ဒေါ်လာ ၆၀ဘီလျံ တန်ဖိုးရှိတဲ့အမေရိကန် ကုန်ပစ္စည်းပေါင်း ၅ထောင်ကျော်အပေါ် အခွန်တိုးမြှင့်မယ်လို့ တရုတ်တို့က ခြိမ်းခြောက်လိုက်ပါတယ်။ ကုန်သွယ်ရေးဆိုက်ရာတင်းမာမှုတွေကို ဝါရှင်တန် နိုင်ငံရေးနဲ့ စီးပွားရေး အသိုင်းအဝိုင်းကစောင့်ကြည့်နေကြပါတယ်။ Michael Bowman ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အဝတ်အထည်၊ လျှပ်စစ်ပစ္စည်းနဲ့ မိုဘိုင်းဖုန်းတွေထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေ ကြီးစိုးထားတဲ့ တရုတ်နိုင်ငံဟာ ၂၀၂၀ ခုနှစ်ကျရင် ကမ္ဘာပေါ်မှာ စပိန်နိုင်ငံပြီးရင် ဝိုင်ဈေးကွက် အကြီးဆုံးနိုင်ငံ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေပါတယ်။ Lisa Bryant ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ရုရှားနိုင်ငံမှာ ပင်စင်ယူနိုင်တဲ့ အသက်အရွယ်ကို အမျိုးသမီးတွေအတွက် အသက် ၅၅ နှစ်ကနေ ၆၃ နှစ်နဲ့၊ အမျိုးသားတွေကို တော့ အသက် ၆၀ ကနေ ၆၅ နှစ်အထိ တိုးမြှင့်ဖို့ အစိုးရကစီစဉ်နေတာကို လက်မခံကြတဲ့ပြည်သူတွေ ထောင်နဲ့ချီ တနင်္ဂနွေနေ့က ရုရှားမြို့ကြီးတွေမှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ရာစုနှစ်တခုအတွင်း အချိန်အကြာဆုံး လအပြည့်ကြတ်တာကို ဒီကနေ့ ဇူလိုင်လ ၂၇ ရက် သောကြာနေ့ညမှာ ထူးထူးခြားခြား တွေ့မြင်ရဖို့ ရှိနေတာကြောင့် ကြယ်တွေလတွေကို ကမ္ဘာတဝှမ်း စိတ်ဝင်တစား စောင့်ကြည့်ကြသူတွေ၊ ပညာရှင်တွေ စိတ်လှုပ်ရှား စောင့်ဆိုင်း နေကြပါတယ်။
ဗိုက်ခွဲစိတ်ရတဲ့ လူနာတွေမှာ ၂၀ ရာခိုင်နှုန်းလောက်ဟာ နောက်ဆက်တွဲ ပြဿနာ တခုမဟုတ် တခု ကြုံရလေ့ရှိပါတယ်။ ဒီလိုနောက်ဆက်တွဲ ပြဿနာတွေကို ရှာဖွေ ဖော်ထုတ်ပေးနိုင်မယ့် နည်းသစ်တခုကို ဒိန်းမတ်နိုင်ငံမှာ ရှာတွေ့ထားပါတယ်။ Kevin Enochs ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
နွေဦး ရာသီဆိုရင် လူတချို့ဟာ ခေါင်းကိုက်တာနဲ့ နှာခေါင်းပိတ်တာလို ဓာတ်မတည့်တဲ့ allergy ဝေဒနာ ခံစားရလေ့ရှိပါတယ်။ Ballon Sinuplasty လို့ခေါ်တဲ့ နှာခေါင်းပေါက်ထဲကို ပြွန်ချောင်းငယ်လေး ထည့်ပြီး အသက်ရှူလမ်းကြောင်းကို ချဲ့ပေးတဲ့ နည်းကတော့ နောက်ဆုံးပေါ် နည်းပါ။ မခင်ဖြူထွေးက ပြောပြပါလိမ့်မယ်။
ကာကွယ်ဆေးကို ထိုးစရာမလိုပဲ သောက်လို့ရနိုင်ဖို့က ဆေးပညာပိုင်းမှာ ကြီးမားတဲ့ မျှော်လင့်ချက်တခုဖြစ်ပါတယ်။ ကာကွယ်ဆေးကို ဆေးထိုးအပ်နဲ့ ထိုးစရာမလိုတော့ဘူး ဆိုရင်တော့ ဒါက ကမ္ဘာကြီး အတွက် ကြီးမားတဲ့ အပြောင်းအလဲတခု ဖြစ်ပါလိမ့်မယ်။ ဒီအကြောင်း Kevin Enochs ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
လက်ပတ်နာရီတခုလို ပတ်ထားလို့ရပြီး ကိုယ့်ရဲ့လှုပ်ရှားမှုတွေကို တိုင်းထွာသတိပေးတဲ့ နည်းပညာကြောင့် လူတွေဟာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း အမျိုးမျိုး ပိုပြီး လုပ်လာနိုင်ပါတယ်။ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို အဆက်မပြတ်တိုင်းတာနေခြင်းအားဖြင့် လေ့ကျင့်ခန်းအားကစားရုံတွေကို လူတွေပိုသွားဖြစ်စေတာကြောင့်ပါ။
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေ အကောင်အထည် ဖော်ရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ အခုထက်ပို မြင်ရဖို့ လိုနေတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဝင်တဦးက ပြောပါတယ်။
