ရခိုင်မှာရှိတဲ့ တရုတ်ဗျူဟာမြောက် အကျိုးစီးပွားကို ကာကွယ်ဖို့ တရုတ်နိုင်ငံဟာ စစ်ပွဲတွေရပ်အောင် နှစ်ဘက်စလုံးကို ဖိအားပေးနေတယ်လို့ USIP က တရုတ်၊ မြန်မာအရေး အကဲခတ် ဂျေဆင်တာဝါက ပြောပါတယ်။ တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ရှေ့အလားအလာတွေနဲ့ ပတ်သက်ပြီး ကိုငြိမ်းချမ်းအေး အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ အားနည်းတဲ့ စစ်အစိုးရတရပ် ဆက်လက် ရပ်တည်စေလိုပြီး တခြား အင်အားစုတွေမှာလည်း သူ့ သြဇာကို ချထားကာ အထိန်းအကွပ် တခုနဲ့ မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာနိုင်ငံဖြစ်ဖို့ အလို ရှိနေတယ်လို့ နိုင်ငံတကာက မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူတဦးက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်းအွန်လိုင်းရာဇဝတ်မှုတွေဟာ အမေရိကန်နိုင်ငံသားတွေကိုပါ ပစ်မှတ်ထားလာတယ်လို့ USIP ထုတ်ပြန်တဲ့ “ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနေတဲ့ အရှေ့တောင်အာရှ အခြေစိုက် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ” အကြောင်း အစီရင်ခံစာ မိတ်ဆက်ပွဲမှာ ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက တင်ပြပါမယ်။
“မနှစ်က အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ ဆုံးရှုံးကြောင်း တိုင်ကြားမှုတွေ ရှိပါတယ်။ ဒါက တိုင်ကြားမှုရှိတဲ့ ပမာဏသက်သက်ပါ။ လိမ်လည်ခံရတဲ့ သားကောင် အများစုက သတင်းပို့တိုင်ကြားတာမျိုး မရှိပါဘူး။ ဆိုတော့အမေရိကန်မှာ ဒေါ်လာဘီလီယံနဲ့ချီ ဆုံးရှုံးနေတာပါ။" (Jason Tower-USIP မြန်မာဆိုင်ရာ ညွှန်ကြားရေးမှူး)
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို အားနည်းတဲ့ စစ်အစိုးရ တရပ်နဲ့ ဆက်လက်ရပ်တည်စေလိုပြီး ၂၀၁၀ ခုနှစ်ဝန်းကျင်က နိုင်ငံရေးအခြေအနေမျိုး ပြန်ရောက်အောင် လုပ်နေတယ်လို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ Igor Blaževič က ပြောပါတယ်။ ကိုငြိမ်းချမ်းအေး အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်မှာ လူမျိုးစုတွေကြား အကြမ်းဖက်မှုတွေဖြစ်အောင် စနစ်တကျ သွေးထိုးလှုံ့ဆော်နေလို့ အရင်တုန်းကလို လူမျိုးရေး၊ ဘာသာရေးအသုံးချတဲ့ ထောင်ချောက်ထဲမကျဖို့လိုတယ်လို့ နိုင်ငံတကာက မြန်မာ့အရေး စောင့်ကြည့်နေသူတဦးက သတိပေးလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ လူမျိုးစုတွေကြား အကြမ်းဖက်မှုတွေ ဖြစ်အောင် စနစ်တကျ သွေးထိုးလှုံ့ဆော်နေလို့ အရင်တုန်းကလို လူမျိုးရေး၊ ဘာသာရေး အသုံးချတဲ့ ထောင်ချောက်ထဲမကျဖို့ လိုတယ်လို့ နိုင်ငံတကာက မြန်မာ့အရေး စောင့်ကြည့်နေသူတဦးက သတိပေးလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက အပြည့်အစုံကို တင်ပြပါမယ်။
အနာဂတ်နိုင်ငံတည်ထောင်တဲ့အခါမှာ အပြစ်ကျူးလွန်သူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့ သံသရာကို ရပ်တန့်ရမယ်လို့ လူနည်းစု ခေါင်းဆောင် တဦးက ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု Cornell တက္ကသိုလ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံအသစ် အကြောင်း ဆွေးနွေးပွဲမှာ အဲဒီလို ပြောတာပါ။ ကိုငြိမ်းချမ်းအေး တင်ဆက်ထားပါတယ်။
အနာဂတ်နိုင်ငံတည်ထောင်တဲ့အခါ အပြစ်ကျူးလွန်သူတွေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့သံသရာကိုရပ်တန့်ရမယ်လို့ နယူးယောက်ပြည်နယ်ထဲမှာရှိတဲ့ အထင်ကရ Ivy League တက္ကသိုလ်ကြီးတခုဖြစ်တဲ့ ကော်နယ်လ် (Cornell) တက္ကသိုလ်မှာကျင်းပတဲ့ မြန်မာနိုင်ငံသစ်အကြောင်း ဆွေးနွေးပွဲမှာ လူနည်းစု ခေါင်းဆောင်တဦးက ပြောလိုက်ပါတယ်။
ကျားဖြန့် လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းနဲ့ အကျိုးစီးပွားတွေ ရောယှက်ရှုပ်ထွေးနဲ့ မြဝတီဖြစ်စဥ်နဲ့ တရုတ်၊ အမေရိကန်အပါအဝင် နိုင်ငံတကာရဲ့ တုံ့ပြန်နိုင်ခြေတွေအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြပေးထားပါတယ်။
စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီးကို တရုတ်ခရီးစဥ်မှာ ဆုချီးမြှင့်နေချိန်မှာပဲ စစ်တပ်ကမြဝတီမှာ ခြေကုပ်ပြန်ယူနိုင်ဖို့ အွန်လိုင်းလိမ်လည်တဲ့လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ BGF နယ်ခြားစောင့်ရဲ့အကူအညီကို ယူရတာက တရုတ် အစိုးရမျက်နှာကို ဖြတ်ရိုက်လိုက်သလိုလုပ်ရပ်လို့ သုတေသီတဦးက ဗွီအိုအေကို ပြောပါတယ်။
ယူကရိန်းဖြစ်စဥ်ကို ကိုးကားပြီး မြန်မာစစ်ခေါင်းဆောင်တွေကိုလည်း နိုင်ငံတကာရာဇဝတ် တရားရုံးမှာ တရားစွဲလို့ ရနိုင်တယ်လို့ ကုလမြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။ နိုင်ငံတကာ တရားစီရင်ရေးစနစ်၊ ကုလယန္တရားအောက်က အရေးယူလာနိုင်တဲ့ လမ်းကြောင်းတွေကို ပြောသွားတာပါ။ ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
ချင်းပြည်အစိုးရအဖွဲ့ ဖွဲ့တာနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုရှိပေမယ့် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးမှာ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဘယ်သူနဲ့မဆို ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)က ပြောပါတယ်။ ဆလိုင်းဟာအွမ်ကို ကိုငြိမ်းချမ်းအေးက မေးမြန်းထားပါတယ်။
တူမီးသေနတ်နဲ့ လွန်ခဲ့တဲ့ ၃ နှစ်က တော်လှန်ရေးစခဲ့တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) (CDF Mindat) ဟာ ၂၀၂၄ ခုနှစ်ထဲမှာ မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖော်ဆောင်သွားဖို့ ရှိတယ်လို့ တော်လှန်ရေး နှစ်ပတ်လည်မှာ ပြောပါတယ်။
“ကျနော်တို့ ဧပြီလ ၂၄ ရက်နေ့မှာ ဒီတိုက်ပွဲတွေ ဖော်ဆောင်တဲ့နောက်ဆက်တွဲမှာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုကလည်း ဒါဟာ စ-က-စ ကို ကျနော်တို့ အားလုံးက ဝိုင်းဝန်းပြီးတော့ ဒီလို လုပ်လို့ရတယ်ဆိုတဲ့ တော်လှန်ရေးတခုကိုလည်း မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။" (ဆလိုင်းထန်းချွန်းဖေ -စစ်ဦးစီးချုပ် မင်းတပ် CDF)
မြန်မာပြည်က လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်စေဖို့အရေးပါတဲ့ ဂျက်လေယာဉ်ဆီ စစ်တပ်ကို မရောင်းချရေးတောင်းဆိုဖို့ တရုတ်အပါအဝင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအားလုံးက ဧပြီလထဲ တညီတညွတ်ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘယ်လိုအကျိုးရှိလာနိုင်ပါသလဲ။ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြပါထားပါတယ်။
မြန်မာနှစ်ဆန်း ၁ ရက်၊ ဧပြီလ ၁၇ ရက်မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကို ရင်ဆိုင်နေရတဲ့လူထုအတွက် Blood Money - "သွေးစွန်းငွေ ဖြတ်တောက်ရေး" အဖွဲ့ကဦးဆောင်ပြီး စက္ကူလေယာဉ်သပိတ် ဆင်နွှဲကာ မြန်မာစစ်တပ်ကို လေယာဉ်ဆီဖြတ်တောက်ဖို့ နှိုးဆော်နေသလို လူ့အခွင့်ရေးအဖွဲ့တွေကလည်း ဒါကိုတောင်းဆိုနေကြပါတယ်။
အစ္စရေး-အီရန် ပဋိပက္ခမှာ အမေရိကန်၊ ရုရှား၊ တရုတ် ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ ပါဝင်လာရင် ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်သလို စီးပွားရေး အပါအဝင် နောက်ဆက်တွဲ ထိခိုက်မှုတွေ အများကြီး ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။
ဒီပဋိပက္ခမှာ အမေရိကန်၊ ရုရှား၊ တရုတ် ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ ပါဝင်လာရင် ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်သလို စီးပွားရေး အပါအဝင် နောက်ဆက်တွဲ ထိခိုက်မှုတွေ အများကြီး ရှိနေတယ်လို့ အမေရိကန်နိုင်ငံရေး လေ့လောစောင့်ကြည့်နေသူ တဦးက သုံးသပ်ပါတယ်။
လုံခြုံရေးကောင်စီမှာ တံခါးဖွင့်ဆွေးနွေးလာနိုင်တာက မြန်မာ့အရေး နောက်ထပ် ဆုံးဖြတ်ချက် ချနိုင်ဖို့ တွန်းအားဖြစ်စေမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သုံးသပ်လိုက်ပါတယ်။ ဦးကျော်မိုးထွန်းကို ကိုငြိမ်းချမ်းအေး ဆက်သွယ် မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်