ကမ္ဘာတလွှား ကြုံလာရနိုင်တဲ့ သောက်သုံးရေရှားပါးမှု ပြဿနာကို ဖြေရှင်းရာမှာ ပင်လယ်ရေကို ကြိုချက်သုံးဖို့ အများဆုံးလုပ်နေတဲ့ စင်္ကာပူရဲ့ သန့်စင်မှုနည်းစနစ်၊ စိတ်ချရမှုအတိုင်းအတာကို သိရဖို့ စင်္ကာပူအလုပ်သမားဝန်ကြီးဌာန ဘေးအန္တရာယ်ကင်းရေးအရာရှိ အင်ဂျင်နီယာ ဦးအေးငြိမ်းကို ဒေါ်ခင်မျိုးသက် မေးမြန်ထားပါတယ်။
စင်္ကာပူနိုင်ငံက ရေအရင်းအမြစ်အားလုံးရဲ့ ထက်ဝက်ဟာ ကုန်းတွင်းမှာ စုဆောင်းရယူတဲ့ရေဖြစ်ပါတယ်။ ရေမြောင်း၊ ကန်ချောင်းတွေက ရေကို ဘယ်လိုစုဆောင်း သန့်စင်တာပါလဲ။ မြောင်းရေအတွက် စိတ်ချရမှုအတိုင်းအတာကရော ဘယ်လောက်ရှိပါသလဲ။ စင်္ကာပူအလုပ်သမားဝန်ကြီးဌာနက အင်ဂျင်နီယာ ဦးအေးငြိမ်းကို ဒေါ်ခင်မျိုးသက် မေးမြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကိုပါ ခံနိုင်ရည် လျော့ပါးလာပြီး သေကြေပျက်စီးမှုနဲ့ပါ ထပ်ကြုံရ နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးနေပါတယ်။ ဒီအန္တရာယ်ကို ဘယ်လို ကာကွယ်နိုင်ပါသလဲ သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မကြုံစဖူးပြင်းထန်တဲ့ လေဆင်နှမောင်းဒဏ်ကြောင့် ဧပြီလလယ်မှာ နေပြည်တော်တဝိုက် အိမ်ခြေ ၂၀၀ ပျက်စီးပြီး ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ကတော့ ရာသီဥတုဖေါက်ပြန်မှုကြောင့် ပြင်းထန်တဲ့မုန်တိုင်းပေါ်လာတာလို့ပြောပါတယ်။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြမှာပါ။
ဆည်ကြီးတွေတည်ဆောက်တာဟာ မြေပြင်ကို ဝန်ပိစေပြီး ငလျင်လို မြေထုလှုပ်ရှားမှုတွေဖြစ်စေတယ်လို့ ဘူမိနည်းပညာ အင်ဂျင်နီယာ ဒေါက်တာချစ်ကိုကိုက ပြောပါတယ်။ ဘယ်လိုဆက်နွယ်နေတာပါလဲ။ မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ စဉ်းစားနေတဲ့ မြစ်ဆုံဒေသက ဆည်တွေအတွက်ရော အန္တရာယ် ရှိပါသလား။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ကိုဗစ်လို ကပ်ရောဂါမျိုး နောက်ထပ်မကြုံရအောင် အပူပိုင်းဒေသမှာ လူသားတွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေကြား ကူးစက်ပြန့်နှံတတ်တဲ့ ဇူအွန်နိုးစစ် Zoonoses ကူးစက်ရောဂါတွေကို လေ့လာဖို့ ပြင်သစ်-မက်ဆီကို ၂ နိုင်ငံ သိပ္ပံပညာရှင်တွေ ကြိုးပမ်းနေကြတဲ့အကြောင်း AFP သတင်းကို အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြမှာပါ။
