မြန်မာနိုင်ငံမှာ ရသစာပေတော်တော်အားကောင်းခဲ့ပေမယ့် နှစ်ပေါင်းများစွာ နိုင်ငံရေး စီးပွားရေးနဲ့လူမှုရေးဖိနှိပ်မှုတွေကြောင့် ဘက်ပေါင်းစုံက ဆုတ်ယုတ်သွားခဲ့ပြီး၊ အခုနိုင်ငံ ပြန်ဦးမော့လာတဲ့အချိန်မှာ စာပေအဆင့်အတန်း ပြန်မြင့်လာဖို့ မျှော်လင့်တယ်လို့ ဆရာညီပုလေးက ဆိုပါတယ်။ မခင်ဖြူထွေးမေးမြန်းထားတာပါ။
အမေရိကန်ပြည်ထောင်စု ၂၀၂၀ ရွေးကောက်ပွဲနဲ့ ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်းနေရာ အလားအလာတွေနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် Katherine Gypson ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။
ဒီဇင်ဘာ ၂၅၊ ၂၀၁၉ - ICJ ခေါ် နိုင်ငံတကာ တရားရုံးမှာ Gambia နိုင်ငံရဲ့လျှောက်ထားမှုကို ရင်ဆိုင်ရတဲ့အတွက် မြန်မာနိုင်ငံအပေါ် ထိခိုက်နစ်နာမှု တစုံတရာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒီကိစ္စဟာ မြန်မာနိုင်ငံအတွက် သာမက နိုင်ငံတကာအတွက်ပါ သမိုင်းတွင်ရစ်မယ့် ကိစ္စတရပ်ဖြစ်တယ်ဆိုရင် မှားမယ် မဟုတ်ပါဘူး။
ICJ ခေါ် နိုင်ငံတကာ တရားရုံးမှာ Gambia နိုင်ငံရဲ့လျှောက်ထားမှုကို ရင်ဆိုင်ရတဲ့အတွက် မြန်မာနိုင်ငံ အပေါ်ထိခိုက်နစ်နာမှု တစုံတရာရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ ဒီကိစ္စဟာ မြန်မာနိုင်ငံအတွက် သာမက နိုင်ငံတကာအတွက်ပါသမိုင်းတွင်ရစ်မယ့် ကိစ္စတရပ်ဖြစ်တယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။
ကမ္ဘာ့လူအသုံးအများဆုံး အင်တာနက်ရှာဖွေရေး ဝက်ဆိုဒ် ဂူဂယ်ရဲ့ ၂၀၁၉ ခုနှစ်အတွက် လူတွေအများဆုံး ရှာဖွေတဲ့ စကားလုံးတွေ ထွက်လာပါပြီ။ တစ်ကမ္ဘာလုံးအနေနဲ့ လူတွေရှာအကြည့်ဆုံးစကားလုံးတွေပါသလို နိုင်ငံချင်းစီအလိုက်လည်း ခွဲခြားထားပါတယ်။ ဒီအကြောင်း ကိုဝင်းခန့်မောင်က ဆက်ပြီးပြောပြပေးပါမယ်။
အိန္ဒိယနိုင်ငံမှာ မွတ်ဆလင်တွေကို ခွဲခြားကန့်သတ်တဲ့ အငြင်းပွားစရာ နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို ကန့်ကွက်ဆန္ဒပြနေကြတာမှာ လူအများရှေ့ သိပ်ထွက်လေ့မရှိတဲ့ မွတ်ဆလင်အမျိုးသမီးတွေနဲ့ မွတ်ဆလင်ကျောင်းသူတွေပါ ထောင်နဲ့ချီ ပါဝင်လာပါတယ်။ Anjana Pasricha ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ICJ နိုင်ငံတကာတရားရုံး ကြားနာပွဲတွေမှာ မြန်မာစစ်တပ်အနေနဲ့ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရက်စက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်တဲ့ အခြေအနေမျိုးအထိ ဆိုးရွားခဲ့ကြောင်း ဂမ်ဘီယာဘက်က လျှောက်ထားခဲ့ပါတယ်။
ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်တဲ့အခြေအနေကို မြန်မာနိုင်ငံဘက်က ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို ICJ ခေါ် နိုင်ငံတကာ တရားရုံးက လက်ခံကြားနာဖို့ ပထမအကျော့ နုတ်အားဖြင့် ကြားနာပွဲတွေ မနက်ဖြန် စတင်ကျင်းပတော့မှာပါ။
NATO ထိပ်သီးဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပနေပြီး အမေရိကန်သမ္မတ Donald Trump လည်း ဒီဆွေးနွေးပွဲကို တက်ရောက်နေပါတယ်။ နိုင်ငံအတွင်းမှာတော့ သမ္မတ Trump ဟာ သူ့ကိုတရားစွဲနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေကို ရင်ဆိုင်နေရတာပါ။ Arash Arabasadi ရဲ့ သတင်းလွှာကို မခင်ဖြူထွေး တင်ပြပါမယ်။
