ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးမှာ ပြီးခဲ့တဲ့ စနေနေ့က ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းကနေ ၂ ရက်ဆက် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က Pokemon Go စုပေါင်း ကစား ပွဲတော်၊ ဗြိတိန်နိုင်ငံမှာ ၁၄ နာရီကြာ မြက်ရိတ်စက်မောင်းပြိုင်ပွဲ ကျင်းပခဲ့၊ ဒီလို ထူးခြားဆန်းပြား သတင်းများအစီအစဉ်ကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့တင်ဆက်ထားပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဘက်ကို ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကာမိုင်းမြို့အနီးမှာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ကာမိုင်းနဲ့ ဖားကန့်အကြားမှာ ရှိတဲ့ ကျေးရွာ ၅ ရွာက ပြည်သူတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေကြပါတယ်။
ကျုးဘားနိုင်ငံ ဟာဗားနားမြို့တော်မှာ လူတဦး သူ့ကိုယ်သူ ၁၀ပေါင်တူနဲ့ ထုပြီး သန်မာကြောင်းပြ၊ အီဂျစ်နိုင်ငံကခြေတဘက်ပြတ်အားကစားသမားက တနာရီအတွင်း အကြိမ်အများဆုံး ဘားတန်းခိုကစားပြီး ဂင်းနစ်ကမ္ဘာ့စံချိန်ချိုး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ အစီအစဉ်ကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်က ဧရာဝတီမြစ်ကမ်း တလျှောက်မှာ ဒီကနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ် နဲ့ KIA ၊ PDF ပူးပေါင်း တပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
လက်ပံတောင်းတောင်ဒေသမှာ တရုတ် ဝမ်ပေါင်ကြေးနီ ထုတ်လုပ်ရေးကုမ္ပဏီက လုပ်ငန်းခွင် တဝိုက် ခြံစည်းရိုး တိုးခတ်တာတွေ၊ လက်နက်နဲ့ လုံခြုံရေး ဖြည့်တင်းတာတွေကြောင့် ဒေသခံတွေနဲ့ အခြေအနေ တင်းမာနေချိန်မှာပဲ ကြေးနီသယ်ယူ ပို့ဆောင်မှုတွေကိုလည်း ကုမ္ပဏီက စတင် လုပ်ဆောင် လာပါတယ်။
ဗြိတိန်နိုင်ငံမှာ အဝေးထိန်းဒရုန်းနဲ့ စာပို့တဲ့စနစ် ပထမဦးဆုံး စတင်စမ်းသပ်၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ဆူဒန်နိစ်ရိုးရာ အန်ကလွန်ဝါး တူရိယာပွဲတော်ကျင်းပပြီး ဂင်းနစ်ကမ္ဘာ့စံချိန် ချိုး၊ ဒီလို ထူးခြားဆန်းပြား သတင်းများအစီအစဉ်ကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်က မြဝတီ-ကော့ကရိတ်လမ်းပိုင်း မိုးများပြီး မြေပြို ပျက်စီးခဲ့တာကြောင့် ပိတ်ထားရသလို၊ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တွေကို တခြား နယ်စပ်စခန်းတွေကနေ ပြောင်းလဲ ဝင်ထွက်ခွင့် ပေးသွားမယ်လို့ မြဝတီ ကုန်သွယ်ရေး ဦးစီးဌာနက ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်ဖားကန့်မြို့နယ်က နမ့်မော်နဲ့ ကသိုင်းတောင် တပ်စခန်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIA က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတာကြောင့် အနီးအနား ကျေးရွာက ဒေသခံ ၄၀၀ လောက် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က စစ်ကောင်စီ တပ်စခန်း နှစ်ခုကို ဒီနေ့ မနက်အစောပိုင်းမှာပဲ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က တိုက်ခိုက်ခဲ့ပါတယ်။ KIA ဘက်က ကသိုင်းတောင် စခန်းကို သိမ်းယူခဲ့တဲ့အကြောင်း အတည်ပြု ပြောဆိုပေမဲ့ အခြေအနေ အသေးစိတ်ကိုတော့ ပြောဆိုတာမရှိပါဘူး။
