မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်သူ လူနာသစ် ၂၁၂ ယောက် သောကြာနေ့က အတည်ပြုလိုက်တဲ့အတွက် ၄ လအတွင်း အများဆုံးဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ရောဂါပိုး စမ်းသပ်စစ်ဆေးမှုတွေကိုလည်း သေသေချာချာ မလုပ်နိုင်ပဲ ဖြစ်နေတာပါ။
မြန်မာနိုင်ငံမှာ တွေ့နေရတဲ့ ထောက်လှန်းရေး၊ စောင့်ကြည့်ရေးနဲ့ ကင်းထောက်ရေးသုံးISR (Intelligence, Surveillance and Reconnaissance) အမျိုးအစား ဒရုန်းယာဉ်တွေနဲ့ ဒီဒရုန်းတွေနဲ့ ထောက်လှန်းမှုကို ဘယ်လိုရှောင်နိုင်တယ်ဆိုတာကို အမေရိကန် IT နည်းပညာရှင် ကို Stanley ဇေယျ ကို မေးမြန်းပြီး တင်ပြပေးမှာပါ။
ဒီတပတ်တော့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ရှိမရှိ ပျားတွေနဲ့စမ်းသပ်ဖို့ သိပ္ပံ ပညာရှင်တွေ ကြိုးစားနေတဲ့ အကြောင်း ပြောပြပေးမှာပါ။
NASA က မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် ဦးဆောင်ပြီး တီထွင်ထားတဲ့ Ingenuity စူးစမ်းရေး ရဟတ်ယာဉ် သေးသေးလေးဟာ ၂၀၂၁ ခုနှစ် ဧပြီလ ၁၉ ရက် တနင်္လာနေ့ က အင်္ဂါဂြိုဟ်ပေါ်မှာ ပထမဆုံး အောင်အောင်မြင်မြင် ပျံသန်းပြပြီး သမိုင်းမှတ်ကျောက်တင်ခဲ့တယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။
အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာအပါအဝင်အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ လူသားချင်းစာနာမှု အကူညီတွေ ပေးနိုင်ဖို့ လိုလားနေကြတာဖြစ်ပြီးမြန်မာအပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံက အချက် ၅ ချက်ပါ သဘောတူညီချက်ကို ချမှတ်နိုင်ခဲ့ပါတယ်။
လူငယ်အများစုဟာ စစ်တပ်အာဏာသိမ်းမှုကို အွန်လိုင်းက ရတဲ့ နည်းပညာတွေသုံးပြီး တီထွင်ဆန်းသစ်မှုတွေနဲ့ တွန်းလှန်ဖို့ ကြိုးစား နေကြတာတွေ့ရတယ်လို့ အမေရိကန်စစ်တပ် စစ်ရေးအတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာ ဦးသူရအောင်က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းတာကို လက်မခံပဲ လမ်းတွေပေါ်ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်ကြီးတဲ့ မျက်ရည်ယိုဗုံးဒဏ်ကနေ ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်သင့်တာတွေနဲ့ ထိတွေ့မိခဲ့ရင် ဘာလုပ်သင့်တယ် ဆိုတာတွေကို ဒီတပတ်မှာ ပြောပြပေးမှာပါ။
ဒီတပတ်တော့ စစ်တပ်အာဏာသိမ်းတာကို လက်မခံပဲ လမ်းတွေပေါ်ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ မျက်ရည်ယိုဗုံး အန္တရာယ်ကို ပြောပြပေးမှာပါ။
စစ်တပ် အာဏာသိမ်းတာကို လက်မခံဘဲ လမ်းတွေပေါ်ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ မျက်ရည်ယိုဗုံး အန္တရာယ်နဲ့ပတ်သက်ပြီး အမေရိကန်စစ်တပ်က သဘာဝဝန်းကျင် ကျန်းမာရေးဆိုင်ရာ အကြီးအကဲ တဦးဖြစ်တဲ့ ဦးသူရအောင် ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းထားပါတယ်။
ကနေဒါနိုင်ငံ တိုရွန်တိုမြို့က မဟာဓမ္မိကကျောင်းမှာ သီတင်းသုံးနေတဲ့ သံဃာ့ဥ သေ ျှာင်ဆရာတော်တပါးဖြစ်တဲ့ ကနေဒါ အပြည်ပြည်ဆိုင်ရာ မြန်မာသံဃာတော်များအဖွဲ့ CIBSO ဥက္ကဌ ဆရာတော်ဦးကောဝိဒ ရဲ့ အမြင်ကရော ဘယ်လိုရှိပါသလဲ။ဒေါ်ခင်မျိုးသက်က လေ ျှာက်ထား မေးမြန်းထားပါတယ်။
