နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်ဟာ ကမ္ဘာ့နိုင်ငံပေါင်းစုံက အနုပညာလက်ရာတွေ စုစည်းနေတဲ့ နေရာကြီး တခုဖြစ်ပါတယ်။ စစ်ပွဲနဲ့ ငြိမ်းချမ်းရေးကို ပုံဖော်ထားတဲ့ ပန်းချီကားကြီးတွေအပါအဝင် တန်ဖိုး မဖြတ်နိုင်တဲ့ အနုပညာလက်ရာ အမြောက်အများရှိတာပါ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
အီတလီနိုင်ငံမှာ ရိုးရာသစ်သားရက်ကန်းစင်တွေ သုံးပြီး နှစ်ရာချီထဲကနည်းတွေနဲ့ ကတ္တီပါရက်လုပ်တဲ့ မိသားစုရက်ကန်းလုပ်ငန်း ဗင်းနစ်မြို့မှာ တခုပဲ ကျန်ပါတော့တယ်။ ၁၈၇၅ ခုနှစ်ထဲက ရှိခဲ့တဲ့ ရက်ကန်းရုံကနေ လက်ရာမြောက်ကတ္တီပါဒီဇိုင်းတွေကို ထုတ်လုပ်နေတာပါ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
တောင်အာဖရိကနိုင်ငံ Kruger အမျိုးသား သဘာဝဘေးမဲ့တောကြီးထဲက သမိုင်းဝင်တံတားကြီးပေါ်မှာ နှစ်ပေါင်း ၁၀၀ နီးပါး သက်တမ်းကြီးတဲ့ မီရထားဟောင်းကြီးကို ဇိမ်ခံတည်းခိုခန်းအဖြစ် အသွင်ပြောင်းပြီး လာတည်းခိုသူတွေ သဘာဝအလှကို ခံစားနိုင်အောင် ဖန်တီးပေးထားပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
“မနက် ၄ နာရီ ၁၅ မိနစ်လောက်မှာ ၂ လုံးလာကြဲတယ်ပေါ့နော်။ လေယာဉ် ၂ စီးနဲ့ တစီးကို တလုံးစီးလာကြဲတယ်။ အဲ့မှာ ဒေသခံမဟုတ်ဘဲနဲ့ စစ်ရှောင် လွိုင်ကော်ကနေ ရှောင်လာတဲ့ အရပ်သား ပြည်သူတယောက် ပွဲချင်းပြီးသေတာပေါ့နော်။ နောက်တယောက်က ဒဏ်ရာအကြီးအကျယ်ရတယ်။ နောက်တယောက်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာမျိုးရတယ်ပေါ့နော်။“ ( ဒေသခံ)
မြန်မာနိုင်ငံ နေရာတော်တော်များများမှာ လက်ရှိ တရားဥပဒေစိုးမိုးရေး အတော်ယိုယွင်းနေတယ်လို့ ပြည်သူတွေ ပြောကြပါတယ်။
အီတလီနိုင်ငံက ထင်ရှားတဲ့ ပွဲတော်တခုဖြစ်တဲ့ ဗီရားရေးဂျိုကာနီဗလ်ပွဲတော်ကို ကိုဗစ်ကပ်ရောဂါ မဖြစ်ခင်ကလိုမျိုး ၂၀၂၂ ခုနှစ်မှာ ပြန်ပြီးကျင်းပပါတယ်။ ပေ ၁၀၀ လောက်မြင့်တဲ့ စက္ကူရုပ်ကြီးတွေပါတဲ့ အလှပြယာဉ်တွေ စီတန်းလှည့်လည်သွားကြတာပါ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
ကမ္ဘာ့ဖလားဘောလုံးဗိုလ်လုပွဲတွေကျရင် လူကျွံဘော အငြင်းပွားစရာမဖြစ်အောင် နည်းပညာအကူအညီနဲ့ ဆုံးဖြတ်နိုင်ဖို့ FIFA ကစမ်းသပ်နေပါတယ်။ လူကျွံဘောဖြစ်သလား စက်အကူအညီသုံး ဆန်းစစ်တဲ့နည်းပညာ Semi-automated offside technology (SAOT) နည်းပညာအကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ ရှင်းပြထားပါတယ်။
အီတလီနိုင်ငံမှာ ဟေဇယ်သီးအရသာ ကမ္ဘာကျော် ဘာချီချောကလက်တွေရဲ့ သက်တမ်း ၂၀၂၂ ခုနှစ်မှာ နှစ်ပေါင်း ၁၀၀ ပြည့်ပြီဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀ ကြာအောင် ကမ္ဘာတဝန်းက ချောကလက်ကြိုက်သူတွေကို စွဲဆောင်ထားနိုင်တဲ့ လှို့ဝှက်ချက်ကဘာပါလဲ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
စပိန်နိုင်ငံ ကက်တလိုးနီးယားနယ်မှာ ဇန်နဝါရီလကုန်ပိုင်းရောက်တိုင်း ကြက်သွန်စားပွဲကို ကျင်းပပါတယ်။ ဒီနယ်မှာ အထူးစိုက်ပျိုးတဲ့ ကယ်လ်ဆော့တ်အမျိုးအစား ကြက်သွန်တွေကို ဘယ်သူအများဆုံးစားနိုင်သလဲပြိုင်ကြတာပါ။ ဒေသခံတွေအလေးထားကြတဲ့ပွဲတော် ဖြစ်ပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်၊ ကနေဒီစင်တာမှာ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် ပိုးစမီးပုံးတွေနဲ့ မီးထွန်းပွဲတော် ပြုလုပ်ပါတယ်။ တရုတ်မီးပုံးပညာရှင်တွေရဲ့လက်ရာ ရောင်စုံမီးပုံးရုပ်ကြီးတွေကို အလှဆင်မီးထွန်းပြီး ကျားနှစ်ကို ကြိုဆိုတာဖြစ်ပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
