စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အကြမ်းမဖက် ဆန္ဒပြပွဲတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် ဖမ်းဆီးပစ်ခတ်ဖြိုခွဲတဲ့ လုပ်ရပ်တွေ ဒီရက်ပိုင်းမှာ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဆက်တိုက်ဖြစ်နေပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အနောက်ခြမ်း အောင်စီမြေကျေးရွာအနီး တောထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းကပါ စစ်ကူတိုက်ခိုက်မှုတွေ လုပ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ ချင်းကာကွယ်ရေးအဖွဲ့ (CDF) နဲ့ စစ်ကောင်စီတပ်တို့အကြား တနင်္ဂနွေနေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ပြင်းထန်တဲ့ ဒဏ်ရာတွေကို အဝေးကနေ စောင့်ကြည့်စစ်ဆေးနိုင်မယ့် စမတ်ပတ်တီးတမျိုး စင်ကာပူတီထွင်၊ အိန္ဒိယက မိန်းမချစ်တဲ့ ကျောင်းဆရာ သူ့ဇနီးအတွက် ကမ္ဘာကျော် တပ်ဂျ်မဟာလို အိမ်လေးဆောက်ပေး၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ဖော်ဖော်ဝါရီလ အစကတည်းက စစ်အာဏာ သိမ်းထားခံရတာ လက်မခံနိုင်တဲ့ ပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်နေတာလည်း ၁၀ လ ကျော် ကြာလာပါပြီ။ လက်နက်ကိုင် တော်လှန်မှုတွေ၊ စစ်ကောင်စီရဲ့ ဖိနှိပ်ဖြိုခွဲမှုတွေကြားမှာ မြန်မာနိုင်ငံအခြေအနေ ဘယ်လို ရှိပါသလဲ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ မခင်ဖြူထွေး တင်ပြထားပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့မှာ Lego တုံးတွေနဲ့ တည်ဆောက်ထားတဲ့ တိုယိုတာ လန်ခရူဆာကား ပြသထား၊ လန်ဒန်မြို့တော် Kew ရုက္ခဗေဒဥယျာဉ်မှာ ခရစ္စမတ်ပွဲတော်အတွက် ရောင်စုံ မီးလုံးပေါင်း တသန်းကျော်နဲ့ အလှဆင်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
အစ္စရေးမှာတော့ အပင်ထွက်ပစ္စည်းတွေကို အခြေခံပြုလုပ်တဲ့ အမဲသားတုကို 3D printer နဲ့ ထုတ်လုပ်နေပါတယ်။ ပြင်သစ်က စွန့်စားသူတဦး ကောင်းကင်ပေါ်မှာ မီးပုံးပျံထိပ်ပေါ်တက် မတ်တပ်ရပ်ပြခဲ့ပါတယ်။ ထူးခြားဆန်းပြားအစီအစဉ်ကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ပီရူးနိုင်ငံမှာ ခွေးချစ်တဲ့ မိသားစုတစု မြေခွေးကို ခွေးထင်ပြီး မွေးခဲ့မိတာပါ။ အိန္ဒိယမှာ ယမုံနာမြစ်က ဓာတုစွန့်ပစ်ပစ္စည်းတွေနဲ့ အမြှုပ်ထ ညစ်ညမ်းနေပေမဲ့လည်း ဘာသာရေးအရ ကိုးကွယ် ယုံကြည်သူတွေ အညစ်အကြေးသန့်စင်ဖို့ ရေဆင်းချိုးခဲ့ကြပါတယ်။ ထူးခြားဆန်းပြားအစီအစဉ်ကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဘားအံထောင်တွင်း တရားလွှတ်တော်က အဂတိလိုက်စားမှုတွေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇၅ နှစ် ချမှတ်လိုက်ပါတယ်။
ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတဲ့ ဒေသခံတွေ အစားအသောက်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အတော်လေး လိုအပ်နေကြပါတယ်။
