- ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာသင့်-မသင့် WHO ဒီကနေ့ဆုံးဖြတ်မည်။ - သမ္မတ Trump ကို တရားစွဲဆိုထားတဲ့အမှု အထက်လွှတ်တော်မှာ နောက်ဆုံးနေ့ ကြားနာ စစ်ဆေးနေပါတယ်။ - အာရှနိုင်ငံတွေမှာ ဖိနှိပ်မှုတွေ ပိုများလာနေတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
အိန္ဒိယနိုင်ငံအနောက်ပိုင်း Aravalli ခရိုင်မှာနေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် Nilanshi Patel ဟာ ဆံပင်အရှည်ဆုံး ဆယ်ကျော်သက်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် ချိုးလိုက်ပါတယ်။
- သမ္မတ Trump အပေါ် တရားစွဲဆိုရေး အထက်လွှတ်တော်ရဲ့ ကြားနာစစ်ဆေးမှု ကနဦးလုပ်ငန်းစဉ် ဒီကနေ့ စမည်။ - အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေး ပထမအဆင့် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ - တရုတ်-မြန်မာ ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတ မြန်မာနိုင်ငံကို မနက်ဖြန် ရောက်ရှိမည်။
- အမေရိကန်တပ်စခန်းတွေကို မစ်ဇိုင်းဒုံးနဲ့တိုက်ခိုက်ခဲ့တဲ့ အီရန်ဘက်က အခုတော့ အလျော့ပေးသွားပုံရကြောင်း သမ္မတ Trump က ပြောဆို။ - အီရန်အရေး စစ်ရေးနည်းနဲ့မရှင်းဖို့ တားမြစ်မယ့်ဥပဒေကြမ်း အောက်လွှတ်တော်မှာ မဲခွဲဖို့ပြင်။ - သြစတြေးလျနိုင်ငံမှာ တောမီးဆက်ပြင်းထန်နိုင်တာမို့ မီးဘေးလွတ်ရာရှောင်ဖို့ ထပ်မံသတိပေး။
အီရတ်နိုင်ငံ Baghadad မြို့ အမေရိကန်သံရုံးအပြင်ဘက်က ဆန္ဒပြပွဲတွေ ဒီကနေ့ ပြန်လည် ငြိမ်သက်၊ တောမီးလောင်နေတဲ့ သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်မှာ အရေးပေါ်အခြေအနေ တတိယအကြိမ်ထုတ်ပြန်၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ရေကြီး မြေပြိုတာကြောင့် လူ သုံးသောင်းကျော် အိုးအိမ်မဲ့။ စသဖြင့်…
သတင်းအကျဉ်းချုပ် (၁၂-၃၁-၂၀၁၉ )
ဘရွန်ဒီနိုင်ငံမှာ စွန့်ဦးလုပ်ငန်းရှင်တဦးက ငှက်ဖျားရောဂါကာကွယ်နိုင်တဲ့ အလှကုန်ပစ္စည်းတွေ စမ်းသပ်ထုတ်လုပ်လိုက်ပါတယ်။ ဂျပန်နိုင်ငံ ပေါင်မုန့်ဆိုင်တခုက ပုံရိပ်ဖတ်နည်းပညာကို ငွေရှင်းကောင်တာမှာသုံးနေပါတယ်။ ဒီလို ၂၀၁၉ ခုနှစ်အတွင်း ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
- ဖိလစ်ပိုင်နိုင်ငံမှာ ခရစ္စမတ်နေ့က တိုက်ခတ်သွားခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၁၃ ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ် - မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံရဲ့ စွဲချက်အပေါ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြန်လည် ချေပချက်ကို ထောက်ခံတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောလိုက်ပါတယ်။
- ပုပ်ရဟန်းမင်းကြီး Francis က မေတ္တာတရားရဲ့လေးနက်မှုတွေကို ခရစ္စမတ်နေ့မှာ အလေးထား ပြောကြားပါတယ်။ - ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်လက် ပေါ်ပေါက်နေပါတယ်။ - တောမီး အကြီးအကျယ်လောင်ကျွမ်းနေတဲ့ သြစတြေးလျနိုင်ငံမှာတော့ ခရစ္စမတ်နေ့မှာလည်း မီးသတ်သမားတွေ မီးငြိမ်းသတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
သမ္မတ Donald Trump ကို အောက်လွှတ်တော် တရားစွဲ၊ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးဆိုင်ရာ ပထမအဆင့် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့ အနီးကပ်ဆောင်ရွက်၊ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ဒုက္ခသည်တွေနဲ့တွေ့ဆုံ။ စသဖြင့်…
