မြန်မာနိုင်ငံက တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီဟာ တရုတ်နယ်စပ်ကနေ မန္တလေးအထိ လမ်းကြောင်းတလျှောက်လုံး လက်လွှတ်ရမယ့် အနေအထားရောက်နေပြီလို့ အမေရိကန်ငြိမ်းချမ်းရေးသိပ္ပံ USIP က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါက သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးသိန်းစိန်ရဲ့တရုတ်ခရီးစဉ်ကိုခွင့်ပြုခဲ့ပေမယ့် စစ်ခေါင်းဆောင်ဟာ တရုတ်ရဲ့မြန်မာ့အရေးပါဝင်မှုကို တုံ့ပြန်ပုံက "ဟန်မပျက်" အနေအထားလို့ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။ တကျော့ပြန် ရှမ်းမြောက်စစ်ရေးအရှိန်မြင့်နေတာအပေါ်မှာလည်း တရုတ်က သဘောထားတမျိုးဖြစ်ဖွယ်ရှိတယ် ဆိုပါတယ်။ ကိုငြိမ်းချမ်းအေးက စုစည်းထားပါတယ်။
ပြီးခဲ့တဲ့ဇွန်လကုန်မှာပြီးဆုံးခဲ့တဲ့ စစ်ဗိုလ်ချုပ်နဲ့ သမ္မတအငြိမ်းစားဦးသိန်းစိန်ရဲ့တရုတ်ပြည်ခရီးစဉ်ဟာ လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တရုတ်အစိုးရကြားဆက်ဆံရေးကို ထင်ဟပ်နေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ချင်းညီနောင် အဖွဲ့က ချင်းပြည်တောင်ပိုင်းမှာ ခရိုင်အဆင့်မြို့ဖြစ်တဲ့ မတူပီမြို့ကို သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာပြီး နောက်ဆက်တွဲ အခြေအနေနဲ့ ဒေသတွင်းက ချင်းပြည်ကောင်စီ လက်အောက်ခံ တပ်တွေနဲ့ ထိတွေ့မှုနဲ့ လက်ရှိဆက်ဆံရေးကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက စုစည်းပြောပြပါမယ်။
“မတူပီကို ဇွန်လ ၉ ရက်နေ့က စတင် ထိုးစစ်ဆင်ခဲ့တယ်ပေါ့နော်။ မတူပီမှာက ခ-မ-ရ (၃၀၄) ရှိတယ်။ ခ-လ-ရ (၁၄၀) နဲ့ အခြေစိုက်ဗျူဟာ ရှိတယ်။ ခ-မ-ရ (၃၀၄) ကို ဇွန်လ ၁၇ ရက်နေ့မှာ သိမ်းနိုင်ခဲ့တယ်။ ခ-လ-ရ (၁၄၀) နဲ့ အခြေစိုက်ဗျူဟာကိုတော့ ဇွန်လ ၂၉ ရက်နေ့မှာ လုံးဝ အပြီးအစီးသိမ်းနိုင်ခဲ့တယ်။" (ဆလိုင်းယောမာန်- CB)
၂၀၂၄ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲ အကြို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ရဲ့ ပထမဆုံး စကားစစ်ထိုးပွဲကို ဇွန်လ ၂၇ ရက်နေ့ညက ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့က CNN သတင်းဌာန စတူဒီယိုမှာ ကျင်းပခဲ့ကြပါတယ်။
“သမ္မတတယောက်အနေနဲ့ ဗမာပြည်အရေးက သူသမ္မတတယောက်တည်းရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘဲနဲ့ ကွန်ဂရက်ရဲ့ဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် ဘယ်တယောက်တက်တက် မူဝါဒက၊ ကူညီတဲ့ အပိုင်းကတော့ အရမ်း အပြောင်းအလဲရှိမယ်လို့ မထင်ဘူး။ ဒါပေမယ့် မြန်မာ့အရေးနဲ့ ပတ်သက်ရင်တော့ ဒီမိုကရက်သမ္မတကတော့ ပိုပြီး စိတ်ဝင်စားမယ်။”
အညာဒေသမှာ လူဦးရေရဲ့ ၂၀ % စစ်ပြေးနေရပေမဲ့ ကြံ့ကြံ့ခံရပ်တည်နေဆဲရှိတာဟာ လူထုရဲ့ အားကောင်းမှုကို ပြသနေပေမဲ့ အရင်းအမြစ်နဲ့ ပံ့ပိုးခံရမှုတော့ တော်တော်အားနည်းလို့ ပိုလုပ်ဆောင်ပေးဖို့ လိုတယ်လို့ မြန်မာ့မူဝါဒရေးရာ အင်စတီကျုက ဦးဇော်တူးဆိုင်းက ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်က စစ်ပွဲကို ဖန်တီးနေတဲ့ အဓိကယန္တရားဖြစ်နေလို့ အရေးယူရမယ့် အဆင့်ရောက်နေပြီလို့ စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်လ်က ပြောလိုက်ပါတယ်။ လက်နက်ဝယ်ဖို့ နိုင်ငံခြားငွေ အထူးလိုအပ်နေတဲ့ စစ်ကောင်စီအပေါ် ကန့်သတ်နိုင်မှုအခြေအနေကို ကိုငြိမ်းချမ်းအေးက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံထဲက ကြီးထွားလာနေတဲ့ စီးပွားရေးပြဿနာတွေက (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ကြောင့် ဖြစ်လာတဲ့ "ပြည်တွင်းဖြစ်" ဖြစ်ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကသာ မြန်မာပြည်အတွက် အကြီးမားဆုံး ဒဏ်ခတ်ပိတ်ဆို့သူတွေ ဖြစ်ပါတယ်။ ( ပါမောက္ခ Sean Turnell )
