မြန်မာနိုင်ငံက လူငယ်တွေအကြား 'တညတာ တွေ့ဆုံမှု' 'One Night Stand Relation' ခေတ်စားလာတာကြောင့် လိင်ကနေကူးစက်တဲ့ ရောဂါတွေ ပိုဖြစ်ပွားနိုင်တယ်လို့ ပညာရှင်တွေ သတိပေးပါတယ်။ ဗယ်လင်တိုင်းစ်ဒေး အထူးအစီအစဉ်အဖြစ် ဆယ်ကျော်သက်နှင့် လူငယ်ဆိုင်ရာပညာရှင် ဒေါက်တာရတနာ နဲ့ မခင်လေး စကားပြောထားပါတယ်။
အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံအခြေအနေ အမေရိကန်လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ခြိမ်းခြောက်စေတဲ့အတွက် သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်ကို အိမ်ဖြူတော်က နောက်ထပ်တနှစ်သက်တမ်းတိုး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
ကိုရီးယားယဉ်ကျေးမှုနဲ့ နီးစပ်တဲ့ မြန်မာလူငယ်တွေ ကိုရီးယားမှာ ပညာသင်ခွင့်နဲ့ အလုပ်အကိုင် အခွင့်အလမ်း ဘာတွေရှိပါသလဲ။ သွားနိုင်မယ့်ပုံစံ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို အဲဒီမှာ ပညာတော်သင်ဆုနဲ့ ကျောင်းတက်၊ အခု အလုပ်လည်းလုပ်နေပြီဖြစ်တဲ့ မပပကို GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ် စကားပြောထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီအုပ်ချုပ်ရေး သက်တမ်းတိုး၊ မြန်မာ့အရေး ကန်အစိုးရတွင်း တွန်းအားပေး လုပ်ဆောင်ဖို့ ပါတီ၂ ရပ် ကိုယ်စားလှယ်များ Burma Caucus ဖွဲ့၊ ပယ်ဆောက်ချိန်ကို တရုတ်ဘက်ကို လွှဲပေး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ဒေသတွင်း ဗီယက်နမ်နိုင်ငံဟာ မြန်မာလူငယ်တွေကို ပညာတော်သင်ဆုတွေလည်း ပေးနေသလို၊ ဗီယက်နမ်တက္ကသိုလ်တွေက နိုင်ငံတကာအဆင့်မြင့်တက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်ထားတာပါ။ အဲ့ဒီမှာ ကျောင်းတက်ပြီးရင်ရော အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းပါတယ်။ Gen Z ပရိတ်သတ်တွေအတွက် မခင်လေး ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တရုတ်သံအမတ်နှင့် တွေ့ဆုံ၊ အပစ်ရပ်ရေး သဘောတူထားတဲ့ ရှမ်းမြောက်ပိုင်းမှာ စစ်ကောင်စီဘက်က ဆက်ပြီးထိုးစစ်ဆင်၊ ရခိုင်တိုက်ပွဲများ ပြင်းထန်နေတာပါ။ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
မတရားတာကို မြင်နေရင် ခေါင်းငုံ့မခံတတ်တဲ့ Gen Z လူငယ်၊ ဂျပန်နိုင်ငံက တက္ကသိုလ် မဟာတန်း ကျောင်းသား လူငယ်တယောက်ကတော့ မြန်မာ့အရေးကို တက်တက်ကြွကြွနဲ့ လုပ်ဆောင်နေပါတယ်။ သူဘာကြောင့် မြန်မာ့အရေးကို စိတ်ဝင်တစားနဲ့ ဆောင်ရွက်နေရတာပါလဲ။ Gen Z ပရိတ်သတ်တွေအတွက် မခင်လေး ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံဟာ သတင်းသမားတွေကို အကျဉ်းချတဲ့ ဒုတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့ CPJ ပြောကြား၊ အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ထိုင်းက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
အမေရိကန် ရေတပ်အရာရှိတယောက် ဖြစ်တဲ့ မြန်မာပြည်ဖွား လီဆူတိုင်းရင်းသား လူငယ် တယောက် American Dream အမေရိကန်အိပ်မက်ကို ဘယ်လိုအကောင်အထည် ဖော်ခဲ့ပါလဲ။ ဘယ်အရာမဆိုရအောင် မရမကကြိုးစားဖို့ အခွင့်အရေးရှိတယ်ဆိုတဲ့ အနေအထားမှာ လူငယ်တွေ ဘယ်ကြောင့် ကြိုးစားသင့်ပါလဲ။ မခင်လေး ဆက်သွယ်မေးမြန်းထားတာပါ။
ရှမ်းမြောက်မှာ ယာယီစစ်ရပ်ဖို့ နှစ်ဘက်သဘောတူ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုအထူး ကိုယ်စားလှယ်နဲ့ စစ်ကောင်စီအကြီးအကဲ နေပြည်တော်မှာ တွေ့ဆုံ၊ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တွေ့၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
