်စားပြီး ဒီအကြောင်း သူတို့ရဲ့ ကျောင်းတွေမှာသာမက သက်ဆိုင်ရာ လွှတ်တော်အမတ်တွေပါ သိရှိစိတ်ဝင်စားအောင် လုပ်နေကြတယ်လို့ ချင်းတိုင်းရင်းသားခေါင်းဆောင် ဂျက်စတင်ထန်က ပြောပါတယ်။ မစုမြတ်မွန် ဆက်သွယ်မေးထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားနေကြသူတွေကို ဖမ်းဆီးနှိမ်နင်းမှုတွေလုပ်နေတာမှာ လှုပ်ရှားသူကိုယ်တိုင်ကို ဖမ်းမမိရင် သူတို့ရဲ့ မိသားစုဝင်တွေကို ခေါ်ဆောင်သွားတာမျိုးရှိပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေလို့ဆိုပြီး လူသိများထင်ပေါ်သူ တနေ့ အယောက် ၂၀ လောက်နှုန်းကို ဥပဒေပုဒ်မ ၅၀၅ တပ်ပြီး စစ်ကောင်စီက ဖမ်းဝရမ်းထုတ်နေပါတယ်။ လူထုက စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်ကို ဆက်ပြီးအံတုနေကြဆဲပါ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ မစုမြတ်မွန်က တင်ဆက်ပေးပါမယ်။
ရန်ကုန်မြို့ အဝင်အထွက် အဝေးပြေး အမြန်လမ်းပေါ်မှာ စစ်ဆေးရှာဖွေမှုတွေကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေဘက်က တိုးလုပ်နေပါတယ်။ ခရီးသွားသူတွေထဲက မသင်္ကာသူ လူငယ်ပိုင်း တချို့ ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်။
နိုင်ငံခြားရေးရာနဲ့ဆိုင်တဲ့ Australia လွှတ်တော် နှစ် ရပ်ပေါင်း အမြဲတမ်းကော်မတီရဲ့ နိုင်ငံခြားရေးနဲ့ ထောက်ပံ့ကူညီရေးဆိုင်ရာ ကော်မတီခွဲမှာ ဧပြီလ ၁၃ ရက်နေ့က မြန်မာနိုင်ငံအခြေအနေကို ကြားနာခဲ့ပါတယ်။ ကြားနာပွဲတက်ရောက်သူ ဒေါက်တာထွန်းအောင်ရွှေကို မစုမြတ်မွန် ဆက်သွယ်မေးမြန်းထားပါတယ်။
တိတ်တိတ်ဆိတ်ဆိတ် ဖြစ်နေတဲ့ မြန်မာနိုင်ငံက သင်္ကြန်ပွဲတော်မှာ အထူးခြားဆုံးကတော့ မန္တလေးသင်္ကြန်ဖြစ်ပါတယ်။
ဒီနှစ်တော့ စစ်အာဏာသိမ်းထားချိန်ဖြစ်သလို တပ်တွေရဲ့ လက်ချက်နဲ့ အများအပြား သေဆုံး ဖမ်းဆီးခံထားရတာကြောင့် ပြည်သူအများ မပျော်နိုင်ဘဲ တိတ်တိတ်ဆိတ်ဆိတ် ဖြစ်နေပါတယ်။ အရင်နှစ်တွေလို နိုင်ငံတော်က စီစဉ်တဲ့ သင်္ကြန်မဏ္ဍပ်တွေ၊ အခမ်းအနားတွေလည်း မရှိပါဘူး။
နောက်ထပ်ကြည့်ရှုရန်