ဒေါ်အောင်ဆန်းစုကြည်တရားစွဲခံထားရတဲ့ အမှုတွေထဲက ပုဒ်မ ၅၀၅-ခ အမှုအတွက် နေပြည်တော်တရားရုံးက အမိန့်ချမယ်လို့ မူလသတ်မှတ်ထားတဲ့ရက်မှာ မြစ်ကြီးနားတရားရုံး ပရဝဏ်မှာ အသံမိုင်းတလုံး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးနဲ့ ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ကြား နေ့စဉ်လိုဖြစ်နေတဲ့တိုက်ပွဲတွေ ဒီနေ့ နိုဝင်ဘာ ၂၉ရက်မှာလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့မှာ Lego တုံးတွေနဲ့ တည်ဆောက်ထားတဲ့ တိုယိုတာ လန်ခရူဆာကား ပြသထား၊ လန်ဒန်မြို့တော် Kew ရုက္ခဗေဒဥယျာဉ်မှာ ခရစ္စမတ်ပွဲတော်အတွက် ရောင်စုံ မီးလုံးပေါင်း တသန်းကျော်နဲ့ အလှဆင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
၃ နာရီခွဲလောက် ၁ နေရာ ကနေ စလောင်တယ်။ ပြီးရင် ၆ နာရီခွဲလောက်မှာ နောက်တနေရာ စလောင်တယ်။ ည ၁၁ ခွဲလောက်မှာ နောက်တနေရာ လောင်တယ်။ အကုန်လုံး မနေ့က မီးလောင်တဲ့ အိမ်ခြေက ၄၉ အိမ်ခြေရှိတယ်။ စက်တင်ဘာလကတည်းက အခုချိန်ထိ စစ်ကောင်စီဘက်က ကျဆုံးတဲ့သူရှိတိုင်း အိမ်တွေမီးလောင်တာပေါ့နော်။” (ထန်တလန် CDF)
နိုဝင်ဘာ ၂၃ ရက်နေ့က ကန်ပက်လက်ချင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ စခန်းတခုကို အစိုးရဘက်က မီးရှို့ဖျက်စီးခဲ့ပြီးတဲ့နောက် မနေ့ညနဲ့ ဒီကနေ့မနက်အထိ ကန်ပက်လက်မြို့တွင်းမှာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့သလို အစိုးရ ထွေ/အုပ်ရုံးနဲ့ လူဝင်မှုကြီးကြပ်ရေးရုံးတို့ မီးလောင်ကျွမ်းခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ Spaceflight လှုပ်ရှားမှုကနေ အပိုင်းအစတစ်ချို့ ရခိုင်ပြည်နယ် အတွင်းက ပင်လယ်ပြင်ကို ကျရောက်နိုင်တယ်လို့ သက်ဆိုင်ရာက သတိပေးချက်ထုတ်ပြန်ထားချိန်မှာပဲရခိုင်ပြည်နယ်တောင်ပိုင်းကမ်းလွန် ဘင်္ဂလားပင်လယ်ပြင်ထဲကို အာကာသယာဉ်ကလို့ ယူဆရတဲ့ အပိုင်းအစတချို့ ဒီကနေ့မနက်ပိုင်းက ကျရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဥရောပ နိုင်ငံတော်တော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး စည်းကမ်းတွေ တင်းကျပ်လိုက်တာကြောင့် လူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ကူးစက်မှုတွေ တိုးလာတာကြောင့် တာဝန်ရှိသူတွေက သွားလာခွင့် ကန့်သတ်လာတာပါ။ Arash Arabasadi ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးအခြေအနေ တင်းမာနေပါတယ်။
အစ္စရေးမှာတော့ အပင်ထွက်ပစ္စည်းတွေကို အခြေခံပြုလုပ်တဲ့ အမဲသားတုကို 3D printer နဲ့ ထုတ်လုပ်နေပါတယ်။ ပြင်သစ်က စွန့်စားသူတဦး ကောင်းကင်ပေါ်မှာ မီးပုံးပျံထိပ်ပေါ်တက် မတ်တပ်ရပ်ပြခဲ့ပါတယ်။ ထူးခြားဆန်းပြားအစီအစဉ်ကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘားအံမြို့နယ်ထဲက တိုက်နယ် ဆေးရုံတခုကို နယ်ခြားစောင့် BGF တပ်တွေ ဝင်သိမ်းထားတဲ့အတွက် လူနာတွေ၊ ဆေးရုံဝန်ထမ်းတွေ ထွက်ပြေးနေကြရပါတယ်။
သြစတေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ် မီးသတ်ဌာနက တောမီးကြိုတင်ဟန့်တားရေးအတွက် ဆိတ်တွေ ရဲ့ အကူအညီနဲ့ စမ်းသပ်နေပါတယ်။ ဆိတ်တွေကိုစားကျက်မြေတွေလွှတ်ပြီးအပင်တွေကို စားခိုင်းလိုက်တဲ့ နည်းလမ်းကို တောမီးတားနိုင်တဲ့ နည်းလမ်းတခုအဖြစ် အကြံပြုထားပါတယ် အေပီသတင်းဆောင်းပါးကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်မှာ KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) တပ်ဖွဲ့ဝင်တွေနဲ့ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ မြန်မာစစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်နေကြပါတယ်။
“မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်ညှိုနှိုင်းပေးမှုကြောင့် ရခိုင်ဒေသမှာ တိုက်ပွဲတွေ ငြိမ်သက်နေမလားဆိုတာကတော့ ကံသေကံမ အတိအကျ ပြောဖို့ခက်ပါတယ်။ သူ စေ့စပ် ညှိနိုင်းပေးတာတော့ မှန်ပါတယ်။ .. တိုက်ပွဲတွေ ဆက်ဖြစ်ဖို့ မဖြစ်ဘူးဆိုတာကတော့ မြန်မာစစ်တပ်ပေါ်မှာ အများကြီးမူတည်ပါတယ်။) (AA ပြောခွင့်ရ ခိုင်သုခ)
အမေရိကန် ပြည်ထောင်စု ကိုလိုရာဒို ပြည်နယ် ကိုလိုရာဒို Springs မြို့မှာ ရေဆိုးတွေကို သောက်ရေသန့် ဖြစ်အောင် ပြန်လည် ပြုပြင်ပုံကို ဒေသခံတွေ ရင်းနှီးလက်ခံလာအောင် နယ်လှည့်ပြသနေပါတယ်။ အေပီ သတင်းဆောင်းပါ တပုဒ်ကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
“သက်ဆိုင်ရာအစိုးရဆီတင်ပြဖို့လည်း သူတို့က လုပ်ခိုင်းတဲ့အခါကျ နည်းနည်းခက်နေတယ်။ ဒေသခံတွေက KIO/ KIA ကို တင်ပြပြီးပြီ။ ဗဟိုက မတူးစားနဲ့လို့တော့ ပြောတယ်။ ဒါပေမဲ ဆက်ပြီး တူးစားနေကြတယ်။ အဲဒါ လနဲ့ချီကြာနေပြီ။ ဘယ်ကို အားကိုးရမှန်းလည်းမသိဘူး။ ဒေသခံတွေက ဝိုင်းကန့်ကွက်ကြတာ။ အဲဒါကိုလည်း မရပ်ကြသေးဘူး။” (ဒေသခံ)
ပီရူးနိုင်ငံမှာ ခွေးချစ်တဲ့ မိသားစုတစု မြေခွေးကို ခွေးထင်ပြီး မွေးခဲ့မိတာပါ။ အိန္ဒိယမှာ ယမုံနာမြစ်က ဓာတုစွန့်ပစ်ပစ္စည်းတွေနဲ့ အမြှုပ်ထ ညစ်ညမ်းနေပေမဲ့လည်း ဘာသာရေးအရ ကိုးကွယ် ယုံကြည်သူတွေ အညစ်အကြေးသန့်စင်ဖို့ ရေဆင်းချိုးခဲ့ကြပါတယ်။ ထူးခြားဆန်းပြားအစီအစဉ်ကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်ထဲမှာ သြဂုတ်လကစလို့ အခုအချိန်ထိ ချင်းပြည်နယ်ထဲက ခရစ်ယာန်ဘုရားကျောင်း ၂၂ ခုထက်မနည်း ပျက်စီးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်က ခုလို ပြောပြပါတယ်။
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က Sequoias သစ်ပင်ကြီးတွေဟာ ကမ္ဘာ့အကြီးဆုံး နဲ့ သက်တမ်းအရှည်ဆုံး သစ်ပင်ကြီးတွေ ဖြစ်ပြီးတော့ တောမီးလောင်မှုကြောင့် ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။ သူတို့ကို ကယ်တင်ဖို့အတွက်ပရဟိ အဖွဲ့ တခုက လုပ်ဆောင်နေတဲ့အကြောင်းကိုငြိမ်းချမ်းက တင်ပြပေးပါ့မယ်။
တနှစ်ကျော်ကြာ တိုက်ပွဲတွေ ရပ်တန့်ထားတဲ့ ရခိုင်ပြည်နယ်အတွင်း မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နိုဝင် ဘာလ ၁၁ ရက်နေ့မှာလည်း တိုက်ခိုက်တာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ လိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အကူညီတွေကို ရအောင်ဆောင်ရွက်ပေးဖို့ထက် ဒီလိုကူညီနေတဲ့ အဖွဲ့အစည်းတွေကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးတာ လှူဒါန်းတာနဲ့ အကူအညီတွေကို ဖျက်ဆီးတာအပြင် အရပ်သားပိုင်ဆိုင်တဲ့ ရိက္ခာတွေကိုပါ ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်