မြန်မာတနိုင်ငံလုံးမှာရှိတဲ့ မျိုးသုဉ်းတော့မယ့် တိရိစ္ဆာန်မျိုးရင်းတွေနဲ့ အပင်တွေ အကြောင်းကို ကမ္ဘာက သိလာအောင် ကြိုးစားလုပ်ဆောင်နေတဲ့ GenZ လူငယ်အဖွဲ့၊ ဒီတပတ် ဘယ်လိုစိတ်ကူး ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေကြလဲဆိုတာ GenZ ပရိတ်သတ်အတွက် မခင်လေး ဆက်သွယ်မေးမြန်းထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင် MNDAA ထိန်းချုုပ်၊ နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည်လွတ်မြောက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
ပြည်တွင်းမှာနေသူရော ပြည်ပမှာပါ ရောက်နေတဲ့ မြန်မာလူငယ်တွေဟာ ၂၀၂၄ နှစ်သစ်ကို စိတ်ခွန်အားအပြည့်နဲ့ စောင့်မျှော်နေကြသလို၊ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ မတူညီတဲ့ အခြေအနေနဲ့၊ မတူညီတဲ့ နေရာမှာ နေထိုင်တဲ့ လူငယ် သုံးဦးရဲ့ နှစ်သစ်မျှော်လင့်ချက်တွေကို GenZ ပရိတ်သတ်တွေအတွက် မခင်လေးက ဆက်သွယ် မေးမြန်းထားပါတယ်။
စစ်ကောင်စီနဲ့ ညီနောင် ၃ ဖွဲ့ကြားက ဒုတိယအကြိမ် ဆွေးနွေးပွဲ သဘောတူညီမှု တစုံတရာမရဘဲ ပျက်သွား၊ ကမ္ဘာ့အကြီးဆုံးသတ္တုမိုင်း တည်ရှိရာ နမ္မတူမြို့ ကို ညီနောင် ၃ ဖွဲ့ထဲက TNLA အဖွဲ့က သိမ်းလိုက်နိုင်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုငြိမ်းချမ်းအေးတို့ တင်ပြထားပါတယ်။
ကမ္ဘာ့အနောက်ခြမ်းမှာ အပူအပင်ကင်းကင်း ခရစ္စမတ်ပွဲကို ဆင်နွှဲခွင့်ရတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသား GenZ လူငယ်တွေ၊ အဝေးတနေရာ အမိမြေမှာ ပျော်ရွှင်မှုနဲ့ ဝေးနေရမယ့်သူတွေအတွက် ဆုတောင်းပေးနေကြပါတယ်။ အမေရိကား လော့စ်အိန်ဂျယ်လိစ်မြို့၊ First Kachin Baptist ဘုရားကျောင်းက လူငယ်တွေနဲ့ မခင်လေး စကားပြောထားပါတယ်။
မန္တလေးနန်းတွင်း စစ်ကောင်စီတပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခံရ၊ ပြည်တွင်းပဋိပက္ခ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တရုတ်ထပ်ပြီးတိုက်တွန်း၊ ကုလမြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
ဆေးတက္ကသိုလ် ဝင်ပေမဲ့ ဝါသနာသိပ်မပါ၊ ငွေကြေးပိုင်းလည်းခက်ခဲတဲ့ လူငယ်တဦး၊ နိုင်ငံခြား တက္ကသိုလ်တွေမှာ ပညာတော်သင်ဆုတွေနဲ့ ကျောင်းတက်ခွင့်ရဖို့ ကြိုးစား အောင်မြင်ခဲ့ပါတယ်။ ခက်ခဲနေတဲ့ခေတ်ကြီးထဲ အခွင့်အရေးရှိလာမယ့်အချိန်အတွက် Gen Z လူငယ်တွေ အသင့်ပြင်ထားဖို့ စကားလက်ဆောင် ပါးပါတယ်။ မခင်လေး မေးမြန်းထားပါတယ်။
နမ့်ဆန်နောက်ဆုံးစခန်း ဗျူဟာကုန်းကို TNLA တအာင်းတပ်က သိမ်းလိုက်၊ မြန်မာမူးယစ်ဆေး ထုတ်လုပ်မှု ကမ္ဘာမှာ အများဆုံး၊ အမေရိကန်ဒေါ်လာငွေလဲနှုန်း သတ်မှတ်လို့ တနိုင်ငံလုံး စက်သုံးဆီပြတ်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့က ပြောပြပေးသွားပါမယ်။
ဂျပန်မှာ စွန့်စားပြီး အလုပ်သွားရောက်လုပ်ကိုင်ချင်တဲ့ မြန်မာလူငယ်တွေ၊ အလုပ်ရဖို့အတွက် အချိန်တွေ ငွေတွေ ဘယ်လောက်ကုန်မလဲဆိုတာ GenZ ပရိတ်သတ်တွေ သိနိုင်ဖို့အတွက် ဆယ်စုနှစ် တခုကြာ အတွေ့အကြုံရှိတဲ့ ဂျပန်စာသင်ဆရာမကို ဆက်သွယ်ပြီး မခင်လေးက မေးမြန်းထားပါတယ်။
ညီနောင် ၃ ဖွဲ့ စစ်နယ်မြေပိုချဲ့နိုင်၊ အိုးအိမ်စွန့်ပြေး အရပ်သားများအတွက် ကုလအရေးပေါ် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇ သန်း ပေး၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တရုတ်ဝန်ကြီးနဲ့ တွေ့၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့က ပြောပြပေးသွားပါမယ်။
နောက်ထပ်ကြည့်ရှုရန်