ဂျပန်မှာ စွန့်စားပြီး အလုပ်သွားရောက်လုပ်ကိုင်ချင်တဲ့ မြန်မာပြည်က လူငယ်တွေ အလုပ် လုပ်ကိုင်ခွင့်ရဖို့အတွက် ဘာတွေကို သတိထားပြင်ဆင်ရမယ်ဆိုတာကို GenZ ပရိတ်သတ်တွေ သိနိုင်ဖို့အတွက် ဆယ်စုနှစ် တခုကြာ အတွေ့အကြုံရှိတဲ့ ဂျပန်စာသင်ဆရာမ တဦးနဲ့ ဆက်သွယ်ပြီး မခင်လေးက မေးမြန်းထားပါတယ်။
ကချင်လိုင်ဇာမှာ စစ်ရေးတင်းမား၊ ကော့ကရိတ်ဘက် စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်တဆင့်ကို တက်ဖို့ အသင့်ဖြစ်ကြောင်း ကြေညာ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့က ပြောပြပေးသွားပါမယ်။
မြန်မာပြည်က လူငယ်တွေသွားအလုပ်လုပ်ချင်ကြတဲ့ ဂျပန်နိုင်ငံက မြန်မာလုပ်သားတွေကို အခုလက်ရှိ တရားဝင်ခေါ်ယူနေလို့ မြန်မာနိုင်ငံက လူငယ်တော်တော်များများလည်း အဲ့ဒီမှာ သွားရောက် လုပ်ကိုင်နေကြပါတယ်။ GenZ ပရိတ်သတ်တွေ သိရအောင် မခင်လေးက ဆက်သွယ်စကားပြောထားပါတယ်။
ရှမ်းမြောက်၊ လွိုင်ကော်နဲ့ ရခိုင်အပါအဝင် နေရာတော်တော်များများမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ဘေးရှောင်ပြေးရသူတွေ ပိုများ၊ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကိုလည်း အရှိန်ပြင်းပြင်နဲ့ နှိမ်နင်း၊ တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ တင်ပြထားပါတယ်။
တချိန်က အမည်းရောင်နယ်မြေ ကော်သူလေးမှာ မွေးဖွားကြီးပြင်းတဲ့ ကရင်တိုင်းရင်းသူလေး ဂျပန်မှာ ဘွဲ့လွန်ပညာကို ဆည်းပူးခွင့်ရခဲ့သလို၊ လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ပါရဂူတန်း တက်ရောက်ခွင့်ရပါတယ်။ သူဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံ၊ နိုင်ငံခြားမှာ ပညာသင်ရတဲ့ အတွေ့အကြုံတွေကို GenZ အစီအစဥ်မှာ မခင်လေးက မေးမြန်းထားပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ တော်လှန်ရေးစစ်ပွဲတွေ နိုင်ငံတဝန်း အရှိန်မြင့်လာနေပြီး ကုလအတွင်းရေးမှူးချုပ်ကတော့ လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာတာကို စိုးရိမ်ကြောင်းနဲ့ အရပ်သားတွေကို အကာအကွယ်ပေးကြဖို့ ပန်ကြားလိုက်ပါတယ်။ တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
လူငယ်နဲ့ အချစ်ရေးဆိုတာ အမြဲ ဒွန်တွဲနေတတ်တာပါ။ ဒီနေရာမှာ အချစ်က လူတယောက်ချင်းစီရဲ့ ဘဝတွေမှာ ဘယ်လောက်အထိ အရေးကြီးပါသလဲ။ အချစ်ဦးနဲ့ လွဲခဲ့ကြသူတွေအတွက်ရော၊ အချစ်ဦးမို့ မေ့မရတဲ့သူတွေ အတွက်ပါ Lifestyle နဲ့ Mindset Coach တယောက်ဖြစ်တဲ့ မရွှေဆုလှိုင်နဲ့ GenZ အစီအစဥ်မှာ မခင်လေးက စကားပြောထားပါတယ်။
တရုတ် - မြန်မာနယ်စပ်ဒေသက စစ်ရေးအရ အရေးကြီး ကွမ်းလုံမြို့သိမ်း အပါအဝင် ၁၀၂၇ စစ်ဆင်ရေး၊ စစ်ကောင်စီ အရေးပေါ် ကာလုံခေါ်ယူ၊ စစ်ပွဲများကြောင့်ပြေးရသူ ဒုက္ခသည် အမြောက်အများတိုး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
လူငယ်ဆိုတာ ဘာမဆို စွန့်စားလုပ်ကိုင်လို စိတ်ရှိ၊ ဘယ်အရာကိုမဆို သိချင်၊ တတ်ချင်စိတ်နဲ့ ကြိုးစားတတ်ကြသူတွေပါ။ ဒီနေရာမှာ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်။ Lifestyle နဲ့ Mindset Coach တယောက်ဖြစ်တဲ့ မရွှေစုလှိုင်နဲ့ GenZ အစီအစဥ်မှာ မခင်လေးက စကားပြောထားပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ စစ်ဆင်ရေး ၁၀၂၇ နောက်ဆုံးအခြေအနေ၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို အင်းစိန်အကျဉ်းထောင်မှာ ချုပ်နှောင်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ တင်ဆက်ထားပါတယ်။
