သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနယ်စပ်မှာ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွား


ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF (ယခင်မှတ်တမ်းဓါတ်ပုံ Photo by Handout / CHIN WORLD / AFP)
ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF (ယခင်မှတ်တမ်းဓါတ်ပုံ Photo by Handout / CHIN WORLD / AFP)

အိန္ဒိယနယ်စပ်မှာ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွား

{{Zawgyi/Unicode}}

ချင်းပြည်နယ် တွန်းဇံမြို့နယ်ဘက်မှာ ချင်းပူးပေါင်းတပ်ဖွဲ့နဲ့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ခွဲထွက်ရေး ကသည်းသူပုန်တပ်ဖွဲ့တို့အကြား ဇန်နဝါရီလ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ဘက်ကပြောပါတယ်။ တီးတိန်မြို့နယ်မှာလဲ ဒီနေ့မနက်နဲ့ မနေ့က ချင်းကာကွယ်ရေး ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွါးနေတာပါ။ တိုက်ပွဲဖြစ်ပွါးရာရွာက နေအိမ်တချို့ မီးရှို့ခံရပြီး ရွာသားတထောင်နီးပါး စစ်ဘေးတိမ်းရှောင်နေရပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ချင်းပြည်နယ်ဘက် စစ်ရေးအခြေအနေကို ကိုခင်မောင်စိုးမင်းကပြောပြပါမယ်။

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းက ချင်းပူးပေါင်းတပ်ဖွဲ့တွေနဲ့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် နယ်စပ်အခြေပြု ခွဲထွက်ရေးလက်နက်ကိုင် PLA ကသည်းသူပုန်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြပါတယ်။ တွန်းဇံမြို့နယ် စဲနမ်ကျေးရွာအနီးမှာချင်းပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦးCNF၊ PDF Zoland၊ CDM Siyin၊ Zogam Army၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ People's Defense Army (PDA) တို့ ပူးပေါင်းအဖွဲ့နဲ့ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ ကသည်းသူပုန်အဖွဲ့တို့ တိုက်ပွဲဖြစ်ကြတာပါ။ တိုက်ပွဲအတွင်း ၂ ဘက်လုံး အကျအဆုံးရှိတယ်လို့ Civic Defense Militia (CDM) Siyin အဖွဲ့တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

“ မနေ့ကပေါ့နော်။ တွန်းဇံဘက်တိုက်ပွဲဖြစ်တယ်ဗျ။ ကသည်းအဖွဲ့အစည်းဘက်ကတော့ (၈)ယောက်လောက်ပွဲချင်းပြီး သေတယ် တဲ့။ (၂၀)ကျော်က ထိခိုက်ဒဏ်ရာရတယ်တဲ့။ ပြီးတော့မှ ပြည်သူဖက် CNF ပေါ့နော်။ ကျွန်တော်တို့ဒီ ချင်းတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းပေါ့ CANအဖွဲ့တဖွဲ့က ဗိုလ်မှူးတယောက်ကျတယ်။ နောက်တပ်ခွဲမှူးကျတယ်ပေါ့နော်။ တိုက်ပွဲကတော့ ရွာအ ပြင်မှာဘဲဖြစ်တယ်ဗျ။ အဲဒီကသည်းသူပုန်ေတွေက နစကတွေနဲ့နားလည်မှုယူပြီးမှ အဲဒီဘက်မှာနေနေတာပေါ့နော်။

ကသည်းသူပုန်အဖွဲ့ဟာ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်နဲ့ အိန္ဒိယ – မြန်မာနယ်စပ်ရှိ စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ ကလေး မြို့နယ်နဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်တို့မှာ အခြေပြုနေပြီး အိန္ဒိယအစိုးရကို တော်လှန်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီသူပုန်အဖွဲ့တွေ နယ်စပ်မှာ အခြေပြုလှုပ်ရှားနေတာ နှစ်ပေါင်းကြာပါပြီ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်တဲ့ အဖွဲ့တွေ ပေါ်လာပြီးနောက်ပိုင်း အဲဒီနယ်မြေတွေနားမှာ လှုပ်ရှားလာကြတဲ့အတွက် အခုလို တိုက်ပွဲတွေဖြစ်လာတာလိ့ု ခန့်မှန်းရပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF အပါဝင် ချင်းမျိုးနွယ်စု ပူးပေါင်းအဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့ကြားမှာလည်း ဇန်နဝါရီလ ၁၄ ရက် သောကြာနေ့မနက်ဘက်မှာ တီးတိန်မြို့ နယ်အတွင်း တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ CDM–Siyin အဖွဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။
“အခုကျွန်တော်တို့က စစ်ကောင်စီတွေနဲ့တိုက်ပွဲပြင်းထန်နေလို့။ စစ်ကောင်စီတွေကတက်လာလို့။ သူတို့က ထိုးစစ်ဆင်နေလို့။ ကလေးနဲ့တီးတိန်ကြားမှာ။ ဒီမနက်(၁၀)နာရီကတည်းက ပစ်ခတ်နေတာ အခုချိန်ထိမနားသေးဘူး။ လက်နက်ကြီး ကျလို့ ကျွန် တော်တို့ စစ်သားတယောက် နားလုံးဝကန်းနေတယ်ပေါ့နော်။ ပြီးတော့မှ ကျွန်တော်တို့ဒဏ်ရာရတဲ့သူ တယောက် ရှိတယ်။ ” ”

