၂၀၂၀ ထဲမှာ အင်္ဂါဂြိုဟ်စူးစမ်းမှု အပါအဝင် အာကာသနည်းပညာတွေ၊ AI နည်းပညာတွေ တိုးတက်မှုရှိတဲ့ အပြင် တကမ္ဘာလုံးခံစားနေရတဲ့ ကိုရိုနာဗိုင်းရပ်စ်အတွက် အချိန်တိုအတွင်း ကာကွယ်ဆေးထုတ်နိုင်တဲ့ ဆေးဘက်ဆိုင်ရာ ထူးခြားတဲ့ အောင်မြင်မှုတွေ ရှိခဲ့တယ်လို့ နာဆာ သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပါတယ်။
ကာကွယ်ဆေး မပေါ်ခင်က ဒီရောဂါပိုးရှိမရှိ စစ်ဆေးတာနဲ့ အခု ကာကွယ်ဆေး ပေါ်လာခဲ့တဲ့နောက်ပိုင်း စမ်းသပ်မှုမှာ ဘာတွေ သတိထားဖို့ လိုပါသလဲ။ မြောက်ကာရိုလိုင်းနားပြည်နယ်၊ Greenville က Vidant Medical Center အဏုဇီဝဗေဒ ဓါတ်ခွဲခန်း တာဝန်ခံ ဒေါက်တာဖြူမြတ်သွယ်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းတဲ့အခါ ခုလို စပြောပြပါတယ်။
၂၀၂၀ အတွင်း မြန်မာနိုင်ငံမှာ သိပ္ပံနဲ့နည်းပညာ အကူညီပေးနေတဲ့ ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC)က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းထားပါတယ်။ မြန်မာသုတေသနပညာရှင်တွေ အတွက် နိုင်ငံတကာပညာရှင်တွေရဲ့ အခမဲ့ ကွန်ပြူတာ အွန်လိုင်းသုတေသန ဆွေးနွေးပွဲတွေကို လက်လှမ်းမှီလာကြတယ်လို့ စပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဒဏ်ခံခဲ့ရတဲ့ ၂၀၂၀ အတွင်း မြန်မာနိုင်ငံမှာ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ထူးခြားတဲ့ ပြောင်းလဲ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ဂျပန် ဂျပန် အဏ္ဏဝါ ဘူမိ သိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူကို မေးမြန်းပြီး တင်ပြပေးမှာပါ။
ကာကွယ်ဆေး မပေါ်ခင်က ဒီရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးတာနဲ့ အခု ကာကွယ်ဆေး ပေါ်လာခဲ့တဲ့နောက်ပိုင်း စမ်းသပ်မှုမှာ ဘာတွေ သတိထားဖို့ လိုပါသလဲ။ ဒေါက်တာဖြူမြတ်သွယ်က ပြောပြ ပေးမှာပါ။
Moderna နဲ့ Pfizer ကာကွယ်ဆေးတွေအတွက် စိတ်ချရမှုအတိုင်းအတာ ဘယ်လောက်ရှိတယ် ဆိုတာကို သိရဖို့ ကာကွယ်ဆေးစမ်းသပ်မှုတွေလုပ်တဲ့ အဏုဇီဝဗေဒ ပညာရှင် မခင်ဇာဝင်းပြည့်ကို မေးမြန်းပြီး တင်ပြ ပေးထားပါတယ်။
ဒီဇင်ဘာ ၂၀၊ ၂၀၂၀ - ဒီရောဂါရှိမရှိ စမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီးနောက်ဆုံး အခြေနေကို သိရဖို့ အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်၊ Greenville က Vidant Medical Center အဏုဇီဝဗေဒ ဓါတ်ခွဲခန်း တာဝန်ခံ ဒေါက်တာဖြူမြတ်သွယ်ကို မေးမြန်းပြီး တင်ပြထားပါတယ်။
ဒီဇင်ဘာ ၁၃၊ ၂၀၂၀ - ကာကွယ်ဆေးတွေ စိတ်ချရမှုအတိုင်းအတာနဲ့ ပတ်သက်ပြီး အဏုဇီဝဗေဒပညာရှင် မခင်ဇာဝင်းပြည့် ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားပါတယ်။
တဝီဝီနဲ့ ပျံနေတဲ့ ခြင်ရဲ့ အသံကိုနားထောင်ပြီး ဒါဟာ လူတွေကို အန္တရာယ် ပေးနိုင်တဲ့ ခြင်ဟုတ်မဟုတ် သိပ္ပံပညာရှင်တွေ ဖါ်ထုတ်နိုင်ပြီ ဆိုတဲ့ အကြောင်း တင်ပြပေးပါမယ်။
အမေရိကန် ဆေးကုမ္ပဏီ Pfizer က ဂျာမဏီ BioNTech နဲ့ လက်တွဲပြီး စမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေးဟာ ရာခိုင်နှုန်း ၉ ၀ ကျော် ထိရောက်မှုရှိတယ်လို့ နိုဝင်ဘာလ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီကာကွယ်ဆေးရဲ့ အလားအလာ နဲ့ပတ်သက်ပြီး အဏုဇီဝဗေဒပညာရှင် မခင်ဇာဝင်းပြည့် ရဲ့ အမြင်ကို ကြည့်ရအောင်ပါ။