သမ္မတ Trump အပေါ် တရားစွဲရေး အောက်လွှတ်တော်မှာ ဒီကနေ့ မဲခွဲအတည်ပြုမယ်လို့ မျှော်လင့်ရ၊ ဒုက္ခသည်အရေး ကုလ ဖိုရမ်မှာ ရိုဟင်ဂျာဒုက္ခသည်အရေး ဘင်္ဂလားဒေ့ရှ်အရာရှိတွေ ဆွေးနွေး၊ ကမ္ဘာတဝှမ်း မွတ်ဆလင်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို မွတ်ဆလင်နိုင်ငံတွေကခေါင်းဆောင်တွေ မလေးရှားနိုင်ငံမှာ ဆွေးနွေး။ စသဖြင့်…
သမ္မတ Trump ကိုအရေးယူရေး အောက်လွှတ်တော်တခုလုံးမှာ မဲခွဲဖို့ပြင်၊ ပါကစ္စတန်သမ္မတဟောင်း ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ပါကစ္စတန်အထူးတရားရုံး သေဒဏ်ချမှတ်၊ အာဖဂန်နစ္စတန်ရောက် အမေရိကန်တပ်ဖွဲ့အင်အား လျှော့ချဖို့ ညွှန်ကြားချက် မရှိသေးကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြောဆို။ စသဖြင့်…
မြန်မာစစ်တပ်အနေနဲ့ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့ အခြေအနေမျိုးအထိ ရက်ရက်စက်စက် ပြုမူခဲ့တာမရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ပြီး ICJ နိုင်ငံတကာတရားရုံးမှာ ချေပခဲ့တဲ့အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေက စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဖြစ်နိုင်တဲ့ အခြေအနေတွေကို ဟန့်တားဖို့ပျက်ကွက်မှုနဲ့ မြန်မာကို ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အမှုကို ICJ နိုင်ငံတကာတရားရုံးမှာ ကြားနာနေတာမှာ ဒီကနေ့ တတိယနေ့ နှစ်ဘက် လျှောက်လဲချက်ပေးကြပါတယ်။ ဂမ်ဘီယာဘက်က နောက်ဆုံး လျှောက်လဲချက်အကျဉ်းချုပ်ကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ မြန်မာကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှု ICJ နိုင်ငံတကာတရားရုံးမှာ ဒီကနေ့ နောက်ဆုံးနေ့အဖြစ် ဆက်လက် ကြားနာပါတယ်။ ဂမ်ဘီယာဘက်က အပြီးသတ်လျှောက်လဲချက်နဲ့ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာကို မခင်ဖြူထွေးက Skype ကနေ တိုက်ရိုက်မေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်တွင်း လူမျိုးတုံးသတ်ဖြတ်မှု အခြေအနေတွေကို ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICJ နိုင်ငံတကာတရာရုံးမှာ ဂမ်ဘီယာနိုင်ငံရဲ့လျှောက်ထားချက်ကို မြန်မာဘက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီကနေ့ ဦးဆောင်ချေပပါတယ်။ အကျဉ်းချုပ်ကို မခင်ဖြူထွေးက ကောက်နုတ်တင်ပြထားပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဟန့်တားဖို့ မြန်မာနိုင်ငံ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မနေ့ကလျှောက်ထားခဲ့ပြီးတဲ့နောက် ဒီကနေ့ မြန်မာဘက်က ပြန်လည်ချေပပါတယ်။ ICJ တရားရုံးမှာသတင်းယူနေတဲ့ VOA မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာကို မခင်ဖြူထွေးက Skype ကနေ တိုက်ရိုက်မေးမြန်းထားပါတယ်။
ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ရပ်ရွာအကြီးအကဲတွေ ဝေဖန်နေတဲ့ကြားကပဲ ရိုဟင်ဂျာဒုက္ခသည်စခန်း တဝိုက်မှာ ခြံစည်းရိုးခတ်ဖို့ စတင်လုပ်ဆောင်နေပါတယ်။
ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်တဲ့အခြေအနေကို မြန်မာနိုင်ငံဘက်က ဟန့်တားဖို့ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို ICJ တရားရုံးက ဒီနေ့ စတင်ကြားနာပါတယ်။ ကြားနာပွဲကိုရောက်နေတဲ့ ဦးကျော်ဇံသာကို မခင်ဖြူထွေးက Skype ကနေ တိုက်ရိုက်မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်