မတ်လ ၂၂ ရက်နေ့ ကမ္ဘာ့သောက်သုံးရေနေ့ ဦးတည်ချက်ကတော့ ရေနဲ့ မိလ္လာ ပြဿနာကိုအမြန်ဖြေရှင်းဖို့ ဖြစ်ပါတယ်။ ကမ္ဘာ့မှာ ရင်ဆိုင်နေရတဲ့ သောက်ရေသန့် မလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ကိုယ်ပိုင်ဆုံးဖြတ်ဆောင်ရွက် နိုင်စွမ်းရှိတဲ့ စက်ရုပ် ပြင်သစ်ကုမ္ပဏီ တခုက တီထွင်လိုက်ပါတယ်။ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ကမ္ဘာ့ငလျင်ရပ်ဝန်းကြီး ၂ ခုထဲက တခုထဲမှာတည်ရှိနေတဲ့ မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်ကြောင်းဟာ စစ်ကိုင်းပြတ်ရွေ့နဲ့အပြိုင်ရှိနေတာကြောင့် ငလျင်အန္တရာယ် ရှိနေပြီး ဒီငလျင်ကြောင့် မြေဆီလွှာ အင်အားပျက်သုဉ်းမှုဟာ မြစ်ကြောင်းတလျှာက်က မြို့ကြီးတွေအတွက် ဘယ်လို သက်ရောက်မှုရှိနိုင်ပါသလဲ။
မြန်မာနိုင်ငံမှာ တတိယအကြိမ် စစ်တပ်အာဏာသိမ်းခဲ့တာဟာ ဆေးဘက်ဆိုင်ရာ ကုသကာကွယ်ရေး မှာသာမက ဆေးသုတေသနနဲ့ ပညာပေးတာ အထိ ဆေးပညာကဏ္ဍအတွက် ကြီးမားတဲ့ဆုတ်ယုတ်မှု ဖြစ်စေတယ်လို့ သုံးသပ်ကြပါတယ်။ ဘာ့ကြောင့်ပါလဲ
မနှစ်က ဖေဖေါ်ဝါရီမှာ ယူကရိန်းကိုရုရှားကဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့ချိန်ကစပြီး ကလေးငယ်ရာပေါင်းများစွာအပါအဝင် အရပ်သား ၈,၀၀၀ ကျော်သေဆုံးခဲ့ရပြီး ၁၃,၂၀၀ ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRMM က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
“အတူတွဲရေးတဲ့ မြန်မာသုတေသီတွေက ၃၀၀ ကျော် ၄၀၀ ထဲမှာ မြန်မာသုတေသီက ၃ ယောက်တောင်မပါဘူးဆိုတဲ့အခြေအနေမျိုးက အရမ်းကို ဝမ်းနည်းဖို့ကောင်းတယ်။ သူတို့က မေးမြန်းထားတဲ့အရ ကြည့်မယ်ဆိုရင် ပယင်းလုပ်ကွက်တွေကို မြန်မာသုတေသီတွေကို လုံးဝ ဝင်ခွင့်မပေးဘူး။ စစ်တပ်ကပဲအကုန်လုံး ချုပ်ကိုင်ထားတယ်။” (ဒေါက်တာမိုးကျော်သူ)
ရေခဲပြင်ဖုံးတဲ့ မြောက်ဝင်ရိုးစွန်းက အာတိတ်စက်ဝန်းဒေသမှာ ရေခဲတွေ အရည်ပျော်နှုန်းက မကြာခင်နှစ်တွေအတွင်း သိသိသာသာ မြန်လာနေတယ်လို့ တရုတ်သုတေသနစာတမ်းမှာ တွေ့ရပါတယ်။ ကမ္ဘာတလွှားစစ်ပွဲတွေနဲ့အလုပ်များနေချိန် တရုတ်က အာတိတ်ဒေသမှာ သုတေသနကို ထဲထဲဝင်ဝင်လုပ်လာနေတဲ့အပေါ် ကမ္ဘာ့နိုင်ငံတွေက စိုးရိမ်လာနေတာဘာ့ကြောင့်ပါလဲ။
စစ်တပ်အာဏာသိမ်းတာ ၂ နှစ် ပြည့် ဖေဖေါ်ဝါရီ ၁ ရက် အင်္ဂါနေ့မှာပဲ Australia အစိုးရက မြန်မာကို နောက်ထပ် ဒဏ်ခတ်အရေးယူခဲ့ရာမှာ အီရန်ကိုပါ အရေးယူလိုက်တာဖြစ်ပြီး ဒီနိုင်ငံတွေက ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် Australia အစိုးရက အခုလို အရေးယူရတာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Penny Wong က ပြောပါတယ်။
