“AA ဆီ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေ အရေအတွက်အားဖြင့် ရာနဲ့ချီပြီးတော့ ရှိပါတယ်။ အဲဒီလူတွေကို ကျနော်တို့က တတ်နိုင်သမျှ လူသားစာနာမှုအပြည့်နဲ့ ကူညီပေးနေတာရှိပါတယ်။ ကျနော်တို့ဆီ ကို ရောက်လာတယ်ဆိုရင် အတတ်နိုင်ဆုံး အကောင်းဆုံး ကူညီတာတွေ၊ နေရာချပေးတာတွေ လုပ်ဆောင်ပေးနေပါတယ်။ (ခိုင်သုခ- AA ပြောခွင့်ရ)
“ပလက်ဝဒေသခံ နှစ်ယောက်လောက် အဖမ်းခံထားရတယ်။ ရာအိမ် မှူးတယောက်နဲ့ အရပ်သားတယောက်ပေါ့နော်၊ လက်ရှိအခြေအနေကလည်း နေ့တိုင်း ဧည့်စာရင်းတွေ ဘာတွေစစ်တယ်၊ ရဲတွေလည်း၊ စစ်သားတွေလည်း သွားနေတော့ ကျနော်တို့ မြို့ခံတွေက ကြောက်နေရတာပေါ့၊ ဘယ်သူအဖမ်းခံရမလဲ၊ နေ့တိုင်း အဲဒီစိတ်နဲ့ ကြောက်လန့်နေရတာပေါ့။” (ပလက်ဝဒေသခံ)
အိန္ဒိယနိုင်ငံမှာ ၄၆ မိုင် အရှည် အဝေးပြေးလမ်းမကြီးကို ၅ ရက်အတွင်း အပြီးခင်းလို့ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စံချိန်ဝင်၊ နှလုံးရုတ်တရက်ရပ်လို့ ဖြစ်တဲ့ ဒဏ်ရာတွေအတွက် အထူးလိမ်းဆေး ယူကေသုတေသီတွေ စမ်းသပ်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေး CDF အဖွဲ့တို့ကြား မနေ့ကရော ဒီနေ့ဇွန်လ (၁၀) ရက်နေ့မှာပါ တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲအတွင်း ရွာသားတချို့အဖမ်းဆီးခံနေရသလို ထန်တလန်မြို့အတွင်းမှာလည်း သက်တမ်းအရင့်ဆုံး နှစ်ခြင်းဘုရားကျောင်းကြီး မီးရှို့ ဖျက်ဆီးခံရပါတယ်။
“ဘယ်လိုလုပ်လက်ခံလို့ရမလဲ။ သူက ပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်နေတဲ့ဥစ္စာကို။ သူတို့အလိုကိုမလိုက်၊ မထောက်ခံ ဘူးဆိုတဲ့သဘောမျိုးနဲ့ ဆန့်ကျင်တဲ့သဘောမျိုးနဲ့ရှုမြင်သွားတာ။ အဲဒါ လွဲတာပေါ့။ ကိုယ့်ကိုသူသတ်၊ သူ့ကိုကိုယ်သတ်- အဲဒီလို လက်စားချေကြတာမျိုးပါ။ ဒါကလည်း အကြမ်းဖက်တာတမျိုးပေါ့။’’ (မော်လမြိုင်မြို့ခံ)
“ရုရှားနိုင်ငံကယူဖို့အတွက်လည်း ယခင်ကတည်းက ကျနော်တို့ ဆောင်ရွက်ခဲ့တာမရှိတဲ့အတွက် အခုအချိန်မှာ အသစ်လုပ်ငန်းဆောင်ရွက်ရတာဖြစ်တယ်။ အခုတော့ ဒီလအတွင်းမှာ ဝယ်ယူနိုင်အောင် ဆောင်ရွက်နေတဲ့အခါမှာ ရာခိုင်နှုန်းတော်တော်များများတော့ ကျနော်တို့ အောင်မြင်ပြီးဖြစ်တယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း-စစ်ကောင်စီပြောခွင့်ရ)
