"MoU နဲ့ကမ်းလှမ်းစာတွေကတော့ နည်းလာတယ်။ ဟိုမှာ CI တို့ ဘတ်တို့ ရိုက်ပေးနေတာတွေကလည်း သက်တမ်းတွေ တိုးထားတယ်။ မြန်မာပြည်ထဲကို နှစ်ပြည့်လို့ ပြန်ဝင်လာရမယ့်သူတချို့ကလည်း ပြန်မဝင်တဲ့အခါကြတော့ အောက်လမ်းကနေ သွားထားတဲ့၊ တရားမဝင်သွားထားတဲ့ သူတွေကလည်း ရှိနေတယ်။” (မန်နေဂျင်းဒါရိုက်တာ-ပွင့်ဖူးအောင်ကုမ္ပဏီ)
၁၉၇၃ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ပီကာဆိုရဲ့ လက်ရာတွေထဲမှာ Gunerciaလို့ ခေါ်တဲ့စစ်ဆန့်ကျင်ရေး ပန်းချီကားဟာ စစ်ရဲ့ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှုတွေကို ပုံဖော်ထားတဲ့ ဂန္တဝင်လက်ရာတခုဖြစ်ပါတယ်။ ကိုငြိမ်းချမ်းက တင်ပြပေးပါ့မယ်။
“ ရွေးကောက်ပွဲမှာပါဝင်ပြီးမှ ထောက်ခံတဲ့သူတွေအားလုံးကတော့ စစ်တပ်ကို ထောက်ခံတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဆိုတော့ ဒီ စစ်တပ်ကတော့ မြန်မာနိုင်ငံပြည်သူလူထုတရပ်လုံးရဲ့ ရန်သူဖြစ်ပါတယ်။ အဲဒီရန်သူကို ထောက်ခံတဲ့သဘောဖြစ်ပါတယ်။ အဲဒါကြောင့် မထောက်ခံဖို့ပေါ့နော်။”(KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ)
၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံအသီးသီးဟာအားလပ်ရက် ပွဲတော်တွေကို ကိုဗစ်ရောဂါ ကန့်သတ်ချက်တွေ မထားပဲကျင်းပတာ ပထမဦးဆုံးနှစ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာလည်း Zero Covid မူဝါဒကို စတင်ဖြေလျှော့ပေးပြီး အသက်ကြီးတဲ့ သူတွေကို ကိုဗစ်ကာကွယ်ဆေး တွေကို အာရုံစိုက်ထိုးပေးနေပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
“အခုဒုက္ခသည်တွေက လောလောဆယ် မြစ်ဘေးမှာ။ စစ်ရေးတင်းမာမှုတွေ၊ မြစ်ကြောင်းအခြေအနေတွေက ရှိတော့ ဟိုဘက်ကမ်း ဒီဘက်ကမ်းမှာ စစ်ဘေးပြေးနေရတဲ့အနေအထားလေးတွေ ရှိနေပါတယ်။ ခန့်မှန်းကတော့ ၁ သောင်းဝန်းကျင်မှာ ရှိပါတယ်။ စစ်ဘေးရှောင်နေရတာ ရက်အနေအထားက ၁၀ ရက်လောက်ရှိပါပြီ။” (စစ်ဘေးရှောင်ကူညီနေသူ)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ပြီးခဲ့တဲ့ ခရစ်စမတ်နေ့ဒီဇင်ဘာ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်ဘက်ကလာတဲ့ ရိုဟင်ဂျာအယောက် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
စစ်ရေးပဋိ့ပက္ခတွေပြင်းထန်နေတဲ့ ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ပြင်ဆင်စာရင်းပြုစုနေချိန်မှာ အဲဒီဒေသတွေမှာ ရွေးကောက်ပွဲလုပ်လာရင် လက်မခံဘူးလို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အခုဆက်ပြီး ကမ္ဘာတလွှားက ၂၀၂၂ ခုနှစ်အတွင်း ထူးခြား ဆန်းပြားတဲ့သတင်းလေးတွေကို စုစည်းပြီးတော့ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်။
လန်ဒန်ဗိသုကာပြတိုက်မှာ ခရစ္စမတ်ပွဲတော် ဂျင်းနံသင်းပေါင်မုန့်မြို့တော်ကြီးတွေကို တည်ဆောက်ပြထား၊ ချီကာဂိုမြို့မှာ သခင်အဝေးသွားခိုက် ယုန်လေးတွေအတွက် ဇိမ်ခံ ယုန်စပါးနဲ့ ယုန်ဟိုတယ် ဖွင့်လှစ်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
“အခု လူစားထိုးစနစ် မလုပ်တော့ဘဲ့ တိုက်ရိုက်ဝင်လို့ရတဲ့ဟာကို လုပ်လိုက်တာ ပထမဦးဆုံးပဲ။ မူဆယ်လမ်းကြောင်းတက်ရင် ကားတစီးကို တလမှတခေါက်ပဲရတယ်။ အတွင်းထဲ (တရုတ်ထဲ) ဝင်ရင် ကားဘယ်ရောက်လို့ ရောက်မှန်းမသိ၊ ကျနော်တို့မှာ ရင်တမမနဲ့။ ဟိုထဲပါသွားပြီဆိုရင် ကားကစုတ်ပြတ်သတ်ပြီး ပြန်လာတာ။” (မူဆယ်လုပ်ငန်းရှင်)