တိုင်းပြည်အကျိုးအတွက် စေ့စပ်ညှိ့နိုင်းမှုလိုအပ်ပေမဲ့ ပြည်သူတရပ်လုံး မဲပေးထောက်ခံပြီး NLD အနိုင်ရထားတဲ့ ရွေးကောက်ပွဲမှာ မဲမသာမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကတော့ ယုတ္တိမရှိတဲ့အကြောင်း ကနေဒါနိုင်ငံက သံဃာ့ဥသျှောင်အဖွဲ့ ဆရာတော် ဦးကောဝိဒက က မိန့်ကြားပါတယ်။ ဒေါ်ခင်မျိုးသက် ဆက်သွယ်မေးမြန်းထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ပြဌာန်းဖို့ပြင်ဆင်နေတဲ့ ဆိုင်ဘာလုံခြုံရေးဥပဒေမူကြမ်းကို မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပ ကွန်ပြူတာပညာရှင်တွေ ကန့်ကွက်နေကြပါတယ်။ ဘာကြောင့် ကန့်ကွက်ကြတာပါလဲ။
မြန်မာမှာ စစ်တပ်ကအာဏာသိမ်းပြီး ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ အပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေး တညီတညွတ်တည်း တောင်းဆို ဆောင်ရွက်လာတာဟာ သိပ်အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က တတိယအကြိမ်မြောက် အာဏာသိမ်းတဲ့အပေါ် တချိန်က စစ်အစိုးရကို တကိုယ်တော် ဆန္ဒပြခဲ့သူ - အမေရိကန်နိုင်ငံ တက်ဆက်စ်ပြည်နယ်ရောက် ရေဇင်းတက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဆရာ ဆလိုင်းထွန်းသန်းရဲ့ အမြင်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွါးတာ တနှစ်ရှိလာချိန်မှာ ဒီရောဂါအတွက် ကာကွယ်ဆေးတွေ ရလာပြီဖြစ်ပေမယ့် စိုးရိမ်စရာကောင်းအောင် ကူးစက်မြန်တဲ့ ဗီဇပြောင်းပိုးသစ်တွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒီပိုးသစ်တွေ အကြောင်း အဏုဇီဝဗေဒ ပညာရှင် မခင်ဇာဝင်းပြည့်က ပြောပြ ပေးမှာပါ
ဒီတပတ်တော့ ပလပ်စတစ်ကို သီတင်းပတ်အနည်းငယ်အတွင်း ခြေဖျက်ပေးနိုင်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။
၂၀၂၀ မှာ နေရဲ့ လေထု အပူချိန်ဘာကြောင့် သိပ်များနေတယ်ဆိုတာကို လေ့လာနိုင်တဲ့အပြင် သောကြာဂြိုဟ်မှာ သက်ရှိတွေ ရှိနိုင်ခြေ နဲ့ ဥက္ကာပျံစူးစမ်းရေးတွေ လုပ်နိုင်ခဲ့တဲ့အကြောင်း နာဆာသိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပြထားပါတယ်။
ဗြိတိန်နိုင်ငံမှာ Covid 19 ဖြစ်ပွါးမှုတိုးနေသလို ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်ပြန့်နှံ့နေတဲ့ အတွက် အမြင့်ဆုံးအဆင့် ကန့်သတ်ချက်တွေ ထုတ်ပြန်ထား ရပါတယ်။ ဒေါက်တာ အလိမ္မာဝင်းသိန်း ကို ဒေါ်ခင်မျိုးသက် ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ကိုဗစ်နဲ့ ရောက်လာတဲ့ လူနာတွေသိပ်များနေတယ်လို့ ခုလိုစပြောပါတယ်။
၂၀၂၀ မှာ နာဆာက အင်္ဂါဂြိုဟ်စူးစမ်းရေး အပါအဝင် အာကာသစူးစမ်းလေ့လာမှု အပြင် အာကာသဆိုင်ရာ တိုးတက်မှုတွေ အများကြီးရှိခဲ့တာနဲ့ ပတ်သက်ပြီး နာဆာက သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။
ဗြိတိန်နိုင်ငံမှာ COVID- 19 ဖြစ်ပွားမှုတိုးနေသလို ကူးစက်မြန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်ပျံ့နှံ့နေတဲ့ အတွက် Tier 4 အမြင့်ဆုံးအဆင့် ကန့်သတ်ချက်တွေ ထုတ်ပြန်ထား ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်