အချိန်ကာလတိုတခုအတွင်း ရိုဟင်ဂျာဒုက္ခသည် ငါးသိန်းကျော် ရခိုင်ပြည်နယ်ထဲကနေ ထွက်ပြေးနေရတာဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှု မြောက်တဲ့အထိ မြန်မာစစ်တပ်ရဲ့ စနစ်တကျ စီစဉ်ဆောင်ရွက်မှုတွေကြောင့် ဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International က ထပ်မံ ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်လည် စိစစ် လက်ခံရေးနဲ့ပတ်သက်လို့ အလေးပေး ဆောင်ရွက်နေတဲ့အကြောင်း လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံက ဆက်လက် ပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဌာနက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
လူမျိုးရေးဘာသာရေးအရ လှုံ့ဆော်မှုတွေ ရှိနေတဲ့အချိန်မှာ ပြည်တွင်းတည်ငြိမ်ရေး အလေးထား ဆောင်ရွက်နေတာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နယူးယောက်မှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မှာမဟုတ်ဘူးလို့ မြန်မာအစိုးရက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ဖိအားတွေ ရင်ဆိုင်နေရချိန်မှာပဲ၊ ဒီ ဒုက္ခသည်တွေကို အတတ်နိုင်ဆုံးအကူအညီတွေ ပေးနေတယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျူးနဲ့ အာရပ်တွေဟာ နေထိုင်နေကြတဲ့ ဂျေရူစလင်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ backgammon ကစားနည်း ချန်ပီယံ ရွေးပွဲအကြောင်း ဗွီအိုအေသတင်းထောက် Deborah Block ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဒီကနေ့ တရားဝင်ထုတ်ပြန်လိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်တွေကို မြန်မာအစိုးရ အနေနဲ့ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်သင့်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်း ပြောဆိုလိုက် ပါတယ်။
ရခိုင်ပြည်နယ်မှာ အလုပ်လုပ်နေကြတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး INGO အဖွဲ့တွေကို လုံခြုံရေး သတိနဲ့ သွားလာနေထိုင်ကြဖို့ ရန်ကုန် ကုလသမဂ္ဂရုံးက ကြိုတင် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေက ရခိုင်ပြည်နယ်ထဲကနေ ထွက်ခွာဖို့ ဒေသခံတွေရဲ့ တောင်းဆိုမှုတွေ ရှိနေပြီး၊ ဒီလို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကိုလည်း ဒီရက်ပိုင်း ကျင်းပဖို့ စီစဉ်တာတွေ ရှိနေချိန်မှာပဲ အခု သတိပေးချက် ထွက်ပေါ်လာတာပါ။
NLD အစိုးရရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တခုလုံးကို သုံးသပ်မယ့် ဆွေးနွေးပွဲတရပ်ကို ဒီလ သြဂုတ်လ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်နေပါတယ်။ ပြည်တွင်း ပြည်ပက ကျွမ်းကျင်ပညာရှင်တွေ ပါဝင်မယ့် ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အမြင်တွေကတော့ အမျိုးမျိုး ရှိနေပါတယ်။
ကမ္ဘာတဝှမ်း ဇီကာရောဂါဖြစ်ပွားမှုဟာ ဒီနှစ်အတွင်း သိသိသာသာ ကျဆင်းသွား တာကြောင့်ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ သုတေသနပညာရှင်တွေအနေနဲ့ဇီကာရောဂါ ဖြစ်ပွားမှုတွေကို ကိုင်တွယ်စရာ သိပ်မလိုတော့ဘဲ ဇီကာရောဂါကုသရေးကိုပိုအလေးပေး ဆောင်ရွက်လာနိုင်ကြပါတယ်။ Kevin Enochs ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။
