ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်း တပ်တွေကြား တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းကပါ တိုက်ခိုက်နေပြီး စစ်ကောင်စီကို ကူညီဖို့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) က ဟုမ္မလင်းဘက်နေဆင်းလာနေတာ သောင်ဦးရွာကို ရောက်နေပြီလို့ PDF နဲ့နီးစပ်သူတဦးကပြောပါတယ်။
ပါကစ္စတန်နိုင်ငံက နားရွက်ရှည်ရှည်နဲ့ ဆိတ်ကလေး လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီး လူကြိုက်များနေပါတယ်။ ဂျပန်နိုင်ငံမှာ လှေကားတက်နိုင်ပြီး အကျဉ်းအကျပ်ထဲသွားလာနိုင်တဲ့ မြွေစက်ရုပ်ကို တီထွင်လိုက်ပါတယ်။ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“ဒီ brand တွေနောက် ဆုတ်သွားတယ်- မဟုတ်ဘူးရှင့်။ ပိုပြီးတောင်ဆိုးနေတယ်။ ပုန်းလျှိုးဝှက်လျှိုး လုပ်တဲ့အခါ ကြီးကြီးကျယ်ကျယ်ကြီး အပြင်မှာမပေါ်နေဘူး၊ ညလုံးပေါက် overtime ခေါ်တာ၊ သမဂ္ဂတွေဖြိုခွဲတာတို့၊ သူတို့လုပ်ချင်တာကို လုပ်ဖို့အတွက် စည်းဝါးရိုက်တာတို့...” (သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM ဥက္ကဋ္ဌ)
ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ် အကြိမ်ကြိမ်တက်ရောက်သူ၊ တမိုင်ခွဲကြိုးတန်းလျှောက်ပြီး ကမ္ဘာ့စံချိန်တင်၊ ရှေးဦးသူနာပြု အသက်ကယ်ဖို့ မိုးပျံဝတ်စုံကို 3D printer နဲ့ ထုတ်လုပ်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း ရွာလေးတရွာမှာ ၁၄ ပေကျော်ရှည်တဲ့ မိချောင်းကြီးတကောင်ကို ကြိုးကွင်းစွပ်ဖမ်းမိ၊ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲကျင်းပ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“အဓိကတော့ costal shipping line ပေါ့နော်၊ အဲတာဖြစ်တော့မှ ဘင်္ဂလားဒေရှ့်ရဲ့ အတွင်းပိုင်းလောက်အထိ ကျနော်တို့ ကုန်သွယ်မှုရနိုင်မယ့် အနေအထားပါ။ အခုကတော့ ကျနော်တို့ နယ်စပ်လောက်မှာပဲ ရပ်ရတဲ့အတွက် အဲဒီကို တဆင့်ကနေ တဆင့်သယ်ရတဲ့ အခါကျတော့ သူတို့မှာလည်း ကုန်ကျစရိတ်တွေများတယ်။ ” (ဦးတင်အောင်ဦး-လုပ်ငန်းရှင်)
“တစ် အချက်က လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်တဲ့အမြင်ပေါ့ဗျာ။ နောက်- လက်ရှိအနောက်နိုင်ငံများရဲ့ SAC အပေါ်မှာ ချဉ်းကပ်ပုံနဲ့ သူတို့ရဲ့ရည်မှန်းချက် အပေါ်မှာ ကျနော်တို့ သုံးသပ်ချက်ပေ့ါ။ တတိယအချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ကဏ္ဍပေါ့။ ...” (ဒေါက်တာအေးမောင်-ရခိုင့်ဦးဆောင်ပါတီ AFP)
မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonnရဲ့ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဇူလိုင်လ ၁ ရက်နေ့ နေပြည်တော် မှာ တွေ့ဆုံဖို့ ရှိပါတယ်။
"အဖွဲ့ပေါင်းစုံကတိုက်ခိုက်တာ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရိုးခံသက်သက်ပါဆိုရင် ဘာမှစစ်တပ်နဲ့ရဲကို လုံခြုံရေးယူခိုင်းစရာ အကြောင်းမရှိပါဘူး။ လုံခြုံရေးကုမ္ပဏီတွေရှိတယ် ငှားပါ၊ ကျနော်တို့က စစ်တပ်နဲ့ရဲကလွဲပြီးတော့ ကျန်တဲ့ဟာတွေကို ကျနော်တို့စိတ်မဝင်စားဘူး။"(ဗိုလ်စစ်နိုင်- ဆားလင်းကြီး PDF)