မိုးဗြဲမြို့ဘက်ကို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်နေတဲ့အတွက် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ မနေ့ညက မိုးဗြဲမြို့ ပွဲကုန်း (၃) ရပ်ကွက်က နေအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အတွက် သားအဖ နှစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လောင်စာဆီ ပြတ်နေတဲ့ မြန်မာနိုင်ငံမှာ တနိုင်တပိုင်တူးနေတဲ့ ရေနံလက်ယက်တွင်းတွေ ရဲ့အခန်းကဏ္ဍက ဘယ်လောက်အရေးပါတယ် ဆိုတာသိရဖို့ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHOက ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်စရာရောဂါ ဖြစ်လာနိုင်တယ်လို့ သတ်မှတ်လိုက်တဲ့ Monkeypox မျောက်ကျောက် ရောဂါပိုး နဲ့ပတ်သက်ပြီး နောက်ဆုံးတွေ့ရှိချက်တွေကို ယူတားပြည်နယ် Co-Diagnostic ဇီဝနည်းပညာကုမ္ပဏီက သုတေသနပညာရှင် ဒေါ်ခင်ဇာဝင်းပြည့်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းပြီး တင်ပြထားပါတယ်။
နျူကလီယားနည်းပညာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ ယူကရိန်းနိုင်ငံကို ရုရှားက ဝင်တိုက်တဲ့အခါ ယူကရိန်းမှာရှိတဲ့ နျူကလီယား ဓါတ်အားပေးစက်ရုံတွေ ထိခိုက်ပျက်စီးပြီး ဆိုးဆိုးဝါးဝါး အန္တရာယ် ပေးမှာကို စိုးရိမ်လာကြပါတယ်။ ယူကရိန်းမှာ Chernobyl ဓါတ်အားပေးစက်ရုံအပါအဝင် နျူကလီယားစက်ရုံကြီး ၄ ခု ရှိနေတာကြောင့်ပါ။
နျူကလီယားနည်းပညာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ ယူကရိန်းနိုင်ငံကို ရုရှားက ဝင်တိုက်တဲ့အခါ ယူကရိန်းမှာရှိတဲ့ နျူကလီယား ဓါတ်အားပေးစက်ရုံတွေ ထိခိုက်ပျက်စီးပြီး ဆိုးဆိုးဝါးဝါး အန္တရာယ် ပေးမှာကို စိုးရိမ်လာကြပါတယ်။ ယူကရိန်းက နျူကလီယား Chernobyl စက်ရုံ မတော်တဆမှု ကြောင့်ပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်မှာ စတင်တွေ့ရှိခဲ့တဲ့ သုံးဖက်မြင်ပုံရိပ် Hologram နည်းပညာကို နာမည်ကျော် Star War ရုပ်ရှင်မှာ မင်းသမီး Liea ရဲ့ပုံရိပ်နဲ့ စတင်ရင်းနှီးခဲ့ကြတာပါ။ အခုခါမှာတော့ ဒီ ပုံရိပ်နည်းပညာကို ဆေးပညာ လောကမှာရော လုံခြုံရေးနယ်ပယ်မှာပါ သုံးနေကြတဲ့ အကြောင်း ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ တနိုင်တပိုင် ရွှေကျင် နေကြသူတွေဟာ ရွှေဖမ်းတဲ့အခါ ပြဒါးကိုပဲ သုံးလေ့ရှိကြပါတယ်။ သဘာဝ ဝန်းကျင်အတွက်ရော လူ့ကျန်းမာရေးအတွက်ပါ ထိခိုက်စေတဲ့ ပြဒါးအစား လက်ချားလို့ ခေါ်တဲ့ Borax ကို သုံးတာဟာ အန္တရာယ်ကင်းတယ်လို့ ဓါတုပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောပါတယ်။ ဒေါ်ခင်မျိုးသက်မေးမြန်း တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်