ကမ္ဘာမှာလူသိအများဆုံး ဘီယာအမှတ်တံဆိပ်တခုဖြစ်တဲ့ Carlsberg ဘီယာလုပ်ငန်းကြီးက ၁၈၄၇ ခုနှစ်ထဲက ဒီနေ့အထိ ဘီယာ ဘယ်လိုချက်လုပ်သလဲဆိုတာ လေ့လာနိုင်ဖို့ ဒိန်းမတ်နိုင်ငံမှာ Home of Carlsberg ဆိုပြီး ပြတိုက်ဖွင့်လှစ်ထားပါတယ်။ ပြတိုက်ဆီကို မစုမြတ်မွန်က ကမ္ဘာတလွှာခရီးသွား အစီအစဉ်ကနေ ခေါ်သွားမှာဖြစ်ပါတယ်။
ထိုင်ဝမ်မှာ ဇန်နဝါရီလ ၁၃ ရက် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် သမ္မတလောင်းတွေ တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေးအပါအဝင် ဘယ်လိုကိစ္စတွေကို အသားပေး မဲဆွယ်နေကြသလဲဆိုတာ ထိုင်ဝမ်က မြန်မာလူငယ်တွေနဲ့ မစုမြတ်မွန်မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
လက်ဆောင်တွေပေးဖို့ဈေးဝယ်ထွက်သူများတဲ့ ဒီကာလမှာ ဈေးဆိုင်တွေ ကမ္ဘာကျော်ကုန်တိုက်ကြီးတွေက ဘယ်လိုအလှဆင် ဆွဲဆောင်ထားကြသလဲဆိုတာကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
ဂျပန် မှာအောင်မြင်နေတဲ့ ဖက်ရှင်ဒီဇိုင်နာ Shibuya Źarny ဖန်တီးတဲ့ ငါးပုံလေတခွန်တွေကို ဂျနီဗာမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဒုက္ခသည်များညီလာခံကြီးမှာ လွှင့်ခဲ့ပါတယ်။ ကိုယ်တိုင်ဒုက္ခသည်ဘဝကနေ ဖက်ရှင်ဒီဇိုင်နာဖြစ်လာတဲ့ ဒီဇိုင်နာ Shibuya Źarny ကို မစုမြတ်မွန်က မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
အမေရိကန်နိုင်ငံသားတွေစုပြီး ဒုက္ခသည်ခေါ်ယူနိုင်တဲ့ Welcome Corps အစီအစဉ်နဲ့ Texas ပြည်နယ်က မြန်မာတဖွဲ့က ဒုက္ခသည်မိသားစုတစု အမေရိကန်ပြည်ထောင်စုမှာ အခြေချနိုင်အောင် Sponsor လုပ်ပေးခဲ့ပါတယ်။ ကိုပီတာလင်းကို မစုမြတ်မွန်က မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ အပိုင်း ၂ အဖြစ် တင်ပြထားပါတယ်။
ဘော်လ်ကန်ကျွန်းဆွယ်ဒေသမှာရှိတဲ့ Albania နိုင်ငံကို ဥရောပက ကမ္ဘာလှည့်ခရီးသည်တွေ အသွားများနေကြပါတယ်။ ဘယ်လိုစွဲဆောင်မှုတွေကြောင့် အပျော်ခရီးထွက်သူတွေ မျက်စိကျနေကြသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
PDF တွေဖြစ်သွားကြတဲ့ လူငယ်တွေအကြောင်း အမေရိကန်တွေ ပိုသိအောင် Zoomers ရုပ်ရှင်ကို ရိုက်ကူး ပြသတာဖြစ်တယ်လို့ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သူကပြောပါတယ်။ ထိုင်း မြန်မာနယ်စပ်မှာ ရုပ်ရှင်ရိုက်ကူးခဲ့ရပုံကို မစုမြတ်မွန်က ဒါရိုက်တာ Dylan Chow ကိုမေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေရဲ့ အခြေအနေကို ပုံဖော်ရေးဆွဲထားတဲ့ ပန်းချီကားတွေကို အမေရိကန်ပြည်ထောင်စု Indianapolis မြို့မှာ ပြသနေပါတယ်။ မြန်မာ အပါအဝင် ပန်းချီဆရာ ၆ ယောက်ဆွဲထားတဲ့ ပန်းချီကားတွေမှာ ဘယ်လို မီးမောင်းထိုးပြထားသလဲဆိုတာ လူမှုရှုခင်း အစီအစဉ်မှာ မစုမြတ်မွန် တင်ပြထားပါတယ် ။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းဆန္ဒပြမှုတွေမှာ လူသိများတဲ့ မုံရွာသပိတ်ဦးဆောင်သူ ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ထောင်ဒဏ်အနှစ် ၂၀ ထပ်မံချလိုက်ပါတယ်။ မုံရွာကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်အပေါ် စွဲထားတဲ့အမှုတွေထဲက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ အတွက် ထပ်ပြီးထောင်ချလိုက်တာပါ။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ် ချလိုက်ပါတယ်။ စွဲထားတဲ့ ပုဒ်မ ၃ ခုအတွက် မြစ်ကြီးနားအကျဉ်းထောင် တရားရုံးကနေ ပြစ်ဒဏ်ချလိုက်တာဖြစ်ပြီး ပြစ်ဒဏ်တွေအတွက် အယူခံဝင်သွားဖို့ ပြင်ဆင်မယ်လို့ သူ့ရှေ့နေကပြောပါတယ်။ မစုမြတ်မွန်က တင်ပြပါမယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့အကြီးအကဲ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ် ဆမ်ဆွမ် ကို စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ် ချလိုက်က်ပါတယ်။