အင်တာနက်ခေတ်မှာ လူငယ်တွေအတွက် သင်ယူစရာတွေလည်း ရှိသလို၊ သတိထားရမယ့် အန္တရာယ်တွေထဲမှာတော့ အွန်လိုင်းကနေ လိင်ခွဲခြား ပြောဆိုတာတွေနဲ့ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေလည်း ပါ ပါတယ်။ ဘယ်လို ကာကွယ်ကြပါလဲ။ လူငယ် အမျိုးသမီး တက်ကြွလှုပ်ရှားသူ မနှင်းသက်မှူးခင်နဲ့ GEN Z အစီအစဥ်မှာ မခင်လေးက စကားပြောထားပါတယ်။
စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ အွန်လိုင်းလိမ်လည်မှုတွေ ပပျောက်ရေး ညီနောင်မဟာမိတ် ၃ ဖွဲ့ စစ်ဆင်ရေး ၁၀၂၇ စတင်၊ စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖိလစ်ပိုင်မှာ ပထမဆုံးအကြိမ် တိုင်ကြား၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
အနာဂတ်အတွက် အိပ်မက်တွေနဲ့ ရှေ့ခရီးကို ဆက်လျှောက်နေသူ လူငယ်တွေနဲ့ စကားပြောထားတဲ့ GenZ ဆိုတဲ့ အစီအစဉ်သစ်မှာ ဒီတပတ်တော့ နိုင်ငံရေး အပြောင်းအလဲတွေကြား မထင်မှတ်ဘဲ ဆယ်ကျော်သက် ဘဝမှာ ဒုက္ခသည် ဖြစ်သွားခဲ့ရတဲ့ လူငယ်လေးတယောက်ရဲ့ ရုန်းထွက်မှုတွေအကြောင်း ကြားရပါမယ်။ မခင်လေး တင်ဆက်ထားပါတယ်။
ကချင်၊ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း စစ်ကောင်စီတိုက်ခိုက်မှု စစ်ရာဇဝတ်မှုဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက ပြော၊ တရုတ် ခါးပတ်လမ်း BRI စီမံကိန်း မြန်မာပါဝင်နိုင်မှု အနေအထား၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
လိုင်ဇာအနီး စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်မှု စစ်ကောင်စီငြင်းဆို၊ အစ္စရေးရောက် မြန်မာတွေရဲ့ လုံခြုံရေး၊ အပြင် ပဲခူးရေဘေး ကူညီကယ်ဆယ်ရေး လုပ်နေရဆဲ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
မြန်မာ့အရေး ကုလသမဂ္ဂ ကြိုးပမ်းမှုတွေ အောင်မြင်မှု မရှိကြောင်း ဝေဖန်၊ အင်ဒိုနီးရှား မြန်မာစစ်ကောင်စီကို လက်နက်မရောင်းလို့ ငြင်းဆို၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ ဆက်ပြီး ပြောြပပေးပါမယ်။
နိုင်ငံတကာပါ ရိုက်ခတ်တဲ့ မြန်မာအခြေစိုက် အွန်လိုင်းရာဇဝတ်ဂိုဏ်းများ နှိမ်နင်းရေး၊ မြန်မာ့အရေး ICC ကိုင်တွယ်ဖို့ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရဲ့ တိုက်တွန်းချက် စစ်ကောင်စီပယ်ချ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
ကုလသဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်ရှိလို့ ကုလ ကိုးကားသတင်းဆို၊ ပြည်တွင်းမှာ စားသုံးဆီ ရှားပါးနေပြီး ဈေး အဆမတန်တက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ တင်ဆက်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်မှု အပြင်းထန်ဆုံးဒေသတွေထဲက တခုဖြစ်တဲ့ ချင်းပြည်နယ်မှာ နေ့စဥ် စစ်ပွဲနဲ့ပဋိပက္ခတွေဖြစ်နေပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေကလည်း တသိန်းကျော် ရှိနေပါတယ်။
“ဟိုဘက်မှာ နေရတာထက်တော့ ဒီမှာ အေးအေးဆေးဆေးနေရတာ ပိုကောင်းပါတယ်။ ဟိုဘက်မှာ နေရတာကတော့ စိတ်လည်းပင်ပန်းတယ်။ ညလည်း မအိပ် နိုင်ဘူး။ အစားအသောက်လည်း ကောင်းကောင်းမစားနိုင်ဘူး။ ကျနော်တို့ နိုင်ငံက စစ်တပ်မရှိရင်တော့ ကောင်းမှာ။” (ဦးတာမှန်း-စစ်ဘေးရှောင်)
နောက်ထပ်ကြည့်ရှုရန်