အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့အစပ်က မြို့တခုရဲ့ မီးပွိုင့်လမ်းစုံတခုရဲ့အောက်မှာ ကုန်တင်သတ္တာ အဟောင်းကြီးတွေကို ပြန်သုံးပြီး အိမ်ယာမဲ့ ကလေးငယ်တွေအတွက် စာသင်ကြားနိုင်တဲ့ နေရာတခု ဖွင့်ထားတာပါ။ ဒီအကြောင်း မွန်ဘိုင်းမြို့ကနေ Anjana Pasricha ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ဟာ ချစ်သူများနေ့ပါ။ အနောက် ဗာဂျီးနီးယားပြည်နယ် Harper’s Ferry မြို့မှာရှိတဲ့ True Treats Historic Candy ဆိုတဲ့ သကြားလုံးဆိုင် ကတော့ ထူးထူးခြားခြား ချိုချဉ်စားစရာတွေ ရနိုင်တဲ့ အကောင်းဆုံးနေရာတခုပါ။ Deborah Block ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
သေနတ်ကိုင် အကြမ်းဖက်မှုတွေဟာ အမေရိကန်ပြည်ထောင်စုတဝှမ်း နေရာမရွေး ကြုံရနိုင်တဲ့ အခြေအနေတခုပါ။ ဒါကြောင့် ဒီလိုပစ်ခတ်မှုတွေကနေ ကျောင်းသူကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေ ဘေးကင်းလုံခြုံရေးအထောက်အကူပေးနိုင်အောင်ဖန်တီးထားတဲ့ computer program အကြောင်း Kevin Enochs ပေးပို့တဲ့သတင်းလွှာကိုမခင်ဖြူထွေးက တင်ပြပေးပါမယ်။
မြောက်ကိုရီးယားအားကစားအဖွဲ့တွေပါဝင်ယှဉ်ပြိုင်မယ့် ပြုံချမ်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲတွေ ကြောင့်မြောက်ကိုရီးယားရဲ့နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေယာယီရပ်နားသွားစေပါတယ်။ ဒါပေမဲ့ အမေရိကန်ကတော့ မြောက်ကိုးရီးယားလုပ်ရပ်အပေါ် သံသယရှိနေပါတယ်။ Brian Padden ရဲ့သတင်းလွှာကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
လက်ဘနွန်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလုံနေကြတဲ့ ဆီရီးယား ဒုက္ခသည်တွေဟာ ဆောင်းရာသီ အအေးဒဏ်နဲ့ မိုးများတဲ့ဒဏ်ကိုပါ တပြိုင်တည်း ခံစားနေကြရပါတယ်။ ဒုက္ခသည် ၂ သိန်းခွဲလောက် အခက်အခဲတွေ ကြုံနေရတဲ့အကြောင်းကိုတော့ ဗွီအိုအေ သတင်းထောက် John Owens ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ကမ္ဘာပေါ်မှာ ခန့်မှန်းချေ ကလေးငယ် သန်းပေါင်း ၂၂၀၀ ရှိပါတယ်။ မကြာခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဒီလို သန်းပေါင်းများစွာ ကလေးငယ်တွေရဲ့ အနာဂတ် ကောင်းမွန်ဖို့အရေးမှာ အရေးတကြီး ကူညီ ဆောင်ရွက်စရာတွေ အများအပြား ရှိနေတဲ့အကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ Kevin Enochs ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဆေးရွက်ကြီးကို မီးညှိဖွာရှိုက်စရာ မလိုဘဲ၊ နီကိုတင်းဓာတ် ခံစားရစေနိုင်မယ့် ပစ္စည်းတမျိုးကို ဆေးလိပ်ကုမ္ပဏီတွေက ထုတ်လုပ်ဖို့ ကြိုးစားနေတာမှာ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာန (FDA) ကလည်း ဒါကို ခွင့်ပြုဖို့ စဉ်းစားနေပါတယ်။ Kevin Enochs ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အရှေ့အာဖရိကဒေသမှာ ၂၀၁၇ ခုနှစ်အတွင်း မိုးခေါင်ရေရှားမှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လူ ၃၇ သန်းကျော် အစာရေစာ အလုံအလောက်မရဘဲ ဖြစ်နေတယ်လို့ WFP က ပြောပါတယ်။ လူသားချင်းစာနာမှု လိုအပ်ချက်တွေ ဆက်ပြီး ဆိုးရွားနေဆဲ ဖြစ်တဲ့အကြောင်း နိုင်ရိုဘီမြို့ကနေ Jill Craig ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ရေသတ္တဝါ ၄ပုံ ၁ပုံနီးပါးရဲ့ ရှင်သန်ရေးကို သန္တာကျောက်တန်းတွေက အထောက်အကူပေးနေတာပါ။ သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ပိုပြီး ကြံ့ကြံ့ခံနိုင်တဲ့ သန္တာကျောက်တန်းတွေ ဖြစ်အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေကြပါတယ်။ VOA သတင်းထောက် Kevin Enochs ရဲ့သတင်းကို မခင်ဖြူထွေးက တင်ဆက်ပေးပါမယ်။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးအတွေ့အကြုံအားနည်းတဲ့ သမ္မတသစ် တက်လာပြီးတဲ့နောက် အမေရိကန်စီးပွားရေးဟာ ၂ နှစ်ကျော်ကာလအတွင်း အမြန်ဆုံးနှုန်းနဲ့တိုးတက်လာခဲ့ပါတယ်။နှစ်သစ်မှာ တခြား စိန်ခေါ်မှုအသစ်တွေ ရှိနိုင်တဲ့အကြောင်း Mil Arcega ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဂီတမှာ ညှို့ဓာတ်ရှိတယ် “Music hath charms” ဆိုတဲ့ စကားလိုပဲ ဂီတဟာ လူတွေကို ပျော်ရွှင်အောင်၊ ဝမ်းနည်းအောင်၊ လူမှုရေးရာ အပြောင်းအလဲတွေ ဖြစ်အောင်အထိ စွဲဆောင်နိုင်ပါတယ်။ ရောဂါဝေဒနာ ခံစားမှုတွေ သက်သာအောင်လည်း ဂီတက စွမ်းဆောင်ပေးနိုင်ပါတယ်။ Kevin Enochs ရဲ့သတင်းလွှာကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