တရုတ်နဂါး၊ ပင်ဒါဝက်ဝံ ဒီလို ဧရာမအရုပ်ကြီးတွေ ပုံစံ မီးပုံးပွဲတော်ကို ပြင်သစ်တောင်ပိုင်း၊ တူလူးမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲတော်မှာ တရုတ်ယဉ်ကျေးမှုကို အနီးကပ်လေ့လာနိုင်ပြီး မီးပုံးတွေကို တရုတ်နိုင်ငံက မီးပုံးပညာရှင်တွေ ကိုယ်တိုင် ဖန်တီးထားတာပါ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်က ဘက်တာဆီး ဓါတ်အားပေး စက်ရုံဟောင်းကြီး ရှိတဲ့နေရာမှာ မီးထွန်းပွဲတော်ကျင်းပနေပါတယ်။ မီးရောင်တွေနဲ့ အင်စတော်လေးရှင်း အနုပညာလက်ရာတွေ ဖန်တီးလို့ ပွဲတော်ကျင်းပပြီး သိမ်းမြစ်ကမ်းဘေးမှာ လည်ပတ်စရာနေရာ လုပ်ထားပေးတာပါ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်းထဲက မုံရွာ-မန္တလေး လမ်းမကြီးတလျှောက်မှာရှိတဲ့ ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက ဒီကနေ့ မနက်ပိုင်းကစပြီး ဝင်ရောက် ရှာဖွေ ရှင်းလင်းခဲ့သလို လမ်းတလျှောက်က ကွမ်းရွက်စိုက်ပျိုးခြံတွေနဲ့ တဲအိမ်တချို့ကိုလည်း မီးရှို့ဖျက်စီးသွားတယ်လို့ ဒေသခံပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀ က နစ်မြုပ်ခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောကြီးပေါ်ပါသွားခဲ့ကြတဲ့ ခရီးသည်တွေရဲ့ အသုံးအဆောင်၊ အဝတ်အစားတွေကို လန်ဒန်မြို့တော်မှာ ပြသနေပါတယ်။ ဒီပစ္စည်းတွေကနေ တဆင့် အဲဒီ ခရီးသည်တွေရဲ့ အကြောင်းနဲ့ အဖြစ်အပျက်တွေ သိရနိုင်တာပါ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်က ရုက္ခဗေဒဥယျာဉ်ကို သွားလည်ရင် လွန်ခဲ့တဲ့ နှစ်သန်း ၆၀၀ ကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။ သမိုင်းမစခင်အချိန်က သက်ရှိတွေ ဘယ်လိုနေထိုင် ရှင်သန်ခဲ့ကြလဲဆိုတာ သိရအောင် ဧရာမမီးပုံးရုပ်ကြီးတွေနဲ့ ဖန်တီးပြသထားပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု သမ္မတအိမ်ဖြူတော်မှာ ခရစ္စမတ်ပွဲတော် အလှဆင်ထားပါပြီ။ စည်းလုံးမှု၊ ချစ်ခင်မှု၊ ငြိမ်းချမ်းမှု၊ ကျေးဇူးသိတတ်မှုစတဲ့ အချက်တွေအားလုံးကို ပေါင်းစုဂုဏ်ပြုပြီး 'Gift from the Heart' ရင်ထဲကပေးတဲ့ လက်ဆောင်ဆိုတာပေါ်လွင်အောင် ပြင်ဆင်ထားပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
ကမ္ဘာပေါ်မှာ ပထမဆုံး တယောတူရိယာကို အီတလီနိုင်ငံက Cremona မြို့မှာ ၁၆ ရာစုထဲက ဖန်တီးခဲ့တာဖြစ်ပါတယ်။ အဲဒီကတည်းကစလို့ ဒီနေ့အထိ ကမ္ဘာ့လက်ရာ အမြောက်ဆုံး တယော၊ Cello စတဲ့ ကြိုးတပ်တူရိယာတွေကို အဲဒီ Cremona မြို့မှာ လက်နဲ့ ထွင်းလုပ်နေကြပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
အီဂျစ်နိုင်ငံ ဂါဇာကုန်းမြင့်ပေါ်မှာ ဆောက်လုပ်ထားတဲ့ ပိရမစ်တွေကြားမှာ နိုင်ငံတကာ အနုပညာရှင်တချို့ရဲ့ အနုပညာဖန်တီးမှုတွေကို ပြသနေပါတယ်။ နှစ်ပေါင်းထောင်ချီထဲက ရှိနေတဲ့ အံ့မခန်း ပိရမစ်ကြီးတွေကြားက ခေတ်ပြိုင်အနုပညာရှင်တွေရဲ့ လက်ရာတွေ ဖြစ်ပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
ပိုကောင်းတဲ့အနာဂါတ်ကမ္ဘာ ဖန်တီးနိုင်တာတယ်ဆိုတာ အာရပ်စော်ဘွားများပြည်ထောင်စုမှာ ကျင်းပနေတဲ့ ကုန်စည်ပြပွဲမှာ တွေ့ရပါတယ်။ နိုင်ငံပေါင်း ၂၀၀ နီးပါး ပါဝင်တဲ့ Expo 2020 Dubai မှာ နိုင်ငံတခုချင်းစီရဲ့ ရှေ့ပြေးဖန်တီးမှုတွေကို ပြထားပါတယ်။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်