“မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်တွေကို ခြုံပြီးတော့ သုံးသပ်ရမယ်ဆိုရင် ကျနော်တို့ရဲ့ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်တယ်ဗျာ၊ ဘာကြောင့်လဲဆိုတော့ တခုခုဖြစ်လာလို့ရှိရင် ဗမာစစ်တပ်ကို အဆိုးမဆိုနဲ့ ဆိုတဲ့ စကားကို ကျနော်တို့တွေ့တယ်။” (ခိုင်သုခ- အေအေပြောခွင့်ရ)
“တမြို့နဲ့ တမြို့နဲ့ ကားလမ်းခရီးတွေ၊ ရေလမ်းခရီးတွေနဲ့သွားပြီး စီးပွားရေးတွေလုပ်နေတာ ဟိုနားမှာတိုက်ပွဲ၊ ဒီနားမှာ တိုက်ပွဲ ဖြစ်နေရင် ကိုယ့်ရဲ့အသက်အန္တရာယ်တွေလည်း စိုးရိမ်ရသလို စားဝတ်နေရေးတွေ လည်းပိုခက်ခဲလာမယ်။ ဒါကြောင့်မလို့ တိုက်ပွဲ ဖြစ်မှာကို ကြောက်တယ်။” (ဒေါ်ညိုမီထွန်း-မြောက်ဦးမြို့သူ)
“ပြီးခဲ့တဲ့ မေလ ၁၂ နေ့ကစပေါ့နော်၊ ဆောင်နန်းခဲဆိုတဲ့ ရွာနားဘေးစပြီး တိုက်ပွဲဖြစ်တာ။ ၁၈ ရက်နေ့ ဒီရက်အထိပဲပေါ့နော်၊ ဆောင်နန်းခဲရွာထိစတဲ့ ၁၈ ရက်နေ့ ဒီကနေ့အထိပေါ့ ဆီမီးလော့ ရွာမှာလည်း တိုက်ပွဲဖြစ်တုန်းပဲ။ အခုလည်း ဖြစ်တုန်းပဲပေါ့နော်။ လက်နက်ကြီးရော၊ လက်နက်ငယ်ရော အသံကြားနေရတယ်ပေါ့။ (ဆီမီးလော့ရွာသား)
“မီးရှို့ခံရတဲ့ နေစရာမရှိတော့တဲ့ မိသားစုတွေတော့ အိမ်မပြန်ရဲကြသေးဘူး။ သူတို့ တောထဲမှာပဲ နေနေတယ်။ ပါရ်သဲနဲ့ ဇောင်လဲရွာပေါ့လေ။ ဇောင်လဲမှာကျတော့ (၄၀၀) ပေါ့။ ပါရ်သဲကျတော့တချို့က ပြန်နေကြတယ်။ ဆိုတော့ လောလောဆယ်တော့ (၈၀၀) ဝန်းကျင်လောက်ပေါ့။ တောထဲမှာရှိနေတာ။’’(စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူ)
“မနေ့က ၉ နာရီခွဲလောက်ကလေ၊ မိုင်းကွဲလို့။ ကျနော့်အဖေက တောမှာ သစ်ခုတ်နေတာလေ၊ ကျနော့်အဖေရဲ့ အလုပ်သမားလေးက ကျနော်တို့ကို ဖုန်းဆက် တာပေါ့။ ဒီကလူတွေ လိုက်သွားကြတော့ ခရီးကဝေးတော့လေ၊ တောင်ပေါ်မှာ ဖြစ်တာ။ အဲဒါ တောင်အောက်ကို ထမ်းပြီးချလာတာ လမ်းတဝက်လောက်မှာ သေသွားတယ်။” (သားဖြစ်သူ)
အရေးပေါ်ကယ်ဆယ်ရေး ရှေးဦးသူနာပြုတွေ လိုရာခရီး ပျံသန်းသွားဖို့ မိုးပျံဝတ်စုံကို ဗြိတိန်မှာ စမ်းသပ်၊ နီပေါက တောင်တက်သမား ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ် တက်ကြိမ် စံချိန်တင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“ကျနော်တို့ မွတ်ဆလင်တွေကို နိုင်ငံသားကဒ်မပေးဘူး။ နိုင်ငံသားကဒ်မရှိဘူးဆိုတော့ ကျောင်းတက် ခွင့်မရှိဘူးလား၊ အစီအစဉ်ဘယ်လိုမျိုးရှိလဲ၊ အခု ၂၀၂၀အောင်တဲ့ သူတွေပဲ ကျောင်းဝင်ခွင့်ရတာ ဆိုတော့ ၂၀၁၂ ကနေ ၂၀၁၉ အထိ အောင်တဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ဘယ်လိုမျိုးတွေရှိလဲ။” (ရိုဟင်ဂျာကျောင်းသားတဦး)