နှစ်ပေါင်း ၂၇၀၀သက်တမ်းရှိတဲ့မြေစေးတံဆိပ်တုံးတခုကို အစ္စရေးနိုင်ငံက ရှေးဟောင်းပစ္စည်းတွေ တူးဖော်တဲ့Western Wall ရင်ပြင်မှာရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ တံဆိပ်တုံးပေါ်မှာ ရှေးဟောင်းဟီဘရူးဘာသာနဲ့ “မြို့တော်အုပ်ချုပ်ရေးမှူးပိုင်” လို့ ထွင်းထားတာပါ။ Zlatica Hoke ပေးပို့တဲ့သတင်းလွှာကိုမခင်ဖြူထွေးက တင်ပြထားပါတယ်။
၂၀၁၇ အတွင်း အမေရိကန်ု၊ ဗြိတိန်နဲ့ နိုင်ငံကြီးတချို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရင်ဆိုင်ခဲ့ရပြီး နိုင်ငံရေးအပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ သဘာဝဘေးဒဏ်တွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၁၇ အတွင်း အဖြစ်အပျက်တွေကို စုစည်းထားတဲ့ Reuters သတင်းတပုဒ်ကို ကိုသိန်းထိုက်ဦးနဲ့ မခင်ဖြူထွေးတို့က စုစည်းတင်ပြပါလိမ့်မယ။်
ကျန်းမာရေး အခြေအနေကို တိုင်းတာပြီး သတိပေးတဲ့ နာရီသစ်တမျိုးကို မကြာခင် စတင် ရောင်းချလာတော့မှာပါ။ ဘယ်လိုရောဂါလက္ခဏာ ပုံစံ မျိုးကိုမဆို ဒီနာရီက စောင့်ကြည့် တိုင်းတာနိုင်ပြီး အရေးပေါ် အခြေအနေတခုခု မရောက်ခင်မှာ ကြိုတင် သတိပေးနိုင်တဲ့အကြောင်း Faith Lapidus ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ယေရှုခရစ်တော်ဖွားမြင်ခဲ့တယ်လို့ ယုံကြည်ထားကြတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း Bethlehem မြို့မှာ သာမက ဂျပန်နိုင်ငံလို အာရှဒေသနဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတလွှား ခရစ္စမတ်အကြို ပြင်ဆင်မှုတွေကိုတော့ မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။
Facebook၊ Twitter နဲ့ Instagram လို လူမှုကွန်ရက်တွေဟာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ကိုယ့်ရဲ့ ဘဝအကြောင်းအရာတွေ မျှေ၀ ဖော်ပြလေ့ရှိတဲ့နေရာတွေပါ။ အဲဒီလို မျှဝေလိုက်တာက လူတွေရဲ့ စိတ်အခြေအနေကို ဘယ်လိုပုံစံနဲ့ ဖော်ပြနိုင်ပါလဲ။ Kevin Enochs ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းရယူဖို့ကြိုးစားတဲ့ ရိုက်တာ သတင်းဌာနက မြန်မာသတင်းထောက်နှစ်ဦးကို အစိုးရက ဖမ်းဆီးလိုက်တာဟာ သတင်း မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်ပြီး လက်ခံနိုင်စရာ မရှိဘူးလို့ နိုင်ငံတကာ လူ့ အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Human Rights Watch (HRW) က ဝေဖန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု Alabama ပြည်နယ်မှာအင်္ဂါနေ့ကကျင်းပတဲ့အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲမှာဒီမိုကရက်တစ်ပါတီက Doug Jones အနိုင်ရသွားပါတယ်။ဒီရလဒ်ကရီပတ်ဘလစ်ကန်ပါတီ အတွက်ရောသမ္မတTrump ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကိုပါအကြီးအကျယ်သက်ရောက်မှုရှိလာနိုင်ပါတယ်။ Richard Green ရဲ့သတင်းလွှာကို မခင်ဖြူထွေးတင်ပြထားပါတယ်။
အနုပညာရှင်၊ ဂရက်ဖစ် အယ်ဒီတာနဲ့ သဘာ၀ ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ Patterson Clark ကတော့ ပေါင်းမြက်အပင်တွေကို ဖယ်ရှားပြီး အလကားလည်း ဖြစ်မသွားရအောင် အနုပညာလက်ရာတချို့ ပြန်လည် ဖန်တီးနေပါတယ်။ ဒီအကြောင်း Faith Lapidus ရဲ့ သတင်းလွှာကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှု ဆောင်ရွက်ချက်တွေဟာ ဒေသတွင်းက ရိုဟင်ဂျာမူစလင်တွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားရာ ရောက်နေတယ်လို့ ဗြိတိန်လွှတ်တော်က ဒီကနေ့ ပြောဆိုလိုက်ပြီး ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် လိုအပ်ရင် ဖိအားတိုးမြှင့်ပေးသွားဖို့လည်း တိုက်တွန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်