အမေရိကန် ပြည်ထောင်စုနဲ့ အာဖရိက နိုင်ငံများ ညီလာခံ ကို ဝါရှင်တန်မြို့တော်မှာ အင်္ဂါနေ့ မှာ စတင်ကျင်းပပါတယ်။ရာသီဥတုအရေး စွမ်းအင်၊ငြိမ်းချမ်းရေး၊လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပိုင်းတွေ အပါအဝင်အာဖရိက လူငယ်တွေအရေး နဲ့ ရွှေ့ပြောင်းအခြေချ သူတွေရဲ့ အခန်းကဏ္ဌကို ဆွေးနွေးခဲ့ကြပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
“တထောင်ကျော်နေပြီရှင့်။ နမ့်ဆန် ဇယန်းကြီးကျောင်းမှာရှင့်။ ဒါက Camp တခုတည်းပေါ့နော်။ တခြား Camp တွေလည်း ရှိသေးတယ်။ နောက်ထပ် Camp တခုက ၂၀၀ ကျော်ကျော်တော့ ရှိမယ်။ တောထဲမှာ အခြေချနေတာ သူတို့က။ အခုတိုက်ပွဲဖြစ်တဲ့နေရာကလည်း မိုးမိတ်နဲ့ နမ့်ဆန်ရဲ့ နယ်နမိတ် ဖြစ်နေတယ်ပေါ့နော်။” (နမ့်ဆန်စစ်ဘေးရှောင်ကူညီနေသူ)
ဂျပန်နိုင်ငံမှာ မိလ္လာပိုက်တွေပြုပြင် ထိန်းသိမ်းဖို့အတွက် SPD1 လို့ နာမည်ပေးထားတဲ့ ပင့်ကူစက်ရုပ်တွေ တီထွင်၊ ဂျာမနီမှာတော့ ခရစ္စမတ်စင်တာဘိုးဘိုးတွေ အပြေးပြိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
“မီးရှို့ခံရတဲ့ရွာက ၁၀ ရွာလောက်ရှိနေပြီ။ ထွက်ပြေးနေရတဲ့ရွာက အနည်းဆုံး ၂၀ လောက် ရှိတယ်။ လက်ရှိက နများရယ်၊ အင်ပင်ရယ် ၂ ရွာရှို့နေတယ်။ တိုက်ပွဲတွေဖြစ်တာတော့ မရှိဘူး။ သူတို့ဘာသာသူတို့ စစ်ကြောင်းထိုးဝင်လာတာပဲ။ နေ့စဉ်ရက်ဆက် စစ်ကြောင်းက ထိုးနေတော့ တရွာဝင်ရှို့ တရွာဝင်ရှို့နဲ့ နေ့တိုင်းလိုလိုပဲ။” (ဒေသခံ)
“ ချင်းရွှေဟော်မှာ ကျနော်တို့တပ်ထိုင်ထားတဲ့ တောင်ကုန်းတကုန်းရှိတယ်။ နမ့်ဖာ။ အဲဒါကို နိုဝင်ဘာလ ၂၈ ထင်တယ်။ အဲဒီနေ့မှာ စစ်ကောင်စီက ပြင်းပြင်းထန်ထန် ထိုးစစ်လာဆင်ခဲ့တယ်။ အဲဒါကြောင့် ကျနော်တို့ လောက်ကိုင်ကို ပြန်သိမ်းမှာဆိုပြီးတော့ ဘာဘာညာညာ သတင်းတွေ ထွက်လာတာလားမသိဘူး။ (ကိုရန်နိုင်- MNDAA-ပြန်ကြားရေး)
သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ကမ်းခြေတခုမှာ အရေပြားကင်ဆာ သတိပေးတဲ့အနေနဲ့ ကိုယ်လုံးတီးချွတ်လူတွေ စုဝေးခဲ့၊ ထိုင်းနိုင်ငံအတွက် နိုင်ငံတကာဧည့်သည်တွေ ခေါ်ဆောင်ပေးလို့ဆိုပြီး မျောက်တွေကို သီးနှံဘူဖေးကျွေး၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
“တနေ့က စစ်ကြောင်း တဖွဲ့ကတော့ ဆင်းသွားတာပဲ။ နန့်ယားဘက်ကိုဆင်းသွားတယ်။ အဲဒါ ပေါ်တာ ဆွဲသွားတာပေါ့။ လမ်းမှာ တွေ့တဲ့ဟာတွေရော၊ နောက် အဆင်းအတက်ကားထဲကလူတွေရော ခေါ်သွားတယ်။ တိုက်ပွဲတွေ ဘာတွေတော့ လောလောဆယ် မရှိဘူး။ ငြိမ်နေတယ်။” (ဖားကန့်ဒေသခံ)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကယူကရိန်းကို အကူအညီပေးမယ့်အစီအစဉ်တရပ်ကို ကြေညာလိုက်ပါတယ်။ရုရှားဘက်ကတိုက်ခိုက်တာကြောင့်ယူကရိန်းလျှပ်စစ်ပေးဝေရေးစနစ် ပြတ်တောက်ခဲ့ပြီးနောက်ခုလို ကြေညာတာပါ။VOA အကြီးတန်း သတင်းထောက် Cindy Saine. ပေးပို့ထားတဲ့ သတင်းလွှာကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်း ချနိုင်းမြို့မှာ မသန်စွမ်းစုံတွဲ ၅၀ ကျော် မင်္ဂလာပွဲအတူတူ ကျင်းပ၊ ဂျပန်နိုင်ငံက အပန်းဖြေစခန်းတခုမှာ စပျစ်ဝိုင်အရက်အနီတွေကို ကန်ထဲလောင်းထည့်ပြီး ဝိုင်ထဲလူဝင်စိမ်နိုင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတဲ့ တပတ်ကျော်အတွင်း အိမ်ပေါင်း ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး နယ်မြေရှင်းလင်းပစ်ခတ်မှုတွေ၊ မီးလောင်မှုတွေအတွင်း အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့သလို စစ်ဘေးလွတ်ရာတိမ်းရှောင်နေရသူတွေအတွက်လည်း အကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်