မြန်မာနိုင်ငံမှာ ငါးမျိုးမပြုန်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြစ်ချောင်း အင်းအိုင်နဲ့ ရေကန်တွေမှာ အစိုးရက ငါးမျိုးတွေထည့်ပေးတာဟာ မလုပ်သင့်ဘူးလို့ စိမ်းလန်းအမိမြေအဖွဲ့က မြင်ပါတယ်။ ဘာကြောင့်ပါလဲ။
ကမ္ဘာပတ်လမ်းထဲလွှတ်တင်ထားတဲ့ အသုံးမဝင်တော့တဲ့စက်တွေ အမှိုက်အဖြစ်နဲ့ လွင့်မျောနေတဲ့ အန္တရာယ် ကြီးပါတယ်။ ဒါ့ကြောင့်လည်း ဒီအာကာသ အမှိုက်တွေကို ရှင်းဖို့ သိပ္ပံပညာရှင်တွေ စီစဉ်နေတဲ့ အကြောင်း Kevin Enochs ရဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
မြောက်ကိုရီးယားက ပင်မ ဒုံးကျည်စမ်းသပ်ရေးနဲ့ ပစ်လွှတ်ရေး စခန်းတခုကို ပြန်လည်တည်ဆောက်နေတဲ့ သတင်းတွေရထားတယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် ပုဂ္ဂလိက သုတေသနဌာန ၂ ခု က ပြောပါတယ်။
ဒီမိုကရက်တွေ ကြီးစိုးတဲ့ အမေရိကန် အောက်လွှတ်တော်က သမ္မတ Donald Trump ကို သူ့ ရဲ့ ၂၀၁၆ ရွေးကောက်ပွဲမဲဆွယ်ပွဲအပြင် သူ့စီးပွါးရေးနဲ့ သူအာဏာရယူချိန်တွေမှာ တရားရေးကို ကြားဝင်နှောက်ယှက်မှု ရှိမရှိ ကျယ်ပြန့်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို စတင်လိုက်ပါပြီ။
၂၀၁၉ ဖေဖေါ်ဝါရီ လဆန်းမှာ မွန်ပြည်နယ် ရေးမြို့က ရှေးဟောင်းကျုံးတော်ကြီး ကန်မှာ မီးသတ်ကား ၇ စီး ၈ စီးတိုက်စာ ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။ ဘာကြောင့်ပါလဲ။ သွားရောက် စူးစမ်းခဲ့တဲ့ စိမ်းလန်းအမိမြေအဖွဲ့က ဦးဝင်မျိုးသူက ပြောပြပေးမှာပါ။
အသစ်တီထွင်လိုက်တဲ့ နေစွမ်းအင်သုံး ဆိုလာပြားတွေဟာ ဈေးသက်သာသလို နေရောင်ခြည်ကနေ စွမ်းအင်ကို ပိုပြီးရအောင် လုပ်လာ နိုင်တာကြောင့် ပြန်ပြည့်မြဲစွမ်းအင်သုံး စက်မှုလုပ်ငန်းတွေ ပိုများလာနိုင်ချေရှိနေတဲ့အကြောင်း Steve Baragona ပေးပို့ထားတဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ် သန်းတဝက်လောက်ရှိနေပြီး သူတို့ရဲ့အနေထားက မျှော်လင့်ချက်ကင်းမဲ့ပြီး စိတ်ဓါတ်ကျဖို့ရာ သိပ်ကိုလွယ်ကူစေတာကြောင့် ဒီကလေးငယ်တွေရဲ့အနာဂတ်ဟာ အတော်ကို စိုးရိမ်စရာကောင်းနေတယ်လို့ UNICEF ကပြောပါတယ်။ ဒေါ်ခင်မျိုးသက်က ပြောပြထားပါတယ်။
၂၀၁၇ သြဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကမ္ဘာပေါ်က အကြီးဆုံး ဒုက္ခသည်စခန်းမှာ ကြပ်ကြပ်တည်းတည်းနဲ့ ၁၈ လကြာခဲ့ပြီးတဲ့နောက် အဲဒီထဲက ကလေးငယ်တွေရဲ့အခြေနေကို UNICEF က စစ်တမ်းထုတ်ခဲ့တာပါ။
အီးယူ ဥရောပသမဂ္ဂက OIC နဲ့ မနှစ်ကပူးတွဲ တင်သွင်းခဲ့တဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ အဆိုပြုချက်ကို ဒီနှစ်ထပ်မံတင်သွင်းရာမှာ ထောက်ခံမှုပေးကြဖို့ ဖေဖေါ်ဝါရီလ ၂၆ ရက် အင်္ဂါနေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီရဲ့ အကြိမ် ၄၀ မြောက် ပုံမှန် အစည်းဝေးမှာ ပန်ကြားခဲ့ပါတယ်။
သတင်းမီဒီယာတွေနဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တွေ၊ ငြိမ်းချမ်းစွာ စုရုံးခွင့်တွေအပေါ် မြန်မာအစိုးရက တိုးပြီး ဖိနှိပ်လာတာကြောင့် မြန်မာနိုင်ငံထဲမှာ ကြောက်ရွံ့စိုးရိမ်မှုတွေတိုးလာနေတယ်လို့ လူ့အခွင့်အရေး လုပ်ဆောင်သူတွေက ပြောပါတယ်။ Steve Sandford ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
သတင်းမီဒီယာတွေနဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တွေ၊ ငြိမ်းချမ်းစွာ စုရုံးခွင့်တွေ အပေါ် မြန်မာအစိုးရက တိုးပြီး ဖိနှိပ်လာတာကြောင့် မြန်မာနိုင်ငံထဲမှာ ကြောက်ရွံ့ံမှုနဲ့ သတင်းတွေကို ကိုယ့်ဖာသာ တည်းဖြတ်ပြီးမှ ဖြန့်ဝေတဲ့ အလေ့ပေါ်လာစေတယ်လို့ တက်ကြွလှုပ်ရှားသူ တွေနဲ့ လူ့အခွင့်ရေးလုပ်ဆောင်သူတွေက ပြောပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို ရှေ့သီတင်းပတ်ထဲမှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။
အတိုက်အခံဒီမိုကရက်တစ်ပါတီက Vermont ပြည်နယ် အလွှတ်တော်အမတ် Bernie Sanders က ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက်ဒီမိုကရက်တစ်ပါတီရဲ့သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ Bernie Sanders ရဲ့ အနေထားနဲ့ အလားအလာတွေကို ဒေါ်ခင်မျိုးသက်က စုစည်း တင်ပြပေးမှာပါ။
ဒီတပတ်တော့ အာကာသခရီးသွားတွေ အတွက် စမ်းသပ်လေ့လာနေတဲ့ ဆေးပညာရပ်ဆိုင်ရာ တီထွင်ဖန်တီးမှုတွေအကြောင်း နာဆာ သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပြပေးမှာပါ။
၂၀၁၈ ခုနှစ်မှာ စက်မှုနည်းပညာဆိုင်ရာ တိုးတက်မှု အများအပြားရှိခဲ့ပါတယ်။ ဒီအထဲက ထူးခြားတဲ့ တိုးတက်မှုတချို့ကို နာဆာ သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။
တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီု လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် တရားရုံးတင်စစ်ဆေးလာတာ အခုဆို ၂ နှစ်ကျော်နေပြီဖြစ်ပြီး ဖေဖေါ်ဝါရီလ ၁၅ ရက် သောကြာနေ့မှာတော့ နောက်ဆုံးစီရင်ချက်ကို ချမှတ်တော့မှာ ဖြစ်ပါတယ်။
၂၀၁၄ က တရုတ်နဲ့ ကန်ထရိုက်စာချုပ်ချုပ်ပြီး Standard Gauge ရထားလမ်း တည်ဆောက်လိုက်တာဟာ ကင်ညာနိုင်ငံရဲ့ မဟာဗျူဟာကျတဲ့ ပိုင်ဆိုင်မှုတွေ အန္တရာယ်တွင်းထဲရောက်အောင် ကင်ညာအရာရှိတွေကိုယ်တိုင် တွန်းပို့သလို ဖြစ်နေတယ်လို့ နာမည်ကြီး ကင်ညာသတင်းစာထဲမှာ ဖေါ်ပြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်ထဲက စီးပွါးရေးအချက်အခြာကျတဲ့ Kochi မြို့ နိုင်ငံတကာလေဆိပ်ဟာ နေရောင်ခြည် စွမ်းအင်နဲ့ လည်ပတ်နေတာဖြစ်ပြီး ကမ္ဘာပေါ်က အဆန်းသစ်ဆုံး လေဆိပ်တွေထဲက တခုဖြစ်ပါတယ်။ Anjana Pasricha ပေးပို့ထားတဲ့ သတင်းလွှာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ဒီလကုန်လောက်မှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-unနဲ့ ဗီယက်နမ်နိုင်ငံ Da Nang မြို့မှာ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကို ကျင်းပမယ်လို့ အမေရိကန် သမ္မတရဲ့ ကြေညာချက်ကို အမေရိကန်တွေရဲ့မဟာမိတ်တွေက သတိနဲ့ ကြိုဆိုခဲ့ကြပါတယ်။
ကမ္ဘာ့နိုင်ငံတွေမှာ လွတ်လပ်မှုအတိုင်းအတာ ဘယ်လောက်ရှိနေတယ် ဆိုတာကို လေ့လာဆန်းစစ်တဲ့ ဝါရှင်တန်အခြေစိုက် Freedom House အဖွဲ့ကြီးက မြန်မာနိုင်ငံကို မနှစ်က အမှတ် ၃၁ မှတ်ပေးထားရာကနေ အခု ၂၀၁၉ အစီရင်ခံစာထဲမှာ အမှတ် ၃၀ အဖြစ် တမှတ်လျှော့ပြီး သတ်မှတ်ပေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်