“သူတို့တွေက ဒီ ရှမ်းနီနဲ့ စစ်ကောင်စီပေါင်းပြီးမှ စစ်ကြောင်း ထိုးနေတာပေါ့နော။ ဒေသခံကာကွယ်ရေး တပ်တွေနဲ့ ထိတွေ့မှုတွေ ဖြစ်နေတာပေါ့။ ဗန်းမောက်မြို့နယ်ထဲမှာ ဖြစ်နေတာအခုက။ အင်းတော်နဲ့ ဗန်းမောက်အစပ်ပေ့ါ။ ဒီနေ့လည်း လက်နက်ကြီးနဲ့ ထုတာ သူတို့က သောင်ကြီးရွာသားတယောက်တော့ သေသွားတယ်။“ (ဒေသခံရွာသား)
မက္ကဆီကိုမှာ လူပေါင်းသောင်းကျော်တက်တဲ့ လက်ဝှေ့သင်တန်း ကမ္ဘာ့ဂင်းနစ်စံချိန်ချိုး၊ သြစတြေးလျမှာတော့ သိပ်ရိုင်းတဲ့ ဘာဂါဆိုင် လူကြိုက်များ၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
“တဘက်နဲ့တဘက် ဖမ်းတဲ့နေရာမှာ သက်ဆိုင်သူတွေကို ဖမ်းတာကောင်းပါတယ်၊ ပြည်သူတွေကိုတော့ အဲလို အစုလိုက် အပြုံလိုက်ဖမ်းပြီးတော့ ခြိမ်းခြောက်တဲ့ အနေနဲ့ အကြပ်ကိုင်တဲ့အနေနဲ့ ULA AA မလုပ်ရဲအောင် ပြည်သူကို ဓားစာခံထားတယ်ဆိုတာကတော့ မလုပ်သင့်ဘူးလို့မြင်ပါတယ်။” (ဦးဖေသန်း- မြေပုံ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြန်ပေးဆွဲခံထားရတဲ့ ပညာရေးဝန်ထမ်းနှစ် ဦးကို ဒီကနေ့ ဇွန်လ ၂၃ ရက် မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာခရိုင်၊ ခြံချောင်းကျေးရွာအနီးမှာ ပြန်လွှတ်ပေးလိုက်ပေမယ့် စစ်ဆေးမေးမြန်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆက်လက် ခေါ်ယူထားပါတယ်။
“ဒီနေ့လည်း ပိုက်ဆံလွှဲပေးဖို့ ပြောနေတယ်၊ မိသားစုဝင်တွေကလည်း ပိုက်ဆံလွှဲပေးဖို့ လုပ်နေတယ်။ ပိုက်ဆံကတော့ ရှာကြံပြီးတော့ မိသားစုဝင်တွေကလည်း ပါမယ်။ ပညာရေးကလည်းပါမယ်၊ နောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ယာယီခဏချေးပြီးတော့မှ အဲလိုမျိုးတွေတော့ ပြောတယ်။” (ဦးဘထွီးစိန်-ရခိုင်ပြည်နယ်ပညာရေးမှူး)
ချီလီနိုင်ငံသူ ထိစပ်နေရာမှာ အမြန်ဆုံးရေကူးနိုင်သူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်၊ အိန္ဒိယက အမျိုးသမီး မိမိကိုယ်ကို မင်္ဂလာပြန်ဆောင်တာ ဘာ့ကြောင့်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ ငါးနိုင်ငံက အကြပ်အတည်းတွေကြောင့် ပေါ်လာတဲ့ ဒုက္ခသည်တွေရဲ့ အရေအတွက်ဟာ ကမ္ဘာ့တဝှမ်း ဒုက္ခသည် စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ ကိုငြိမ်းချမ်း ပြောပြပါလိမ့်မယ်။
ကိုဗစ်ကြောင့်ဖြစ်လာတဲ့ လုပ်သားပြတ်လပ်မှုကို ဖြည့်ဆည်းသွားဖို့အတွက် မြန်မာအပါအဝင် နိုင်ငံသုံးခုက MoU လုပ်သား ၇၀,၀၀၀ ကျော်ကို အခုနှစ်ထဲမှာ ခေါ်ယူသွားမယ်လို့ ကိုရီးယားအစိုးရက ပြောပါတယ်။
“သူတို့ဟာ တရားမဝင် အာဏာသိမ်းထားတဲ့အတွက် တရားမဝင်တဲ့သူတွေဖြစ်တဲ့အတွက် တရားမဝင်တဲ့အဖွဲ့အစည်းနဲ့ စကားပြောဖို့ဆိုတာ အရမ်းခက်သွားပြီလေ။ သူတို့နိုင်ငံရေးက မထွက်ဘဲ ကျနောတို့ သွားစကားပြောရင် ၂၀၀၈ ထဲမှာ ပြန်ဝင်နေရမယ်ဆိုတော့ ကျနော်တို့လည်း မလုပ်နိုင်တော့ဘူးဗျ။” (ဖဒိုစောတောနီး- KNU ပြောခွင့်ရ)
အမေရိကန်မှာ သေနတ်ကိုင်ဆောင်ခွင့် ဘေးကင်းလုံခြုံဖို့ ရီပတ်ဗလစ်ကန်နဲ့ ဒီမိုကရက် ပါတီနှစ်ရပ်အကြား အခြေခံမူဘောင် သဘောတူညီချက် ထွက်လာပြီး ဥပဒေ အဖြစ် ပြဌာန်းနိုင်အောင် အမြန်ဆုံးဆောင်ရွက်သွားမယ့်အကြောင်းအထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် Chuck Schumer ကပြောပါတယ်။ ကိုငြိမ်းချမ်း ဆက်ပြီး ပြောပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်