မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေး တကျော့ပြန်ကူးစက်မှုတွေ ဆိုးဆိုးရွားရွား ကြုံနေရတာကြောင့် တိုင်းပြည်ရဲ့အဓိကဝင်ငွေရ လမ်းတခုဖြစ်တဲ့ ခရီးသွားလုပ်ငန်း ပြန်နာလန်ထူဖို့ အလှမ်းဝေးနေပါတယ်။ AP သတင်းကိုအခြေခံပြီး မခင်ဖြူထွေးက ပြောပြပေးပါမယ်။
ဇူလိုင်လ ၁၉ ရက်နေ့က ကာတာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ အာဖဂန်အစိုးရနဲ့ တာလီဘန်တို့အကြား နောက်ဆုံးအကျော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သိသိသာသာ တိုးတက်မှု မရှိဘဲ အဆုံးသတ်ခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် Mahdy Mehraeen ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို ထောင်ဒဏ်တသက်တကျွန်းအထိ ပြစ်ဒဏ်ပေးနိုင်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) နဲ့ စွဲချက်တင်ဖို့ တရားရုံးက သောကြာနေ့မှာ ဆုံးဖြတ်လိုက်ကြောင်း ဦးဝင်းထိန်ရဲ့ရှေ့နေ ဦးမြင့်သွင်က ဗွီအိုအေကို ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အတည်ပြုထားတဲ့ COVID-19 ကာကွယ်ဆေး ၇ ခု ရှိသွားပါပြီ။ မျိုးဗီဇ ဆင့်ကဲပြောင်းလဲလာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်တွေ ကြုံလာရချိန်မှာ ဒီပိုးသစ်တွေကို လက်ရှိကာကွယ်ဆေးတွေက ကာကွယ်ပေးနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေ ဖြစ်လာပါတယ်။ မခင်ဖြူထွေးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံတဝန်း ကိုဗစ်တတိယလှိုင်းနဲ့ အပြင်းအထန်ရင်ဆိုင်နေရတဲ့ မြို့တွေထဲက ကလေးမြို့နဲ့ တိုင်းပြည်ရဲ့ အဓိကမြို့ကြီးတမြို့ဖြစ်တဲ့ ရန်ကုန်မြို့တို့မှာ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြု လူနာတွေအတွက်ရော၊ သံသယလူနာတွေအတွက်ပါ အောက်ဆီဂျင်လိုအပ်ချက် ကြီးမားနေဆဲရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုတွေ ပိုပြီး ဆိုးလာတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုစွဲချက်တွေနဲ့ စစ်ကောင်စီက တရားစွဲထားတဲ့အမှုတွေ ရင်ဆိုင်ဖို့ သူ့ရဲ့ ရှေ့နေတွေ ပြင်ဆင်မှုတွေလုပ်နေပါတယ်။ မန္တလေးတိုင်းတရားရုံးမှာ တင်ထားတဲ့အမှု အဂတိလိုက်စားမှု ၄ မှုနဲ့ပါတ်သက်လို့ သူ့ရှေ့နေတွေဘက်က အသေးစိတ် အသေအချာ မသိကြရသေးပါဘူး။
လက်ရှိဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဆေးကုသစရိတ်နဲ့ ပါတီရုံးမြေနေရာကိစ္စဆောင်ရွက်မှုတွေမှာ အဂတိလိုက်စားမှုရှိခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက ၁ မှုတိုး တရားစွဲလိုက်ပါတယ်။
CDM လုပ်နေတဲ့အတွက် အလုပ်ခွင်ကိုမသွားကြတော့ပေမဲ့ ပြင်ပကနေ ပညာသင်ကြားမှုတွေ ရပ်တန့်မသွားအောင် CDM ဆရာဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေ ဘယ်တွေ အဓိကထား ဆောင်ရွက်နေတာပါလဲ။ ဘယ်လောက်အထိ ထိရောက်မှု ရှိမလဲ။ ဒီသီတင်းပတ်အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ဒေါ်အောင်ဆန်း စုကြည်တို့ကို အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံ့ဆော်၊ လုပ်ဆောင်တယ်ဆိုပြီ းပုဒ်မ ၅၀၅ (ခ) နဲ့ အမှုတတွဲထဲ စွဲချက်တင်ထားပေမဲ့ ပြစ်မှုကျူးလွန်တယ်ဆိုတာ သက်သေပြနိုင်လောက်အောင် မခိုင်မာဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေက ပြော
နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည်တို့ကို အများပြည်သူတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅ (ခ)နဲ့ အမှုတတွဲထဲ စွဲချက်တင်ထားပေမဲ့ တရားလိုပြသက်သေတွေကို မေးမြန်းစစ်ဆေးပြီးသလောက် ပြစ်မှုကျူးလွန်တယ်ဆိုတာ သက်သေပြနိုင်လောက်အောင် မခိုင်မာဘူးလို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရပြီး ပုသိမ်အကျဉ်းထောင်မှာ ၅ လနီးပါးနေခဲ့ရပြီးတဲ့နောက် ပြန်လည် လွတ်မြောက်လာတဲ့ One News သတင်းဌာန အလွတ်တန်း သတင်းထောက် မရွှေရည်ဝင်းက သူ အဖမ်းခံခဲ့ရတဲ့ အခြေအနေနဲ့ ထောင်တွင်း အတွေ့အကြုံတချို့ ပြောပြထားတာကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
စစ်ကောင်စီက အာဏာထိန်းပြီး ၅ လကျော်ကြာတဲ့အထိ ဆန္ဒပြပွဲတွေ ပေါက်ကွဲမှုတွေ ဆက်တိုက်ရှိနေပြီး စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူများကို စစ်ကောင်စီကဆက်ပြီး နှိပ်ကွပ်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ပြည်မြို့ ပြည်သူတဦးနဲ့ မုံရွာက ပြည်သူတဦး အလောင်းပဲ ပြန်ရခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာမှာ အထီးကျန်နေလို့ မရတဲ့အတွက် ရုရှား၊ တရုတ်စတဲ့နိုင်ငံတွေနဲ့ ပူပေါင်းဆောင်ရွက်နေပါတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အမှုတွေထဲက သမ္မတဦးဝင်းမြင့်နဲ့အမှုတွဲတူတဲ့ အမှုတွေကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်နိုင်မယ့် အခြေအနေ နည်းသွားပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကပြောပါတယ်။
မန္တလေးမှာ တပ်ပေါင်းစု သပိတ်စစ်ကြောင်းထွက်ဖို့ လူစုနေချိန်မှာပဲ စစ်တပ်နဲ့ရဲက ပစ်ခတ် ဖြိုခွဲခဲ့သလို ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့ပါတယ်။ မန္တလေးမှာပဲ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူတဦး သေနတ်နဲ့ ပစ်ခံရပြီး ဒဏ်ရာရခဲ့ပါတယ်။ ရန်ကုန်မှာတော့ ဆန္ဒပြပွဲရှိခဲ့သလို ပေါက်ကွဲတာတချို့လည်း ရှိခဲ့ပါတယ်။
ကျောင်းဆရာဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ဘာကြောင့် ဆက်လက် ပါဝင်နေကြတာပါလဲ။ CDM လှုပ်ရှားမှုကြောင့် ပညာရေးကဏ္ဍမှာ ထိခိုက်မှုတွေရော ဖြစ်လာနိုင်ပါသလား။ အဆင့်မြင့်ပညာဦးစီးဌာန လက်ထောက် ကထိကတဦးဖြစ်တဲ့ ဆရာမနွေကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁) (ဂ) နဲ့ ရန်ကုန်မြို့မှာ တရားစွဲထားတဲ့အမှုအတွက် နေပြည်တော်မှာ ပြောင်းရွှေ့ စစ်ဆေးမလားဆိုတာနဲ့ပတ်သတ်လို့ ဒီကနေ့ နှစ်ဖက်လျှောက်လဲချက်တွေ တင်ခဲ့တယ်လို့ ရှေ့နေတွေကပြော
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားတဲ့ အမှုတွေထဲက အမှု ၂ ခုကို ဒီကနေ့ထပ်စစ်ဆေးတာတွေလုပ်တာမှာ အများပြည်သူတည် ငြိမ်မှုအေးချမ်းမှု ပျက် အောင် လုပ်ဆောင်မှုနဲ့ပတ် သတ်လို့ တဖက်က တင်ပြလာတဲ့ သက်သေတွေဟာ ဥပဒေကြောင်းအရ ညီညွှတ်မှန်ကန် မှုမရှိတာမို့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရှေ့နေတွေကပယ်ချ ခဲ့
ကိုဗစ်ကူးစက်သူ ခပ်စိပ်စိပ်တွေ့လာနေတဲ့ ဒေသတွေမှာ ရောဂါတိုက်ဖျက်ရေးအတွက် အခက်အခဲတွေ ရှိနေပါတယ်။ ကပ်ရောဂါထိန်းချုပ်နိုင်ဖို့ အသွားအလာကန့်သတ်ထားတဲ့ လက်ပံတန်းမြို့မှာဆိုရင်လည်း ပိုးတွေ့လူနာတချို့ ထွက်ပြေးတာတွေ ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်