ဘဏ်တွေမှာ အပ်နှံထားတဲ့ ကိုယ်ပိုင်ငွေ လိုသလောက်ထုတ်ယူနိုင်ဖို့ အခက်အခဲရှိနေချိန်မှာ ငွေကျပ် သိန်း ၂၀၀ ထက်ပိုတဲ့ အရောင်းအဝယ်နဲ့ ဝန်ဆောင်မှုလုပ်ငန်းမှန်သမျှ ငွေပေးချေတဲ့အခါ ဘဏ်စနစ်နဲ့ ဒစ်ဂျစ်တယ်နည်းလမ်းတွေကို အသုံးပြုရမယ်လို့ ဗဟိုဘဏ်က သတ်မှတ်လိုက်ပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံထိပ်သီး ညီလာခံ မဖိတ်ဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုတုံ့ပြန်ပါသလဲ။ ဒါ့အပြင် သီတင်းကျွတ်ကာလမှာ လွတ်ငြိမ်းသက်သာခွင့်တွေ ပေးခဲ့တဲ့အခြေအနေ၊ ဒါတွေကို သတင်းထောက်မှတ်စု အစီအစဉ်မှာ မခင်ဖြူထွေး စုစည်းတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၈ လကျော်ကြာ ကာလအတွင်း နိုင်ငံတွင်း လူမှုစီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေ ဘယ်လိုရှိနေပါသလဲ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်းမှု အခြေအနေတွေကို သတင်းထောက်မှတ်စုအစီအစဉ်မှာ မခင်ဖြူထွေး တင်ပြပါမယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ဦးစားပေးအလိုက် ထိုးပေးနေပြီး နောက်ထပ် ဦးတည်အုပ်စု ၅ ခုကို ထိုးပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောထားသလို၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုပါ ကာကွယ်ဆေးထိုးဖို့ စစ်ကောင်စီက ကမ်းလှမ်းပါတယ်။ ကာကွယ်ဆေးထိုး အခြေအနေကို သတင်းထောက်မှတ်စုအစီအစဉ်မှာ မခင်ဖြူထွေး တင်ပြပါမယ်။
စစ်အုပ်ချုပ်ရေး ကောင်စီ အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့် အခြေ အနေ ဟာ မှတ်တမ်းတင်ခဲ့ဖူးသမျှ အနိမ့်ဆုံးအဆင့်ကို ရောက် နေတယ်လို့ Freedom House အဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ အခုလို အင်တာနက်လွတ်လပ်ခွင့် ကျဆင်းလာတာကြောင့်၊သတင်းမီဒီယာလုပ်ငန်းတွေအပေါ်မှာပါ ဘယ်လို သက်ရောက်လာသလဲ
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ ဒီနေ့ စက်တင်ဘာ ၂၁ ရက် မနက်အစောပိုင်းကနေ ညနေပိုင်းအထိ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာတချို့ရှိတယ်လို့ ဒေသခံတွေက VOA ကို ပြောကြပါတယ်။ ဒါပေမယ့်လည်း အပြန်အလှန်ပစ်ခတ်တိုက်ပွဲမျိုးတော့မရှိဘူးလို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြော
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီး တရားစွဲခံနေရတဲ့ NLD ပါတီရဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ခေါင်းဆောင်ပိုင်းတချို့ကို စစ်ကောင်စီကထပ်တိုးတရားစွဲထားပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အမှုကြားနာစစ်ဆေးမှုတွေကို နှစ်လကြာ ရပ်ထားခဲ့ပြီး ပြန်စစ်ဖို့ပြင်ဆင်နေပေမယ့် သူတို့ကို ရှေ့နေတွေနဲ့ တွေ့ခွင့်မပေး
ရန်ကုန်မြို့က နေရာ ၇ ခုထက်မနည်းမှာ ဒီနေ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ကမာရွတ်၊ အင်းစိန်၊ စမ်းချောင်း စတဲ့မြို့နယ်တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီးနောက် လုံခြုံရေးတွေ တင်းကြပ်ပြီး အစစ်အဆေးတွေ ပိုလုပ်နေပါတယ်။
နိုင်ငံတကာသံရုံးတွေအနေနဲ့ သံတမန် ကျင့်ဝတ်ကိုလိုက်နာဖို့၊ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ဖို့ စစ်ကောင်စီက သတိပေးပြီး အဖြစ်မှန်ကို မစုံစမ်းဘဲ လိုရာဆွဲ ထုတ်ပြန်ချက်တွေ ထုတ်ခဲ့တာ မေးခွန်းထုတ်စရာဖြစ်တယ်လို့ ဒီနေ့သတင်းစာရှင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော
ပုဂ္ဂလိကဆေးရုံဆေးခန်းတွေမှာ အခကြေးငွေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ပြုမယ့် အစီအစဉ်ကို မကြာခင် စတင်နိုင်ဖို့ စစ်အုပ်ချုပ်ရေးကောင်စီက စီစဉ်နေပါပြီ တရုတ်နိုင်ငံထုတ်ဆေးတွေနဲ့ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေး တွေကို ပုဂ္ဂလိကအနေနဲ့တင်သွင်းနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်