ဒီတပတ်တော့ မြေကမ္ဘာကနေ မိုင် ၂၀၀ ကျော် အကွာမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းမှာ လူသားတွေ နေထိုင်တာ အနှစ် နှစ်ဆယ် ပြည့်တဲ့၂၀၂၀ မှာ အမေရိကန် ရွေးကောက်ပွဲအတွက် အာကာသထဲကနေ မဲပေးတဲ့ အကြောင်း ပြောပြပေးမှာပါ။
မျိုးဗီဇ DNA ကို ကိုယ်လိုချင်တဲ့ နေရာအစိတ်အပိုင်းမှာ ပြောင်းလဲပေးနိုင်ဖို့ တိတိကျကျ ဖြတ်တောက်နိုင်တဲ့ မျိုးဗီဇ ကပ်ကျေး Crispr-Cas9 "genetic scissors" ကို ရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင် ၂ ဦးကို ၂၀၂၀ အတွက် ဓါတုဗေဒနိုဘယ်ဆု ပူးတွဲ ပေးအပ်ခဲ့ပါတယ်။
မျိုးဗီဇ DNA ကို ကိုယ်လိုချင်တဲ့ နေရာအစိတ်ပိုင်းမှာ ပြောင်းလဲပေးနိုင်ဖို့ တိတိကျကျ ဖြတ်တောက်ပေးနိုင်တဲ့ မျိုးဗီဇကပ်ကျေး ခေါ် Crispr-Cas9 "genetic scissors" ကို တွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင် ၂ ဦးကို ၂၀၂၀ အတွက် ဓါတုဗေဒ နိုဘယ်ဆု ပူးတွဲပေးအပ်ခဲ့ပါတယ်။ နာဆာသိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။
Black Holes လို့ခေါ်တဲ့ တွင်းနက်ကြီးတွေနဲ့ ပတ်သက်ပြီး နားလည်လာအောင် သက်သေပြခဲ့သူ ၃ ဦးဖြစ်တဲ့ ဗြိတိန် သိပ္ပံ ပညာရှင် Sir Roger Penrose ၊ ဂျာမန်လူမျိုး ပါမောက္ခ Reinhard Genzel နဲ့ အမေရိကန် ပါမောက္ခ Andrea Ghez ၃ ဦးကို ၂၀၂၀ အတွက် ရူပဗေဒ နိုဘဲလ်ဆု ပူးတွဲချီးမြှင့်ခဲ့ပါတယ်။
ကိုဗစ် ၁၉ အကူးစက်ခံရသူဟာ ကမ္ဘာမှာ ၃၆ သန်းကျော်နေပြီမို့ ကာကွယ်ဆေးကို လူတိုင်း မေ ျှာ်လင့်နေကြပေမယ့် ခုထိ မထုတ်နိုင်သေးပါဘူး။ ဒီလိုကြာနေရတာဟာ စိတ်ချရတဲ့ ကာကွယ်ဆေးရဖို့ အဆင့်ဆင့် လုပ်ဆောင်နေရတာကြောင့်လို့ အဏုဇီဝဗေဒ ပညာရှင် မခင်ဇာဝင်းပြည့်က ပြောပါတယ်။
လူသားတွေ အတွက် ထူးထူးခြားခြား အကျိုးဖြစ်ထွန်းစေမယ့် မျိုးဗီဇ တည်းဖြတ်ပြုပြင်နိုင်တဲ့ နည်းကို တွေ့ရှိခဲ့သူ အမျိုးသမီး ၂ ဦးကို ဒီနှစ် ၂၀၂၀ အတွက် ဓါတုဗေဒနိုဘဲလ်ဆု ပေးအပ်ခဲ့ တယ်လို့ နာဆာသိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။ မျိုးဗီဇကို ဘယ်လိုတည်းဖြတ်တာပါလဲ။ ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားပါတယ်။
စွန့်ပစ်ပစ္စည်းအမျိုးမျိုးကနေ လောင်စာဆီထုတ်တဲ့နည်းတွေထဲက ပလပ်စတစ်နဲ့ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတွေကနေ လောင်စာ အရည်ထုတ်ဖို့ မြန်မာနိုင်ငံလေကြောင်းနဲ့ အာကာသပညာ တက္ကသိုလ်မှာ လုပ်တဲ့ သုတေသနတွေ အကြောင်း ဒုပါမောက္ခချုပ် ဒေါက်တာမိုးသန္တာကြည်က ပြောပြပေးမှာပါ။
ကိုဗစ် ၁၉ ရောဂါရှိမရှိ အမြန်စမ်းသပ်နိုင်တဲ့နည်းတွေ အကြောင်း မြောက်ကာရိုလိုင်းနားပြည်နယ် Greenville Vidant Medical Center ရဲ့ အဏုဇီဝ ဓါတ်ခွဲခန်းအကြီးအကဲ ဒေါက်တာဖြူမြတ်သွယ် ကို မေးမြန်းပြီး တင်ပြပေးပါမယ်။
ဒီတပတ်တော့ မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသကညာ တက္ကသိုလ်ကနေ နိုင်ငံ့အတွက် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ဖို့ ဘာကြောင့် ကြိုးစားကြတယ် ဆိုတာကို ပါမောက္ခချုပ် ဒေါက်တာကြည်သွင်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။
စက်တင်ဘာ ၂၁၊ ၂၀၂၀ - မြန်မာနိုင်ငံအတွက် ကိုယ်ပိုင်ဂြိုဟ်တုတစ်လုံးကို ပထမဆုံးလွှတ်တင်ဖို့ လုပ်နေပါပြီ။ ဘယ်လိုဂြိုဟ်တု အမျိုးအစားပါလဲ။ ဘာ့ကြောင့် လွှတ်တင်ဖို့ ကြိုးစားရတာပါလဲ။ အပြည့်အစုံကို သိရဖို့ ပါမောက္ခချုပ် ဒေါက်တာကြည်သွင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို စပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်