ဂျာမနီတောင်ပိုင်းမှာ နာမည်ကျော်ကာတွန်းဇာတ်ကောင် မစ်ကီမောက်စ်ပုံ နေကြာပန်းခင်းဝင်္ကါဘာ ဖန်တီး၊ ဂျပန်ရထားဘူတာရုံ လက်မှတ်ရောင်းကောင်တာမှာ အလိုအလျောက် စကားပြန်ပေးတဲ့ ဘာသာပြန် ပြတင်းပေါက်တွေရှိ၊ ဒီလို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်ကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲလေးပုံသုံးပုံနီးပါး အနိုင်ရခဲ့ပေမဲ့လည်း ဒီမိုကရေစီလိုလားတဲ့ ညွန့်ပေါင်းအဖွဲ့ဟာ အစိုးရဖွဲ့နိုင်ဖို့ရုန်းကန်နေရဆဲပါ။ရှေးရိုးစွဲကွန်ဆာဗေးတစ်ပါတီတွေကလည်းဖွဲ့စည်းပုံက လုပ်ပိုင်ခွင့်ကို အသုံးချပြီး လိုသလို လုပ်ဆောင်လာကြတဲ့အကြောင်း ကိုငြိမ်းချမ်းက ပြောပြပါမယ်။
လန်ဒန် V&A ပြတိုက်မှာ သမိုင်းဝင်ရုပ်တုတွေဘေး သာမန်လူမည်း ရုပ်တုတွေကို တမင်ယှဉ်ပြ၊ အမေရိကားမှာ လကမ္ဘာအာကာသယာဉ်သုံးတာယာလို လေထိုးစရာမလိုတဲ့ ကားတာယာတွေ ထုတ်လုပ်၊ ဒီလို ကမ္ဘာတလွှားက သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ပေးထားပါတယ်။
အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ပြည်နယ် Seattle မြို့ တရုတ်တန်းက The Danny Woo စိုက်ပျိုးရေးခြံဟာ အာရှနွယ်ဖွား ရွှေ့ပြောင်းအခြေချသူတွေ အတွက်နွေးထွေးတဲ့ အသိုင်းအဝိုင်း မိသားစုလေး တခုဖန်တီးပေးနေပါတယ်။ Natasha Mozgovaya သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
မြန်မာနယ်စပ်က တရုတ်အွန်လိုင်း လောင်းကစားလုပ်ငန်းတွေကို စတင် နှိမ်နင်းလာချိန်မှာ ဒီလိုလုပ်ငန်းတွေကနေ တရားမဝင် ရရှိထားတဲ့ ငွေကြေးတွေဟာ မြန်မာနိုင်ငံက အိမ်ခြံမြေလုပ်ငန်းတွေထဲ အဓိက ဝင်ရောက်လာနိုင်ခြေ ရှိတယ်လို့ တချို့က ထောက်ပြကြပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား စစ်ရေး တင်းမာနေချိန် ကချင်ပြည်နယ် ဝိုင်းမော်ဒေသမှာလည်း အင်္ဂါနေ့က တနေ့တည်းမှာတင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။
ကယ်လီဖိုးနီးယားမှာ ကားပျံစမ်းသပ်ပျံသန်းခွင့် ရ၊ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြည့်ဖို့ ဘရာဇီးလ်မှာ နိုင်ငံဝန်ထမ်းတွေ အလုပ်ကို နှစ်နာရီ နောက်ကျခွင့်ပေး၊ ဒီလို ကမ္ဘာတလွှားက သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ပေးထားပါတယ်။
KIO ဌာနချုပ် လိုင်ဇာဒေသဘက်ကို စစ်ကောင်စီက မြစ်ကြီးနားနဲ့ ဗန်းမော်ကနေ တပ်အင်အားတွေ တိုးမြှင့် ပို့ဆောင်နေပြီး ဝိုင်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ \ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ KIA အကြား တိုက်ပွဲပြင်းထန်နေပါတယ်။
ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာ မြို့နယ်ကြားက ပြည်ထောင်စုလမ်းပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လက်နက်ကိုင် KIA အကြား တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင်လ အတွင်း မူဆယ်ကုန်သွယ်ရေးဇုန် အနီးတဝိုက်မှာလည်း တိုက်ပွဲတွေ ပြန်စိပ်လာတယ်လို့ လူမှုရေး အသင်းအဖွဲ့တွေ၊ ဒေသခံတွေကဗွီအိုအေကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ လတ်တလောရေပန်းစားနေတဲ့ ကနုတ်ပန်း ရေခဲချောင်း၊ စာကြည့်တိုက်အဖြစ် အသွင်ပြောင်းထားတဲ့ အီဂျစ်က အိမ် ဒီလို သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်