အမေရိကန်ပြည်ထောင်စုမှာ ထိန်းချုပ်ထားတဲ့ မြန်မာ့ နိုင်ငံခြား အရန်ငွေ ၁ ဘီလီယံ ကျော်ကို စစ်အာဏာရှင်တိုက်ဖျက်ရေး အင်အားစုတွေကို ထောက်ပံ့နိုင်တဲ့ နည်းလမ်းတွေ ရှိနေတယ် လို့ သြစတြေးလျ စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်က ပြောလိုက်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ကို ခုခံတော်လှန်ဖို့ဆိုတာ အခုလုပ်ရမယ့်ကိစ္စဆိုတာကို လုံးလုံးထောက်ခံနေတယ်ဆိုတာ လုံးဝ သေချာကြောင်း” ထောင်ထဲမှာ အတူ အကျဥ်းချခံရချိန် စကားပြောခွင့် ရခဲ့တဲ့ ပါမောက္ခ ရှောင်တာနယ်လ်က ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနဲ့ တရုတ်ဟာ ၁၉၉၀ ၀န်းကျင် လူထုဆန္ဒပြပွဲတွေ အကြမ်းဖက်နှိမ်နင်းမှုကြောင့် မျက်နှာပျက်ခဲ့ရပေမဲ့ လက်ရှိတရုတ်က စူပါပါဝါဖြစ်ပြီး စစ်အာဏာသိမ်းမြန်မာကတော့ ကျရှုံးနိုင်ငံဖြစ်သွားနိုင်တဲ့ကိန်း ဆိုက်နေတယ်လို့ မြန်မာ့အရေးစောင့်ကြည့်သူ ဦးအောင်သူငြိမ်း (ISP)က သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေးမေးမြန်းထားပါတယ်။
“လွန်ခဲ့တဲ့ ၃၅ နှစ်ကနေ ဒီနေ့ထိ တီယန်နန်မင်ကပေးခဲ့တဲ့ အရေးကြီးဆုံးသင်ခန်းစာက အမေရိကန်ရဲ့ တရုတ် နိုင်ငံဆိုင်ရာမူဝါဒဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအပေါ် အာရုံစိုက်ဖို့ပဲ ဖြစ်ပါတယ် ။" (တရုတ် လူ့အခွင့်အရေးအဖွဲ့ကို ဦးဆောင်လှုပ်ရှားနေတဲ့ ကျောင်းသားဟောင်း Zhou)
ဇွန်လ ၄ရက်နေ့က အမေရိကန်အောက်လွှတ်တော်ကြားနာပွဲတခုမှာ ၃၅နှစ်ပြည့်ပြီဖြစ်တဲ့ တီယန်နန်မင်ဖြစ်စဉ်နဲ့ပတ်သက်လို့ ထွက်ဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံရှစ်လေးလုံးလူထုအုံကြွမှုနဲ့ မရှေးမနှောင်းဖြစ်တဲ့ တီယန်နန်မင်ဖြစ်စဉ် နှိုင်းယှဉ်သုံးသပ်ချက်ကို ကိုငြိမ်းချမ်းအေးတင်ဆက်ထားပါတယ်။
အိန္ဒိယဟာ စစ်အာဏာရှင်တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံမှုတိုးလာပေမဲ့၊ စစ်ကောင်စီနဲ့ တော်လှန်ရေးကြား၊ တဘက်ကိုပဲ အပြည့်ထောက်ခံတာ မဟုတ်ကြောင်း မြန်မာ၊ အိန္ဒိယ ဆက်ဆံရေး လေ့လာသူ၊ India For Myanmar အဖွဲ့ က ဆလိုင်းဒိုခါက သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေး အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်မှာ ရိုဟင်ဂျာတွေ အသတ်ခံရမှု၊ နေအိမ်တွေမီးရှို့ခံရမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက သတိပေးထားသလို AA က ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ဖျက်နိုင်ဖို့ လွတ်လပ်တဲ့ နိုင်ငံတကာ စစ်ဆေးရေးနဲ့ မီဒီယာတွေ ဝင်ခွင့်ပြုဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။ ကိုငြိမ်းချမ်းအေးက တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေက လူငယ်တွေကို စုဆောင်းတာကို အာဏာပိုင်တွေ မျက်ကွယ်ပြုနေလို့ အခြေအနေတွေ ရှုပ်ထွေးနေတယ်လို့ ဒုက္ခသည်စခန်းတွေမှာ ငြိမ်းချမ်းရေးနဲ့ ပညာရေး သုတေသီ Jessica Olney က ပြောပါတယ်။ နောက်ဆုံးအခြေအနေတွေကို ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်မှာကြီးထွားလာနေတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အခြေအနေနဲ့ နှစ်ဘက် အသိုင်းအဝန်းရဲ့ ရှေ့အလားအလာတွေအကြောင်းကို မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တခုကျော်ကြာ နေထိုင်ခဲ့ပြီး ငြိမ်းချမ်းရေး၊ ပညာရေးနဲ့ လေ့လာရေး အလုပ်တွေ လုပ်နေတဲ့ Jessica Olney ကို ကိုငြိမ်းချမ်းအေးက Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ရခိုင်မှာရှိတဲ့ တရုတ်ဗျူဟာမြောက် အကျိုးစီးပွားကို ကာကွယ်ဖို့ တရုတ်နိုင်ငံဟာ စစ်ပွဲတွေရပ်အောင် နှစ်ဘက်စလုံးကို ဖိအားပေးနေတယ်လို့ USIP က တရုတ်၊ မြန်မာအရေး အကဲခတ် ဂျေဆင်တာဝါက ပြောပါတယ်။ တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ရှေ့အလားအလာတွေနဲ့ ပတ်သက်ပြီး ကိုငြိမ်းချမ်းအေး အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်