“မီးလောင်နေတာကို ကိုယ်က ဘာမှမလုပ်နိုင်ခဲ့ဘူး။ ထိုင်ပြီးငေးကြည့်နေခဲ့ရတာ။ အဲ့လိုအချိန်ကို အခုထိ သတိရသေးတယ်။ ကိုယ်က မြင်သာမြင်ရတာ ဘာမှ မလုပ်နိုင်ခဲ့ဘူးပေါ့။ အခုထက်ထိ မမေ့သေးဘူး။ ကိုယ်ပြေးခဲ့ရတာတွေကအစ ရွာထဲကနေ သေနတ်ပစ် သေနတ်တွေပစ်နေတဲ့ ကြားထဲက ပြေးခဲ့ရတာတွေကအစ အကုန်မှတ်မိနေသေးတယ်။” (မဖြိုးလေး-ကင်းမသူ)
ဗီယက်နမ်တောင်ပေါ်က ကမ္ဘာ့အရှည်ဆုံး မှန်သားအောက်ခံကြမ်းပြင်နဲ့ တံတားဖွင့်လှစ်၊ ကမ္ဘာ့အသက်အကြီးဆုံးလူသား ဗင်နီဇွဲလားက အသက် ၁၁၃ နှစ် ဘိုးဘိုး ကမ္ဘာ့ဂင်းနစ်စံချိန်တင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“ဖားကန့်သမိုင်း အဆက်ဆက်မှာတော့ လူတဦးတယောက် လုပ်ကြံခံရတယ်ဆို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မပြောနိုင်ဘူး။ ဒီမှာ လက်နက်ကိုင်တွေက ၃ ဖွဲ့၊ ၄ ဖွဲ့လောက် ရှိတယ်ဆိုတော့ ဘယ်တဖွဲ့လုပ်တယ်ဆိုတာ မသိဘူး။ တရားခံလည်း ဘယ်တော့မှ မပေါ်တဲ့ ဒေသဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့လည်း မပြောနိုင်ဘူး။” (ဖားကန့်မြို့ခံ)
“နတ်ချောင်းဘက် တိုက်ပွဲထိတွေ့မှုဖြစ်ချိန်မှာ စစ်ကောင်စီဘက်က ရမ်းသန်းပြီး ပစ်တဲ့အချိန်မှာ နတ်မြောင်းရဲ့ဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ကျည်မှန်သွားတာဗျ။ (၅) ယောက်ထိသွားတယ် ဗျ။ (၅) နှစ်အရွယ်လောက်ပေါ့ ကလေးငယ်တဦးက လည်ပင်းကို လက်နက်ကြီးမှန်ပြီး သွေးတွေအန်တာပေါ့နော်။” (ဒုက္ခသည်တွေကို ကူညီနေသူ)
အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Uvalde မြို့ကို သမ္မတ Joe Biden နဲ့ သမ္မတကတော်တို့ မနေ့က သွားရောက်ပြီး အားပေးနှစ်သိမ့် စကားပြောကြားပါတယ်။ Texas ဒေသခံတွေအကြားမှာတော့ အကြမ်းဖက်မှုတွေ နောက်နောင်မဖြစ်အောင် ဘယ်လို ဟန့်တားမလဲဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။ ကိုငြိမ်းချမ်း ပြောပြပါလိမ့်မယ်။
“ဒီနေ့ကတော့ ကျနော်တို့တပ်ချုပ်ကြီးနဲ့ တွေ့ဆုံမှုတွေလုပ်ခဲ့တာပေါ့နော်။ ထုတ်ပြန်ချက်ကတော့ မနက်ဖြန်လောက်မှ ထုတ်ပြန်မယ်နော်။ ကျနော်တို့ရဲ့ တင်ပြပြောဆိုချက်တွေပေါ့နော်။ အသေးစိတ်ကတော့ မနက်ဖြန်မှပဲ ထွက်လာမယ်လေ နော်။” (ဦးညီရမ်း- UWSP လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ)