မြန်မာလုံခြုံရေး အရာရှိတချို့အပေါ် ချမှတ်လိုက်တဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ အရေးယူ ဒဏ်ခတ်မှု အပါအဝင် ပြည်ပနိုင်ငံတွေက ဖိအားတွေဟာ ရခိုင်ပြည်နယ်အရေးမှာ ဘယ်လို သက်ရောက်မှုတွေ ရှိနေပါလဲ။ နိုင်ငံတကာဖိအားတွေကို အစိုးရအနေနဲ့ ဘယ်လို ပါးပါးနပ်နပ် တုံ့ပြန်ကိုင်တွယ်သင့်ပါလဲ။
ရန်လို တိုက်ခိုက်ခဲ့သူတွေအကြား အမှန်တကယ်ပဲ မိတ်ဆွေအဖြစ် လက်တွဲနိုင်တယ်ဆိုတာကို သမိုင်းက အကြိမ်ကြိမ် သက်သေပြခဲ့ပြီးပါပြီဆိုပြီး အမေရိကန် သမ္မတ Donald Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တွေ့ဆုံအပြီး ဒီကနေ့ စကာၤပူမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
ငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာနဲ့ မိုးအကြီးအကျယ်ရွာသွန်းတာလို ဖြစ်ရပ်တွေကနေ ကျောက်တောင် ကျောက်တုံးတွေ ပြိုကျပြီး မြေပြိုတာတွေ ဖြစ်လေ့ရှိပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အဆင့်မြင့်နည်းပညာသုံး Satellite တွေနဲ့ မြေပြိုလွယ်တဲ့နေရာတွေအကြောင်း စာရင်းပြုစုနေပါတယ်။
ပြည်ပရောက် တိဘက်လူမျိုးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးလက္ခဏာတွေ ပျောက်ပျက်မသွားရအောင် ထိန်းသိမ်းစောင့်ရှောက်ထားကြတယ်လို့ ပြည်ပရောက် တိဘက်လူမျိုးတွေက ပြောပါတယ်။ Anjana Pasricha ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တောင်ကိုရီးယားခေါင်းဆောင် မွန်ဂျေးအင်း တို့ရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့ပြီး နောက်မှာတော့ ဆိုးလ်မြို့က တောင်ကိုရီးယားပြည်သူတွေကြားမှာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် အကောင်းမြင် မျှော်လင့်ချက်တွေ ရှိလာနေပါတယ်။
Facebook ကုမ္ပဏီအနေနဲ့ ရုရှားက Facebook သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ရုရှားမှာရှိတဲ့ အင်တာနက် server တွေမှာထားဖို့နဲ့ အဲဒီလိုမလုပ်ရင်တော့ နိုင်ငံတွင်း Facebook အသုံးပြုတာတွေ ပိတ်ပစ်မယ်လို့ ရုရှားအစိုးရက သတိပေးလိုက်ပါတယ်
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြားက ကုန်သွယ်ရေးတင်းမာမှု အခြေအနေကို ဘေဂျင်းမြို့တော်က စားသုံးသူပြည်သူတွေ အနီးကပ် စောင့်ကြည့် နေကြသလို၊ ဒီကုန်သွယ်ရေး ပဋိပက္ခအရှိန် ပိုမြင့်လာမှာကို တချို့က စိုးရိမ်နေကြပါတယ်။Bill Ide ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒုက္ခသည်စခန်းပေါင်း ၁၆၅ ခုမှာ ခိုလုံနေကြတဲ့ စစ်ပြေး ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ လိုအပ်ချက်တွေလည်း ပိုပြီး ဆိုးလာနေပါတယ်။
လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်မှုနဲ့ စွပ်စွဲခံထားရတဲ့ ရုရှား ဥပဒေပြုလွှတ်တော်အမတ်တဦးရဲ့ ဖြစ်ရပ်ကို ကမ္ဘာတဝှမ်း လူတွေ ပိုပြီး အာရုံစိုက်လာနေကြသလို၊ အမေရိကန်ပြည်ထောင်စုမှာ အရှိန်ကောင်းလာနေတဲ့ #MeToo လှုပ်ရှားမှုနဲ့လည်း နှိုင်းယှဉ် ပြောဆိုလာကြ ပါတယ်။
သမ္မတသစ်အနေနဲ့ တိုင်းပြည်ကို ဘယ်လို ထူးထူးခြားခြား ဦးဆောင်မှုတွေ ပေးနိုင်ဖို့ မျှော်လင့်နိုင်မလဲ။
နောက်ထပ်ကြည့်ရှုရန်