သောကြာနေ့ ညနေပိုင်း ၄ နာရီခွဲအထိ တိုက်ပွဲဖြစ်ပွါးနေဆဲလို့ပြောပါတယ်။ ကြာပသတေးနေ့တုန်းကလည်း တီးတိန်မြို့နယ် ထေးဇန်ကျေးရွာမှာ ချင်းပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ပစ်ခတ်တိုက် ခိုက်မှု ဖြစ်ပွါးခဲ့ပါသေးတယ်။

“ကျွန်တော်တို့ Zogam ချင်းရယ်၊PDF Zoland ရယ်၊ CAN ရယ်၊ CDM ရယ် စုပေါင်းပြီးမှ တိုက်ပွဲဖြစ်နေတယ်။ အစိုးရတော့ သူတို့(၇)ကောင်လောက်တော့ သေတယ်။ ဒဏ်ရာရတဲ့သူတော့များတယ်ပေါ့နော်။”

ထေးဇန်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများတယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ဘက်ကပြောပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲဖြစ်ပွါးမှုအခြေအနေနဲ့ပက်သက်လို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့မရခဲ့ပါဘူး။ တိုက်ပွဲဖြစ်ပွါးမှုအတွင်း တီးတိန်မြို့နယ် ထေးဇန်ကျေးရွာက နေအိမ်တချို့မီးလောင်ခဲ့ပြီး ရွာ ၁၀ ရွာကရွာသားတထောင်နီးပါး တိမ်းရှောင်နေရတယ်လို့ တီးတိန်မြို့ခံတဦးကပြောပါတယ်။
“ထေးဇန်ရွာ တရွာတော့ မီးရှို့ပစ်တယ်သူတို့။ အဲဒီမှာက ကော်ဖီစိုက်ခင်းခြံဆိုတော့ အိမ်က ၇ အိမ်လောက်ရှိပါတယ်။ အဲဒီမှာ ၄ အိမ်လောက်တော့ပါသွားပြီး။ ရွာသားတွေကတော့ ထွက်ပြေးကြပြီး။ လမ်းကြောတလျှောက်မှာ ၁၀ ရွာကျော်မယ် ။ ၁၀ ရွာ။ ရှောင်နေတဲ့လူတွေလား။ ၅၀၀ နဲ့ ၁၀၀၀ ကြား။ ”

စစ်ကောင်စီတပ်တွေဟာစစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ်တီးတိန်ဘက်ကိုဇန်နဝါရီလ ၁၂ ရက်နေ့ကအင်းအားဖြည့်တင်းလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ်ထဲမှာ တိုက်ပွဲတွေပိုပြင်းထန်လာနိုင်တဲ့ အခြေအနေရှိနေတာကြောင့် စစ်ကိုင်း တိုင်းဘက်ကနေ ချင်းပြည်နယ် တီးတိန်၊ ဖလမ်းစတဲ့ မြို့တွေဘက်ကို ပြည်သူတွေ ခရီးသွားလာခြင်းမပြုဖို့PDF-Zoland က ထပ်မံမေတ္တာရပ်ခံထားပါတယ်။ ဒါကြောင့်မို့ ဒီရက်ပိုင်းတွေမှာ တီးတိန်မြို့ဘက်ကို ကားအသွားလာ မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

................................

အိန်ဒိယနယျစပျမှာ လကျနကျကိုငျအဖှဲ့တှကွေား တိုကျပှဲဖွဈပှား

{{Unicode}}










XS
SM
MD
LG