ကမ္ဘာ့အမြင်ဆုံး ဧဝရက်တောင်ရှိတဲ့ နီပေါမှာနေတဲ့ ကမ္ဘာ့အပုဆုံး အမျိုးသား၊ ပြင်သစ်နိုင်ငံမှာ တမိုင်ကျော်အရှည် ကြိုးတန်းလမ်းလျှောက်သူ ကမ္ဘာ့စံချိန်သစ်တင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“ ၉ နာရီနည်းနည်းကျော်ကျော်လောက်က ဖြစ်တယ်။ တနာရီကျော်ကျော်လောက်တော့ ကြာတယ်။ ဖားကန့်နေလို့ရှိရင် ဒီ အနောက်မြောက်ပေါ့။ ကောင်ဆန်နဘေးမှာ မိုးကားရွာပေါ့။ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ ပြီးရင်နမ့်မှော်ဘက်မှာလည်း သေနတ်သံအနည်းငယ်ကြားတယ်။ အဲဒီစစ်ကြောင်းက အခုချိန်ထိ ရှိနေတုန်း။” (ဒေသခံ)
"မန္တလေးမှာလည်း ဆိုင်ကြီးတွေလောက်ပဲရတာ၊ BOC တို့ Denko တို့လောက်ပဲ၊ Asia Energy တို့ ရွှေဗျိုင်းဖြူတို့။ တချို့ဆိုင်တော်တော်များများက ဆီပြတ်တယ်။ ပုဂ္ဂလိကက ကြားနာမည်နဲ့ ဆိုင်တွေတောင် ဆီပြတ်သေးတာလေ။ ဆီဈေးကတလုံး (တပီပါ) ကို ၅၇၀,၀၀၀၊ ၅၈၀,၀၀၀ အထိ ပေးဝယ်နေရတာပေါ့။”(ကိုပါကြီး-ရန်ကုန်အငှားယာဉ်မောင်းများအသင်း)
“မနေ့က (၂၄) ရက်နေ့မနက်ပိုင်း (၁၁) နာရီလောက်မှာ ရုံးခန်းမှာသွားဖမ်းတာလို့ပြောတယ်။ ကျနော်တို့သိသလောက်ဆိုရင်တော့ CDF တွေကို ထောက်ခံအားပေးတယ်။ လူမှုကွန်ယက်မှာလည်း မဟုတ်မမှန်သတင်းတွေကို ထုတ်လွှင့်ရေးသားတယ်ဆိုတဲ့စွပ်စွဲချက်နဲ့သူတို့ကို ဖမ်းတယ်လို့ သိရတာပေါ့နော်။ (ကိုထောင်ရ်-ချင်းနိုင်ငံရေးလေ့လာသူ)
ကချင်ပြည်နယ် ပူတာအိုဘက်ကိုတက်လာတဲ့ စစ်ကောင်စီရဲ့ထောက်ပို့ယာဉ်တန်းကို တန်ဂျာရွာအနီးမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်တာကြောင့် ကား ၃ စီး ပျက်စီးပြီး ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်သားအချို့ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“တမြို့လုံးကြားတယ်။ မြို့အနားမှာ ဖြစ်တာကို။ အချိန်ကတော့ သိပ်မကြာပါဘူး။ ပစ်တာကတာ့ ၂ နေရာ ၃ နေရာ ပစ်တာ။ တနေရာကို လေးငါးခြောက်ချက်လောက်ပေါ့။ သူက တပ် အတွင်းထဲကတော့ မဟုတ်ဘူး။ တပ်ဧရိယာနားကပေါ့၊ လေယာဉ်ကွင်းရပ်ကွက်မှာ တောင် ကုန်းတွေရှိတယ်။ အဲဒါကို အမြဲတမ်းပဲ တပ်က လုံခြုံရေးယူထားတယ်လေ။” (ဒေသခံ)
အစားအစာ အရသာမြည်းပေးမယ့် စက်ရုပ် ဗြိတိန်မှာ တီထွင်နေ၊ ဟယ်ရီပေါ်တာ ရုပ်ရှင်ကားထဲမှာ ပါတဲ့ ကွတ်ဒစ်ချ် (Quidditch) ကစားနည်း တကယ့်အားကစားနည်း ဖြစ်ဖို့ ကြိုးပမ်း၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်