ပဋိပက္ခတွေ ဆက်လက် ပြင်းထန်နေတဲ့ အစ္စရေးနဲ့ ဟားမတ်ကြား ဖမ်းဆီးထားတဲ့ ဓားစာခံတွေ အပြန်အလှန် ပြန်လွှတ်ပေးဖို့ စေ့စပ် ညှိနှိုင်းနေပါတယ်။ ညှိနှိုင်းမှုတွေရဲ့ အလားအလာ နဲ့ ဂါဇာက နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေ အကြီးတန်း အယ်ဒီတာ ဦးကျော်ဇံသာကို မခင်ဖြူထွေးက မေးမြန်းထားပါတယ်။
ထိုင်း−မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမှာ မွေးဖွားကြီးပြင်းခဲ့ပြီး ဥရောပက ဖင်လန်နိုင်ငံရဲ့ အလှမယ်စင်မြင့်မှာ နေရာတခုရဖို့ ရုပ်ပိုင်း စိတ်ပိုင်း ကြံ့ခိုင်အောင် အများကြီး ကြိုးပမ်းခဲ့ရတယ်လို့ ဖင်လန်နိုင်ငံရဲ့ ၂၀၂၃ ခုနှစ် အလှမယ်ပြိုင်ပွဲမှာ ဆန်ကာတင် ၁၀ ဦး စာရင်းဝင်ခဲ့သူ မစန်းမြာဦးက ပြောပါတယ်။
အစ္စရေးနဲ့ဟားမတ်စ်ကြား စစ်ပွဲတွေဆက်ဖြစ်နေတာနဲ့အမျှ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းတွေ၊ ဂျူးဘုရားကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ အကြမ်းဖက်ဖို့ ခြိမ်းခြောက်တာတွေ ကြုံလာရပါတယ်။ ခုလို ခြိမ်းခြောက်မှုတွေ ဖြစ်လာအောင် ဘာတွေက စေ့စော်နေတာပါလဲ။
အစ္စရေးနဲ့ ဟားမတ်စ်တိုက်ပွဲတွေကြောင့် ဂါဇာမှာ ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်အောင် လမ်းဖွင့်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပဋိပက္ခမှာ ပါဝင်နေသူ အားလုံးကို တိုက်တွန်းနေပါတယ်။ Edward Yeranian သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အစ္စရေးနဲ့ ဟားမတ်စ်တိုက်ပွဲတွေကြောင့် ဂါဇာမှာ ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်အောင် လမ်းဖွင့်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပဋိပက္ခမှာ ပါဝင်နေသူ အားလုံးကို တိုက်တွန်းနေပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်က ဟားမတ်စ်အဖွဲ့ကို စပြီး တိုက်ခိုက်လာကတည်းက အစ္စရေးနဲ့ လက်ဘနွန်နယ်စပ်မှာ တင်းမာလာပြီး ဂါဇာမှာ အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေက သူတို့ကို ပဋိပက္ခထဲ ပါလာအောင် ဆွဲသွင်းရာ ရောက်တယ်လို့ လက်ဘနွန် လက်နက်ကိုင် နိုင်ငံရေးအဖွဲ့ Hezbollah က အစ္စရေးကို သတိပေးထားပါတယ်။
ဒေါ်လာ ဘီလျံပေါင်းများစွာ အကုန်အကျခံတည်ဆောက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးကနေ မီးရထားလမ်းတွေ၊ ကားလမ်းတွေနဲ့ အခြေခံ အဆောက်အအုံတွေ အများအပြား တည်ဆောက်နိုင်ခဲ့တဲ့တချိန်တည်းမှာ နိုင်ငံအတော်များများကိုလည်း အကြွေးနွံ နစ်စေခဲ့ပါတယ်။
ကိုယ့်နေရပ်မှာ လုံခြုံမှုနဲ့ အခြေခံအခွင့်အရေး ရပိုင်ခွင့် အာမခံချက်တွေ မရှိသလို၊ ဒုက္ခသည်စခန်းတွေထဲမှာ အကျပ်အတည်း မျိုးစုံနဲ့ နေထိုင်နေကြရတယ်လို့ ဗွီအိုအေရဲ့ Rohingya Lifeline အစီအစဥ်မှာ ရိုဟင်ဂျာအရေး လှုပ်ရှားသူ အမျိုးသမီး Lucky Karim ပြောဆိုခဲ့တာတချို့ကို ကောက်နုတ်တင်ပြထားပါတယ်။
ဂါဇာကမ်းမြှောင်ဒေသမှာ ဟာမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို အစ္စရေးဘက်ကလည်း လက်တုံ့ပြန်တိုက်ခိုက်နေတာနဲ့အမျှ စစ်မီးအရှိန်တက်နေပြီး လူထောင်နဲ့ချီ သေဆုံးခဲ့ရပြီးဖြစ်သလို အိုးအိမ်စွန့်ခွာ ထွက်ပေးရသူတွေလည်း သိန်းချီရှိနေပါပြီ။ ဂါဇာဒေသက နောက်ဆုံးအခြေအနေ အယ်ဒီတာ ဦးကျော်ဇံသာကို မခင်ဖြူထွေး မေးမြန်းထားပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ထောင်ထဲမှာ ၁ နှစ်ကျော် နေခဲ့ရပြီး မိသားစုနဲ့ တွေ့ဆုံခွင့်ဆိုတာ မရှိခဲ့သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ခြိမ်းခြောက်တာတွေ ကြုံခဲ့ရတယ်လို့ နိုင်ငံရေး အကျဥ်းသူဟောင်း မရွှေရည်လင်းထင်က ပြောပါတယ်။ မရွှေရည်လင်းထင်ရဲ့ ထောင်တွင်း အတွေ့အကြုံတချို့ကို မခင်ဖြူထွေးက မေးမြန်းထားပါတယ်။