ကပ်ရောဂါကြောင့် ၂ နှစ်လောက်ရပ်နားခဲ့တဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီမှုနဲ့ မြန်မာဘက်က MoU လုပ်သားတွေကို မြဝတီ- မဲဆောက်နယ်စပ်ကနေ ဒီနေ့ မေလ ၁၀ ရက်မှာ ပထမဆုံးအကြိမ် စပြီးစေလွှတ် လိုက်ပြီး နောက်ထပ်လည်း ထိုင်းနိုင်ငံရဲ့ကိုဗစ်စည်းကမ်းတွေနဲ့အညီ စေလွှတ်ပေးဖို့ရှိနေပါတယ်။
“အခုလက်ရှိမှာ မီးလောင်သွားတာဆိုတော့ သူတို့မှာက ပစ္စည်းတွေလည်း ဘာမှမရလိုက်ဘူး၊ တော်တော်စိတ်ပူနေကြတယ်။ နေစရာကလည်းမရှိ စားစရာကလည်းမရှိ၊ စားဝတ်နေရေးလည်း တော်တော်အခက်အခဲဖြစ်နေတယ်။ နေအိမ်ကတော့ ၂၆၂ အိမ်ပါသွားတယ်။”(စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ နာယကဆရာတော်)
Star Wars ကြယ်တာရာစစ်ပွဲထဲ ရောက်သွားတဲ့ ထိုင်ဝမ်၊ သတ်မှတ်ချိန်အတွင်း စာအပြီးရေးရမယ့်သူများကို စာရေးဖို့ တွန်းအားပေးတဲ့ ဂျပန်ကော်ဖီဆိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“ပဒကားချောင်းဖက်မှာ လက်နဲ့တူးပြီးတော့မှ အမျိုးသမီးတွေသွားပြီးခပ်နေကြတယ်၊ အချိန်လည်း ကြာတယ်။ ရေလည်း မသန့်ရှင်းပါဘူး၊ တခြား သုံးရေလည်း ရှားတာပါပဲ။ နိုင်ငံတော်က တူးပေးထားတဲ့ အုပ်ရေတွင်း ခြောက်တွင်းရှိတယ်ဗျာ၊ အဲဒီတွင်းတွေလည်း အကုန်ခန်းသွားတာပဲ ရေကြာကြာမခံဘူး။” (ဦးမောင်မောင်လှ-ခုံးတိုင်အုပ်ချုပ်ရေးမှူး)
“တော်လှန်ရေး တနှစ်ပြည့်ချိန်မှာ PDF တွေရဲ့ စုဖွဲ့မှုအားကတော့ တော်တော်လေးကောင်းတယ်၊ စည်းစနစ်တကျရှိတယ် လူထုနဲ့လည်း မြေပေါ်လမ်းစဉ်၊ သပိတ်လမ်းစဉ်တွေနဲ့လည်း ဟန်ချက်ညီညီ ပေါ်ထွက်လာခဲ့တယ်။ ကာကွယ်ရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုလည်း စနစ်တကျကို လိုက်နာတယ်။ (မုံရွာ PDF ရဲ့ ခေါင်းဆောင်တဦး)
ပြီးခဲ့တဲ့ နှစ်အမေရိကန်မှာ အစ္စလာမ်မုန်းတီးမှု နဲ့ မူဆလင်တွေ အပေါ် အမုန်း နဲ့ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ ထိုးတက်သွားတယ်လို့ အမေရိကန် အစ္စလာမ် ဆက်ဆံရေးကောင်စီအဖွဲ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ တင်းမာမှုတွေ လျော့ကျစေဖို့ ဗားဂျီးနီးယား Sikh အသိုင်းအဝိုင်းကြား Eid ပွဲဆင်နွှဲကြတာကို ကိုငြိမ်းချမ်း ပြောပြမှာပါ
