ယူကရိန်းဒုက္ခသည် အတော်များများဟာ အမေရိကန် ပြည်ထောင်စု Colorado ပြည်နယ်ကို ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့ကို ဒေသခံ စေတနာ့ဝန်ထမ်းအသင်းအဖွဲ့တွေက အကူအညီပေး အကူအညီတွေပေးကြပါတယ်။ Svitlana Prystynska ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်က ပြည်သူ့စစ်စခန်း ၂ ခုကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဒီကနေ့ သိမ်းယူခဲ့ပြီး စစ်ကောင်စီဘက်ကတော့ လိုင်ဇာအနီး အနားဝန်းကျင်နဲ့ မိုင်ဂျာယန်ဘက်တွေကို လေကြောင်းက တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စက်သုံးလောင်စာဆီဈေးတွေမြင့်တက်ပြီး မြို့ကြီးတွေမှာ ယာဉ်မျိုးစုံနဲ့ တန်းစီဝယ်ယူနေရသလို ကျေးလက်ဒေသတွေက လယ်ယာစိုက်ပျိုးရေးအပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိနေပါတယ်။ ဒီအကြောင်းလေ့လာထားတဲ့ ကိုခင်မောင်စိုးမင်း က ဒီတပတ်မြေကြီးသြဇာအစီအစဉ်မှာ စုစည်းတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စက်သုံးဆီ ဝယ်ရခက်တဲ့ ပြဿနာကြုံနေတာ ရက်ရှည်ဖြစ်လာသလို ဒီသီတင်းပတ်အတွင်း စက်သုံးဆီ အရောင်းဆိုင်တွေ့ရှေ့မှာ ဆီရဖို့ တန်းစီနေကြတဲ့ ကားတန်းရှည်ကြီးတွေကို တွေ့လာရပါတယ်။
မြန်မာနိုင်ငံ စိုက်ပျိုးရေးမှာ လုပ်သားရှားပါးမူ၊ ခိုင်းနွားတွေ လုံလုံလောက်လောက်မရှိမှု နဲ့ စက်ကိရိယာတွေ အသုံးပြုတဲ့အခါမှာလည်း လောင်စာဆီဈေးတွေ ကြီးမြင့်မှုတွေကြောင့် တောင်သူလယ်သမားတွေမှာ အကျိုးအမြတ် သိပ်မရှိကြတော့ပါဘူး။ ဒီအကြောင်း လေ့လာစုံစမ်းထားတဲ့ ကိုခင်မောင်စိုးမင်း က အခုလို စုစည်းတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေရာက ကုန်ထုတ်လုပ်မှုတွေနဲ့ ကုန်သွယ်ရေးအပေါ် ရိုက်ခတ်မှုတွေလည်း ကြီးမားလာနေပါတယ်။ နယ်စပ်ဒေသမှာ တိုက်ပွဲတွေကြောင့် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုတွေမှာ ထိခိုက်မှုတွေ ရှိနေတာပါ။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ သမ္မတအိမ်ဖြူတော်ကို နှစ်စဉ် ခရစ္စမတ်ကာလ အလှဆင်ဖို့အတွက် နိုင်ငံတဝန်းက လူထောင်ပေါင်းများစွာဟာ သူတို့ရဲ့ ဆောင်းရာသီ အားလပ်ရက်မှာ စေတနာ့ဝန်ထမ်း လာရောက်ကူညီဖို့ လျှောက်ထားနိုင်ကြပါတယ်။ ဒါပေမယ့်လည်း အဲဒီအထဲကမှ လူပေါင်း ၃၀၀ ကိုသာ ရွေးချယ်သာဖြစ်ပါတယ်။
လက်ရှိ အခြေအနေမှာတော့ MNDAA က သိမ်းယူခဲ့တဲ့ ပန်ဆိုင်း(ကြူကုတ်)မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်နေပြီး ဒီလုပ်ငန်းတွေကို အခြား ထိန်းချုပ်နယ်မြေတွေမှာလည်းဆောင်ရွက်ထားကြောင်း ပြောပါတယ်။
ချင်းပြည်နယ်နဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီဒေသမှာ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးမှုတွေ ပြန်လည်ရရှိလာတဲ့အတွက် အရင်က စွန့်ပစ်ထားခဲ့ရတဲ့ တောင်ယာ နဲ့ လယ်ယာတွေမှာ ပြန်လည် စိုက်ပျိုးနိုင်လိမ့်ကြလိမ့်မယ်လို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
