၂၀၂၁ ခုနှစ်ကတည်းကဆိုရင် မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဒေါ်လာ သန်း ၂၅၀ ကျော် အမေရိကန်က ကူညီထားသလို ပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြသူတွေ အတွက် လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ ဒေါ်လာ သန်း ၄၀၀ ကျော် ရှိပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက ကြားဝင် ဖျန်ဖြေဖို့ ကြိုးစားနေပေမယ့် စစ်အာဏာသိမ်းပြီး ၂ နှစ်အကြာ မြန်မာနိုင်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ အာဆီယံဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ အင်ဒိုနီးရှားရဲ့ လုပ်ငန်းစဉ်မှာ ဒီပဋိပက္ခဟာ ခြိမ်းခြောက်တဲ့ အနေအထားဖြစ်နေပါတယ်။