လိင်ကျွန်ကုန်ကူးမှု တားဆီးရေးနဲ့ ဖြေရှင်းရေး ဆောင်ရွက်မှုများ
အမေရိကန်သမ္မတရွေးကောက်ပွဲမှာရုရှားဝင်ရောက်စွက်ဖက်ခဲ့တာကိုစုံစမ်းနေတဲ့အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Muellerရဲ့ ရှေ့ဆက်စုံစမ်းမှုတွေဘာဖြစ်လာမလဲဆိုပြီးမေးခွန်းတွေရှိနေချိန်မှာ သူ့ကိုဖယ်ရှားဖို့ကြိုးစားတာတွေမလုပ်ဖို့ လွှတ်တော်အမတ်တွေက သမ္မတ Trump ကိုသတိပေးနေပါတယ်။
ခြေလက်အင်္ဂါမစုံလင်ပေမဲ့ကိုယ်ဖြစ်ချင်တာကိုလွယ်လွယ်အရှုံးမပေးချင်ကြတဲ့အီဂျစ်နိုင်ငံကလူတစုဟာ ခြေတဖက်တည်းနဲ့ဘောလုံးကစားဖို့ကြိုးစားနေပြီး တနေ့မှာမသန်စွမ်းတွေရဲ့ ဘောလုံးအဖွဲ့ချုပ်တခုမှာပါဝင်နိုင်ရေးမျှော်လင့်ပြီးဘောလုံးအသင်းတခုလည်းဖွဲ့ထားကြပါတယ်။ Faith Lapidus ရဲ့ဆောင်းပါးကိုမခင်ဖြူထွေးက တင်ပြပေးပါမယ်။
လူတယောက်ကိုသွေးဆောင်ဖျားယောင်းပြီး လိင်လုပ်ငန်းတွေအတွက်အတင်းအကျပ်ခိုင်းစေတာကိုအမျိုးမျိုးခေါ်ဝေါ်ကြပေမယ့်ဒါကို တိုက်ဖျက်ဖို့ ကြိုးစားကြတဲ့အဖွဲ့တွေကတော့ လိင်ကျွန်အဖြစ်ကုန်ကူးမှုလို့သုံးနှုန်းကြပါတယ်။ဒီအဖြစ်မျိုး ကြုံခဲ့ရတဲ့ ဆယ်ကျော်သက်တဦးအကြောင်း Carolyn Presutti ရဲ့သတင်းလွှာကိုမခင်ဖြူထွေးကတင်ပြပေးပါမယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင်း ကင်မ်ဂျုံအွန်း တို့ တွေ့ဆုံကြမယ့် အခြေအနေဟာ သိပ်မကြာခင် ဆယ်စုနှစ်တွေအတွင်းမှာတော့ အကြီးမားဆုံး သံတမန်ရေးရာ တိုးတက်မှု သက်သေတခုဖြစ်တယ်လို့ အမေရိကန်အစိုးရ အရာရှိတွေက ပြောဆိုနေကြပါတယ်။ Michael Bowman ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
တရုတ်ရဲ့စစ်အင်အားဘယ်လောက်အထိတိုးလာနိုင်မလဲဆိုတာဒီသီတင်းပတ်ထဲ ဘေဂျင်းမြို့မှာ လုပ်မယ့်အဆင့်မြင့်နိုင်ငံရေးခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲမှာ စောင့်ကြည့်ရမယ့်ကိစ္စရပ်တွေထဲကတခုပါ။ဘေဂျင်းမြို့ကနေ Bill Ide ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဆီးရီးယားနိုင်ငံတွင်းကာ့ဒ်လက်နက်ကိုင်တွေကိုတူရကီကထိုးစစ်ဆင်နေရာမှာအရပ်သားတွေ ဘေးကင်းလုံခြုံရေးကိုမထိခိုက်စေဖို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ EU နိုင်ငံခြားရေးရာ အကြီးအကဲ Federica Mogherini တို့ကတူရကီကိုတောင်းဆိုလိုက်ပါတယ်။Zlatica Hoke ရဲ့သတင်းလွှာကို မခင်ဖြူထွေးကတင်ပြပါမယ်။
အမေရိကန်သမ္မတနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး စွပ်စွဲချက်
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စေ့စပ်သေချာပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတွေ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို မကြာသေးခင်က အင်းဒင် ကျေးရွာသုသာန်မှာ အသတ်ခံခဲ့ရတဲ့ အလောင်းတွေကိစ္စက အတည်ပြုလိုက်တာ ဖြစ်တယ်လို့ EU ဥရောပမဂ္ဂက ပြောဆိုလိုက်ပြီး အပြစ်ကျူးလွန်ခဲ့သူတွေ အပြစ်က ကင်းလွတ်ခွင့်ရတဲ့ အခြေအနေမျိုး မဖြစ်အောင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ တကျော့ပြန် ပြန်လည် ဖြစ်ပွားခဲ့ဲပြီးတဲ့နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှု ဆောင်ရွက်ချက်တွေဟာ ရိုဟင်ဂျာမူစလင်တွေအပေါ် လူမျိုးစု အလိုက် ရှင်းလင်းဖယ်ရှားရာ ရောက်နေတယ်လို့ ဆိုပြီး ဒီအပေါ်မှာ ဗြိတိန်အစိုးရအနေနဲ့ ပြတ်ပြတ် သားသား ရပ်တည် တုံ့ပြန်ဖို့ ဗြိတိန်အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက ဗြိတိန်အစိုးရ ကို တိုက်တွန်းနေပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေက အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအနေတွေက ပြန်လည် တည်ငြိမ်လာနေပြီ ဆိုပေမဲ့လည်း၊ လူမှုအသိုင်းအဝိုင်းတွေကြား စိုးရိမ်မှုတွေ ကြီးထွားနေဆဲဖြစ်ပြီး လူတွေရဲ့ နေ့စဉ် ရှင်သန်သွားလာနေထိုင်မှု ဘဝတွေ မရှိတော့ သလောက် ဖြစ်နေတယ်လို့ ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ နိုင်ငံတကာလုပ်ငန်းများဆိုင်ရာ ညွှန်ကြားရေးမှူး Dominik Stillhart က ပြောပါတယ်။
“သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ အရေးကြီးပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အခုဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ ပြန်လည် လွတ်မြောက်ရေးအတွက် တတ်နိုင်သမျှ ဝိုင်းဝန်းဆောင်ရွက်သွားဖို့ အရေးကြီးပါတယ်။ ဒါတင်မက ဒီလူတွေ ဖမ်းဆီးခံရတဲ့ အကြောင်းရင်းကိုလည်း ဖော်ထုတ်ဖို့ လိုပါတယ်။" (ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်)
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းရာမှာ သက်ဆိုင်သူ အားလုံး လက်တွဲပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့် ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။
“ဒီအကျပ်အတည်းကြီးကို ကိုင်တွယ်ဖြေရှင်း နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ အခိုင်အမာ ဆုံးဖြတ် လုပ်ဆောင် သွားကြဖို့ အရေးကြီးပါတယ်။ လူတွေအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အခြေအနေကိုရောက်စေတဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်း ကိုင်တွယ်တာအပြင် ဒုက္ခသည်တွေအတွက် အရေးပေါ် စာနာမှုအကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်အောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရုပ်ဝတ္ထုပစ္စည်း အကူအညီတွေ ချက်ချင်း ပေးအပ်သွားဖို့လည်း အရေးကြီးပါတယ်။” ပုပ်ရဟန်းမင်းကြီး
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်တွေ နေရပ်ပြန်ခေါ်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေ ညှိနှိုင်း ဆောင်ရွက်နေတာနဲ့အမျှ ပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်တွင်းက လူမှုအသိုင်းအဝိုင်း အားလုံးအတွက် တန်းတူ ညီမျှတဲ့ အုပ်ချုပ်မှုနဲ့ တရားဥပဒေစိုးမိုးမှု ရှိအောင် အစိုးရက ဆောင်ရွက်ပေးရလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ ဒုက္ခသည်တွေ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့ရတာတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းဖို့ တိုင်းပြည်ခေါင်းဆောင်တယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိတယ်လို့ အမေရိကန်အစိုးရ ထိပ်တန်း သံတမန်တဦးက ပြောဆိုလိုက်ပါတယ်။
၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားအစိုးရက ကြားဝင်နှောက်ယှက်ခဲ့မှု မရှိတဲ့အကြောင်း ရုရှားသမ္မတ Vladimir Putin က ငြင်းဆိုနေတဲ့အပေါ် သမ္မတ Donald Trump က လက်ခံထားတာနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ကလည်း ကာကွယ်ပြောဆိုနေပါတယ်။ ဗွီအိုအေ သတင်းထောက် Zlatica Hoke ရဲ့ ဆောင်းပါးကို မခင်ဖြူထွေး က တင်ပြပေးထားပါတယ်။
ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုအပြင် ရေရှားပါးမှုတွေကြောင့် နောက်ဆက်တွဲ ကြုံတွေ့ရတဲ့ ဆိုးကျိုးတွေ တိုးလာနေပါတယ်။ Jordan နိုင်ငံလို နေရာမျိုးတွေမှာ ရေရှားပါးမှုက အနာဂတ်အတွက် စိုးရိမ်စရာ ပိုဖြစ်လာနေတဲ့အကြောင်း Kevin Enochs ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ မူစလင် ဒုက္ခသည်တွေ လုံခြုံအေးချမ်းစွာ နေရပ်ပြန်နိုင်ရေးနဲ့ လိုအပ်သူတွေထံ အကူအညီတွေ အတားအဆီးမရှိ ပေးနိုင်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်မဟာမင်းကြီး မစ္စတာ Volker Turk က မြန်မာအစိုးရကို တိုက်တွန်း လိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမူစလင် သိန်းနဲ့ချီ အိုးအိမ် စွန့်ခွာ ထွက်ပြေးရတဲ့အထိ အကြမ်းဖက် တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ မြန်မာအစိုးရကို ဖိအားပေးနိုင်မယ့် နည်းလမ်းတွေကို အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တွေက စဉ်းစားနေပါတယ်။ Katherine Gypson ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်