မြို့သိမ်းတိုက်ပွဲ ပထမအဆင့်အနေနဲ့ ဟားခါးမြို့မှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ဟားခါး CDF က ၂ ရက်ဆက်တိုက် ဝင်ရောက် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ လက်နက်ကြီး ပစ်ခတ်တာတွေရှိပေမဲ့ မြို့တွင်းမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တနိုင်ငံလုံး အတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆင်ဖို့ဆိုရင် တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လက်တွဲဖို့ လိုအပ်နိုင်သလို၊ တိုက်ခိုက်မှုတွေရပ်ဖို့ တိုက်တွန်းနေတဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း တွက်ချက်ထားဖို့ လိုမယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့ ရွှေပြည်အေးကျေးရွာနဲ့ လွှစင်ကုန်းကျေးရွာတို့မှာ စစ်တပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေအပြင်းအထန် ဖြစ်နေပြီး စစ်တပ် စခန်းအချို့လည်း သိမ်းဆည်းရမိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တိုက်ပွဲ ပြန်လည်စတင်ခဲ့တဲ့ နေ့ကစပြီး ဒေသခံအရပ်သားတွေ၊ စီးပွားရေးသမားတွေ၊ AA အဖွဲ့နဲ့ ဆက်စပ်သူတွေ အဖမ်းအဆီး ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာတပ်မတော်ထဲက အောက်ခြေ စစ်သားထုကြီးထဲမှာ အစဉ်အဆက်အားဖြင့် အညာကျေးလက်က တောင်သူလယ်သမား နဲ့ လယ်ယာလုပ်သား မိဘတွေက မွေးဖွားလာကြတဲ့ သူတွေက အများအပြားပါဝင်ကြပါတယ်။ အဲဒီ အောက်ခြေ စစ်သားအများစုရဲ့ အညာဒေသ အတော်များများမှာ အခုအခါ ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်ပွားနေပါတယ်။
ဟာမတ်စ် စစ်သွေးကြွတွေက ဂါဇာဒေသဖက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာခံရတဲ့ အစ္စရေး ဓါးစာခံ ၂၄၀ နီးပါးရဲ့ မိသားစုတွေက Tel Aviv ကနေ Jerusalem ကို ၅ ရက်ကြာလမ်းလျှောက် ဆန္ဒပြကြပါတယ်။ ဒီအကြောင်း Tel Aviv မြို့ကနေ Linda Gradstein သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။
မြန်မာနိုင်ငံတွင်းမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရတဲ့ သူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်။ ကလေးသူငယ်တွေရဲ့ အခြေခံအခွင့်အရေး ဆုံးရှုံးတာအပြင် ထိခိုက်သေဆုံးတဲ့အထိ ကြုံတွေ့နေရတဲ့ အခြေအနေကိုလည်း ရင်ဆိုင်နေရတာပါ။
"တောင်ဘက်ခြမ်းကနေ ဝိုင်းပြီးတော့ ကျားတက်ရဲစခန်းကို ဝိုင်းတိုက်တာ ဒီနေ့ ၁၅ ရက် ဒီနေ့ကျတော့ သူတို့ အထိုင်စခန်းမှာရှိတဲ့ ရဲကော၊ စစ်သားကော တယောက်မှ မရှိကြတော့ဘူး။ အကုန်လုံး ထွက်ပြေးကုန်ကြပြီ။ ပုလဲဘက်ကို ထွက်သွားပြီ ဒီလိုပဲ သိရတာပါဗျ။” (ဗိုလ်အိုင်စီ-PDF)
မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်အာဏာသိမ်းပြီးနောက် ရရာလက်နက်ဆွဲကိုင်ပြီး ခုခံကြတဲ့အထဲမှာ အထက် အညာဒေသက တောင်သူလယ်သမားထုကြီးရဲ့ အခန်းကဏ္ဍဟာ အဓိက နေရာက ပါရှိပါတယ်။ ဒီအကြောင်း လေ့လာထားတဲ့ ကိုခင်မောင်စိုးမင်း က အခုလို စုစည်း တင်ဆက်ထားပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (လောက်ကိုင်) လက်အောက်ခံ ခမရ ၁၂၉ တပ်ရင်းက တပ်ရင်းမှုးအပါအဝင် တပ်ရင်း တရင်းလုံးနဲ့ တပ်မိသားစုဝင်တွေ စုစုပေါင်း လူ ၂၆၀ကျော်ဟာ ပြည်သူ့ရင်ခွင်ကို ဝင်ရောက်လာကြောင်း ညီနောင်မဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တရုတ်- မြန်မာနယ်စပ်ဒေသက စစ်ရေးအရ အရေးပါတဲ့ ကွမ်းလုံမြို့ကို MNDAA ကိုးကန့်တပ်တွေက သိမ်းပိုက်ထားပြီး အလုံးစုံ ထိန်းချုပ်နိုင်ဖို့ ဆက်လက်ကြိုးစားနေတယ်လို့ အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်