မတ်လ ၂၃ ရက် မနေ့ ညနေ ၄ နာရီ ခွဲအချိန်လောက်မှာ ညောင်ဇင်လေး ပျူစောထီးရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ အင်အား ၁၅၀ ဝန်းကျင်လောက်ဟာ ညောင်ဇင်ကြီးကျေးရွာကို ဝင်ရောက်ပြီး နေအိမ် ၃၀ လောက်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အိမ်ခန်းငှားခဈေးအမြင့်ဆုံးမြို့တွေထဲမှာ နယူးယောက်မြို့လည်း တမြို့ပါဝင်ပါတယ်။ အိမ်ဈေးတွေ ကြီးပေမဲ့ အိမ်ငှားချင်သူတွေအနေနဲ့ လိုချင်တဲ့တိုက်ခန်းကို အပြိုင်အဆိုင် ခက်ခက်ခဲခဲ ရအောင် ကြိုးစားကြရပါတယ်။ လူငယ်တယောက်ရဲ့ အတွေ့အကြုံကို မစုမြတ်မွန်က မေးမြန်းတင်ပြထားပါတယ်။
Australia နိုင်ငံက ဘီယာလုပ်ငန်းတခုက ကုန်ကြမ်းအလေအလွင့်နည်းပါပြီး စွမ်းအင်သုံးစွဲမှု လျော့ချနိုင်မယ့် ဘီယာချက်နည်းကို တီထွင်နိုင်ဖို့ ကြိုးစားနေပါတယ်။ Sydney နည်းပညာတက္ကသိုလ်က သိပ္ပံပညာရှင်တွေနဲ့ပေါင်းပြီး စမတ်ဘီယာချက်နည်း ဖန်တီးနေကြတဲ့အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
လူတွေကို လက်ဗွေနဲ့ခွဲခြားသလို ခွေးလေးတွေ ကြောင်လေးတွေရဲ့ နှာခေါင်းပေါ်က အရေးအကြောင်းတွေနဲ့ ခွဲခြားပေးနိုင်တဲ့ နည်းပညာအကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ ပြောပြပါလိမ့်မယ်။
မြန်မာ့အရေး ကုလသမဂ္ဂအထွေထွေညီလာခံရဲ့တတိယကော်မတီမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးစုံစမ်းရေးမှူး Tom Andrews က ထောက်ပြပြောဆိုပါတယ်။ မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးပွဲကို အင်ဒိုနီးရှားမှာ ကျင်းပခဲ့ပါတယ်။ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို မစုမြတ်မွန်နဲ့ ကိုဝင်းခန့်မောင်တု့ိ စုစည်း တင်ပြထားပါတယ်။
သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ရေရှည်တည်တံ့တဲ့ လူမှုဝန်းကျင်ဖန်တီးမှုအဖြစ် ဆွီဒင်နိုင်ငံတောင်ပိုင်းက မာလ်မဲမြို့မှာ အရင်သင်္ဘောကျင်းနေရာကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အဆောက်အဦးတွေနဲ့ ပြောင်းလဲတည်ဆောက်ပြီး အသွင်ပြောင်းထားပါတယ်။ ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ မစုမြတ်မွန် တင်ဆက်ပေးထားပါတယ်။
ဗြိတိန်ဘုရင်၊ ဘုရင်မတွေအတွက် ဂျပန်ဧကရာဇ်တွေ ပေးထားတဲ့ လက်ဆောင်ပစ္စည်းတွေကို လန်ဒန်မြို့တော်က ဘုရင်မကြီးရဲ့ ပြခန်းမှာ ပြသနေပါတယ်။ ဗြိတိန်နဲ့ ဂျပန် ၂ နိုင်ငံကြား သံတမန်ဆက်ဆံရေးနဲ့ တော်ဝင်မိသားစုတွေကြား ဆက်ဆံရေးကို ထင်ဟပ်နေတဲ့ပြပွဲ ဖြစ်ပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
“ဒီနေ့စစ်ဆေးတာတွေလျော့တော့ လာကြတာထင်တာပဲ။ ကိုယ်တွေနားက လူတွေကတော့ရှင်းရှင်းပြောရင် ဒီကောင်တွေလုပ်တဲ့သင်္ကြန်မှာ မပါချင်ဘူး။ ဗုံးကွဲမှာလည်း ကြောက်တယ်။ သူတို့က မထင်ရင်မထင်သလို ဖမ်းခေါ်ခံရမှာလည်း ကြောက်တယ်။ ဘာမှမလုပ်ကြဘူး။ ပုံမှန်တိုင်းပဲ။ သင်္ကြန်ဆိုတာပြောမှသိမှာ။”(မြို့တော်ဝန်မဏ္ဍပ်နားကဒေသခံ)
သြစတြေးလျနိုင်ငံကို အလည်လာသူတွေ တွေ့ဖူးချင်ကြတဲ့ ကိုဝါလာဝက်ဝံလေးတွေ မျိုးသုဉ်းတော့မယ့် အခြေအနေကြုံနေရလို့ သူတို့ကို သဘာဝတောရိုင်းသတ္တဝါလေးတွေအဖြစ် ကာကွယ်စောင့်ရှောက်နိုင်အောင် ကြိုးစားနေကြတာပါ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်