H1N1 ရာသီတုပ်ကွေးရောဂါ ပြန့်ပွားမှု နည်းပါးအောင် အသိပညာပေးမှုတွေ တိုးမြင့်လုပ်ဆောင်ဖို့ အရေးကြီးအဆိုတရပ် လွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့တာမှာ ကန့်ကွက်သူ ပိုများတာကြောင့် အဆိုပြုချက် အတည်မဖြစ်ခဲ့ဘဲ မှတ်တမ်းတင်ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။
သိပ္ပံနည်းပညာရဲ့အကျိုးကျေးဇူးကြောင့်ခုခံအားကျဆင်းမှု AIDS ရောဂါဖြစ်စေတဲ့HIV ပိုး ပျံ့နှံ့ဖြစ်ပွားမှုကိုတိုက်ဖျက်နိုင်မယ့်အခြေအနေတွေရှိလာပါတယ်။ ဒီလိုအခြေအနေကောင်းတွေကို ဆက်ထိန်းထားနိုင်ဖို့ ရန်ပုံငွေဖြတ်တောက်မခံရဖို့လိုတယ်လို့ပညာရှင်တွေကပြောပါတယ်။George Putic ရဲ့ သတင်းလွှာကို မခင်ဖြူထွေးကတင်ပြထားပါတယ်။
ကမ္ဘာတဝှမ်းမှာ နှစ်စဉ်နှစ်တိုင်း ကလေးငယ် ၁၅ သန်းလောက်ဟာ လ မစေ့ဘဲ မွေးဖွားနေကြပါတယ်။ အချိန်မတိုင်ခင် မွေးဖွားလာတဲ့အတွက် ဖြစ်လာတဲ့ ပြဿနာတွေကြောင့် ကမ္ဘာတဝှမ်းမှာ နှစ်စဉ် ကလေး တသန်းလောက် သေဆုံးနေတယ်လို့ ခန့်မှန်းရပါတယ်။ ဗွီအိုအေ သတင်းထောက် Kevin Enochs ပေးပို့တဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
အကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက ပကတိ အခြေအနေတွေ ကို လေ့လာ သတင်းယူနိုင်ဖို့ အတွက်ဆိုပြီး ပြည်ပ သတင်းမီဒီယာအဖွဲ့ဟာ အစိုးရဖိတ်ခေါ်ချက်နဲ့ အခု ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေပါပြီ။
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားအလုပ်သမားဆိုင်ရာ ဥပဒေသစ်ပြဋ္ဌန်းပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးတာတွေလုပ်ခဲ့ပြီးနောက် အလုပ်သမားတွေရဲ့ နောက်ဆုံးအခြေအနေ၊ ထိုင်းနိုင်ငံမှာ တရားဝင် ပြန်လည် အလုပ်လုပ်ကိုင်နိုင်မယ့် အလားအလာတွေနဲ့ပတ်သက်လို့ AFP သတင်းကို အခြေခံပြီး မခင်ဖြူထွေး တင်ပြထားပါတယ်။
မစ်ယန်ဟီးလီရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ သတိပေးချက်ဟာ မလိုအပ်ဘဲ စိုးရိမ်မှု လွန်ကဲရာရောက်ပြီး ကိုယ့်ရဲ့ပုံရိပ်ကိုပါ ထိခိုက်စေနိုင်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ ညီမျှခြင်းမြန်မာ အဖွဲ့ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။
G-20 ကမ္ဘာ့စက်မှုထိပ်သီးညီလာခံတက်ရောက်ဖို့အတွက် အမေရိကန်သမ္မတ Donald Trump ဂျာမနီနိုင်ငံ Hamburg မြို့ကို ရောက်ရှိသွားချိန်မှာ၊ ဆန္ဒပြပွဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေပါတယ်။ ဗွီအိုအေ ဥရောပသတင်းထောက် Luis Ramirez သတင်းပေးပို့ထားတာကို မခင်ဖြူထွေး တင်ပြထားပါတယ်။
အမေရိကန် သမ္မတ Donald Trump နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ ဒီကနေ့ တနင်္လာနေ့ အိမ်ဖြူတော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံကြတဲ့အခါ နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေကို ဆွေးနွေးကြဖို့ရှိပါတယ်။ Peter Heinlein ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
မြောက်ကိုရီးယားမှာ အဖမ်းခံခဲ့ရသူ ၂ ဦး
ကမ္ဘာတဝှမ်းငတ်မွတ်ခေါင်းပါးမှုအဆုံးသတ်နိုင်ရေးဟာ အင်မတန်ခက်ခဲတဲ့ ကိစ္စတခုပါ။ ငတ်မွတ်ခေါင်းပါးသူတွေအတွက် အစားအစာပိုမိုရရှိအောင်ဘယ်လိုဆောင်ရွက်ကြမလဲ။ကယ်လီဖိုးနီးယားပြည်နယ်က သုတေသနပညာရှင်တစုကတော့ပရိုတိန်းဓာတ်ချို့တဲ့မှုပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း မခင်ဖြူထွေးက တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်