“မြေမြှုပ်မိုင်းရဲ့ ဆိုးကျိုးက တဘက်ရန်သူတင်မကဘဲနဲ့ စားဝတ်နေရေးအတွက် တောင်ယာသွား၊ ဥယျာဉ်ခြံလုပ်နေသူတွေအတွက်ပါ တော်တော်လေး ထိခိုက်နစ်နာမှု ရှိပါတယ်ပေါ့လေ။ တော်တော်များများ အပြစ်မဲ့တဲ့ပြည်သူတွေဟာ မြေမြှုပ်မိုင်းဒဏ်ကြောင့် အသက်ပေးသွားကြတာ တော်တော်လေး ကျနော်တို့ တွေ့ရပါတယ်။" (ချင်းအရပ်ဘက်အဖွဲ့ဝင်တဦး)
“..ဖမ်းဆီးခံရတာတွေ၊ အသက်ရှုံးတာတွေ၊ ပိတ်သိမ်းခံရတဲ့ သတင်းဌာနတွေ ရှိမယ်၊ သတင်းအရည်အသွေးကို ကြည့်ရင်လည်း အားလုံး အကျဖက်ကို ဦးတည်နေတယ်။ ကျလည်းကျနေဆဲပေါ့နော်၊ ဆိုတော့ သတင်းလွတ်လပ်ခွင့်အတွက်ရော၊ သတင်းရယူနေတဲ့သူတွေ အများပြည်သူတွေအတွက် အားလုံးကမကောင်းတဲ့ အကျိုးဆက်တွေပဲပေါ့နော်၊” (ဦးမြင့်ကျော် - သတင်းစာဆရာ)
ချင်းပြည်နယ် မင်းတပ်-မတူပီလမ်းဘက်မှာ ဒီမေလ (၂) ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီယာဉ်တန်းနဲ့ မင်းတပ်ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး မင်းတပ် CDF ဘက်က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ် CDF ပြောခွင့်ရကပြောပါတယ်။
ဘရားဇီးနိုင်ငံ တောင်ပိုင်း Brusque မြို့က အမျိုးသားတယောက်ဟာ ကုမ္ပဏီ တခုမှာ ၈၄ နှစ်ကြာ အလုပ်လုပ်နေပြီး ဂင်းနစ် ကမ္ဘာမှတ်တမ်းစံချိန်ကို ချိုး၊ ဂျပန်သွားဆရာဝန်တွေ လေ့ကျင့်ဖို့ ကလေး စက်ရုပ် တမျိုးကို တီထွင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ တာချီလိတ်- မယ်ဆိုင် အမှတ်(၁) တံတားကို ထိုင်းဘက်က ၂ နှစ်လောက် ပိတ်ထားတဲ့အတွက် ကူးသန်းရောင်းဝယ်ရေး အပါအဝင် အလုပ်အကိုင် အခွင့်အလမ်းတွေပါ မြန်မာဘက်က ထိခိုက်နေတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်
“တံတားကျိုးသွားတာ။ (၁၅) ယောက်ယောက်ကတော့ အနည်းဆုံးပဲဗျ။ သေဆုံးအတည်ပြုသွားတာ ကျနော့်ဆီကိုဆက်သွယ်လာတာက (၆) ယောက် လောက်ပဲ ရှိသေး တယ်။ တော်တော်များများရေထဲမှာပဲ ရှိသေးတယ်။ အကုန်လုံးဆယ်ယူလို့မရတာ ရှိသေးတယ်။” (ကိုဇင်မင်းမောင်-စစ်ရှောင်တွေကို ကူညီနေသူ)
“နတ်ချောင်းက ဒီတကြိမ် အိမ်ခြေနည်းတယ်။ ချောင်းခွကတော့အိမ်ခြေပိုများတယ်ဗျ။ ၃၀ လောက်ပါမယ်လို့ ပြောတယ်ဗျ။ ချောင်းခွရွာက။ နတ်ချောင်းက (၈) အိမ်လောက် ထပ်ပါသွားတယ်။ အခုထိ တိုက်ပွဲဖြစ်နေဆဲမို့လို့ မီးရှို့ခံရတဲ့အိမ်တွေဆီ မသွားနိုင်သေးဘူးပေါ့ဗျာ။” (ဒေသခံရွာသား)
နောက်ထပ်ကြည့်ရှုရန်