စိန်ခေါ်မှုများတဲ့ ပတ်ဝန်းကျင်သစ်မှာ အရင်နဲ့မတူတဲ့ ပုံစံနဲ့ ရုန်းကန် လှုပ်ရှားရမယ်ဆိုတာ သိခဲ့ပေမဲ့ စစ်ကောင်စီအလိုကျ သတင်းတွေကိုတော့ ရေးသား မပြောဆိုနိုင်တဲ့အတွက် မိသားစုနဲ့အဝေးကို ထွက်ခွာပြီး လွတ်လပ်တဲ့ သတင်းမီဒီယာတခုမှာ ဆက်လက် အလုပ် လုပ်ဖြစ်နေတယ်လို့ မဇ္ဇျိမ ရုပ်သံ သတင်းတင်ဆက်သူ မှူး က ပြောပါတယ်။
ကမ္ဘာ့အဆင့်မီ ဘောလုံး ပြိုင်ပွဲတွေမှာ နိုင်ငံ့ ဂုဏ်ဆောင်နိုင်တဲ့ FIFA အမျိုးသမီး ဒိုင်တယောက်အဖြစ် အသိအမှတ်ပြု နေရာတခုရဖို့အတွက် ကိုယ့်ဒူးကိုယ်ချွန် အားထုတ် ကြိုးပမ်းခဲ့ရတဲ့ ဒေါ်ကော့ဂျာနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ဒုတိယပိုင်းကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံက ပထမဆုံး အမျိုးသမီး FIFA ဒိုင်အဖြစ် ၁၀ နှစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အာရှနိုင်ငံတွေထဲမှာ အကောင်းဆုံး အမျိုးသမီးဒိုင် ၃ ယောက် ရွေးချယ်ရာမှာလည်း ပါဝင်ခဲ့တဲ့ ဒေါ်ကေ့ာဂျာ က သူ့အတွေ့အကြုံတချို့ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ပြောပြထားပါတယ်။
တိုင်းရင်းသားတွေ လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အာမခံတဲ့ ဖွဲ့စည်းပုံ ပုဒ်မတွေ ထည့်သွင်းနိုင်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီ ကိစ္စတွေကို ဒီတခေါက် စစ်ကောင်စီနဲ့ ဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာပါဝင်တဲ့ တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က Pokemon Go စုပေါင်း ကစား ပွဲတော်၊ ဗြိတိန်နိုင်ငံမှာ ၁၄ နာရီကြာ မြက်ရိတ်စက်မောင်းပြိုင်ပွဲ ကျင်းပခဲ့၊ ဒီလို ထူးခြားဆန်းပြား သတင်းများအစီအစဉ်ကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့တင်ဆက်ထားပါတယ်။
ကျုးဘားနိုင်ငံ ဟာဗားနားမြို့တော်မှာ လူတဦး သူ့ကိုယ်သူ ၁၀ပေါင်တူနဲ့ ထုပြီး သန်မာကြောင်းပြ၊ အီဂျစ်နိုင်ငံကခြေတဘက်ပြတ်အားကစားသမားက တနာရီအတွင်း အကြိမ်အများဆုံး ဘားတန်းခိုကစားပြီး ဂင်းနစ်ကမ္ဘာ့စံချိန်ချိုး၊ ဒီလို ထူးခြားဆန်းပြားသတင်းများ အစီအစဉ်ကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်
မြန်မာနိုင်ငံမှာ မုတ်သုန်မိုးကြောင့် ရေကြီးမြေပြိုတာ၊ လမ်းပျက်စီးတာတွေနဲ့ ကုန်သွယ်ရေးမှာ အရေးပါတဲ့ ကားလမ်းမကြီးတချို့ ထိခိုက်ပျက်စီးပြီး ကုန်စည်စီးဆင်းမှုနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်နေပါတယ်။ လူသေဆုံးတဲ့အထိဖြစ်တဲ့ ရေဘေးနဲ့ ပတ်သက်ပြီး ရန်ကုန်က သတင်းထောက်မှတ်စုကို မခင်ဖြူထွေး တင်ဆက်ထားပါတယ်။
ဗြိတိန်နိုင်ငံမှာ အဝေးထိန်းဒရုန်းနဲ့ စာပို့တဲ့စနစ် ပထမဦးဆုံး စတင်စမ်းသပ်၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ ဆူဒန်နိစ်ရိုးရာ အန်ကလွန်ဝါး တူရိယာပွဲတော်ကျင်းပပြီး ဂင်းနစ်ကမ္ဘာ့စံချိန် ချိုး၊ ဒီလို ထူးခြားဆန်းပြား သတင်းများအစီအစဉ်ကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ဂျာမနီတောင်ပိုင်းမှာ နာမည်ကျော်ကာတွန်းဇာတ်ကောင် မစ်ကီမောက်စ်ပုံ နေကြာပန်းခင်းဝင်္ကါဘာ ဖန်တီး၊ ဂျပန်ရထားဘူတာရုံ လက်မှတ်ရောင်းကောင်တာမှာ အလိုအလျောက် စကားပြန်ပေးတဲ့ ဘာသာပြန် ပြတင်းပေါက်တွေရှိ၊ ဒီလို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်ကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
လန်ဒန် V&A ပြတိုက်မှာ သမိုင်းဝင်ရုပ်တုတွေဘေး သာမန်လူမည်း ရုပ်တုတွေကို တမင်ယှဉ်ပြ၊ အမေရိကားမှာ လကမ္ဘာအာကာသယာဉ်သုံးတာယာလို လေထိုးစရာမလိုတဲ့ ကားတာယာတွေ ထုတ်လုပ်၊ ဒီလို ကမ္ဘာတလွှားက သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်