အမေရိကန်သမ္မတ Donald Trump ကို အရေးယူရေး စုံစမ်းစစ်ဆေးနေတဲ့ လွှတ်တော်ကြားနာပွဲတွေမှာ ထွက်ဆိုကြသူတွေကို အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေက မေးမြန်းမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ အိမ်ဖြူတော် သတင်းထောက် Patsy Widakuswara ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပါမယ်။
ဟောင်ကောင်မှာ ဒီမိုကရေစီလိုလားသူတွေရဲ့ဆန္ဒပြပွဲတွေလချီ ဖြစ်ပွားနေတာမှာ မကြာခင်က ဆန္ဒပြလူငယ်တဦးသေဆုံးခဲ့ရပြီး နောက်မှာတော့ ဆန္ဒပြပွဲတွေပုံစံသစ်တမျိုးနဲ့ ပြောင်းလဲလာပြီးအကြမ်းဖက်မှုတွေရှိလာပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစိတ်တပိုင်း ဟောင်ကောင် လနဲ့ချီ ဆန္ဒပြပွဲအခြေအနေကို မခင်ဖြူထွေး ပြောပြပေးပါမယ်။
မေရိကန်သမ္မတ Donald Trump ကို အရေးယူရေး စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ် တရားဝင် ရှေ့ဆက်ဆောင်ရွက်သွားဖို့အတွက် ဒီမိုကရက် အများစုထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်မှာ ကြာသပတေးနေ့က မဲခွဲ အတည်ပြုခဲ့ကြပါပြီ။
ဒုသမ္မတဟောင်း Joe Biden နဲ့ သားဖြစ်သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ယူကရိန်းအစိုးရဆီက ယူဖို့ သမ္မတ Trump ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာပြီးနောက် သမ္မတကို အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ မစ္စတာ Biden ကတောင်းဆိုလိုက်ပါတယ်။ Katherine Gypson ရဲ့သတင်းလွှာကို မခင်ဖြူထွေးက တင်ပြပါမယ်။
ဂျပန်နိုင်ငံမှာ လူ ၃၀ ကျော် သေဆုံးခဲ့ရပြီး တိုကျိုမြို့တော်လုပ်ငန်းတွေ ယာယီရပ်နားသွားတဲ့အထိ ဆိုးဆိုးရွားရွားကြုံခဲ့ရတဲ့ အင်အားပြင်း Hagibis မုန်တိုင်းဒဏ် ခံခဲ့ရပြီးတဲ့နောက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ Zlatica Hoke ရဲ့သတင်းလွှာကို မခင်ဖြူထွေး ပြောပြပေးပါမယ်။
ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ တနင်္ဂနွေနေ့က လူထုဆန္ဒပြပွဲကြီးတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လက အစိုးရဆန့်ကျင်ရေး အကြမ်းမဖက် ဆန္ဒပြပွဲတွေအတွင်း အဖမ်းခံခဲ့ရသူတွေကို ပြန်လွှတ်ပေးဖို့ အဓိက တောင်းဆိုခဲ့ကြတာပါ။ ဗီအိုအေသတင်းထောက် Zlatica Hoke ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း Rajasthan ပြည်နယ်မှာ အမျိုးသမီး ဝန်ထမ်းတွေချည်း သီးသန့် စီမံလည်ပတ်တဲ့ ပထမဆုံး မီးရထားရုံကြောင့် ကျား-မ ခွဲခြားဆက်ဆံတဲ့ အယူအဆတွေ လျော့ပါးအောင်ဆောင်ရွက်ရာကျသလို၊ ရှေးရိုးစွဲအယူအဆတွေ အပြင်းထန်ဆုံးရှိတဲ့ ဒီပြည်နယ်မှာ အမျိုးသမီးတွေအတွက် စွမ်းရည်မြင့်တင်ပေးရာလည်း ရောက်နေပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်ပြည်ထောင်စုထဲကို နိုင်ငံပေါင်း ၅၀ ကျော်က ရွှေ့ပြောင်းဝင်ရောက်လာသူတွေ ရှိခဲ့တဲ့အကြောင်း တက္ကဆက် အခြေစိုက် အမေရိကန် နယ်စပ်လုံခြုံရေးနဲ့ အကောက်ခွန်ဌာန၊ Del Rio ဌာနခွဲက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ Ramon Taylor နဲ့ Victoria Macchi ရဲ့ သတင်းလွှာကို မခင်ဖြူထွေးက တင်ပြပါမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဆယ်ကျော်သက် ဒုက္ခသည် လူငယ်တွေကို ကိုယ်ပိုင်ဝင်ငွေရစေပြီး နေ့တဓူဝအခက်အခဲတွေ ဖြေရှင်းနိုင်ဖို့အတွက် အသက်မွေးပညာတချို့ သင်ကြားပေးနေပါတယ်။ Sandford က သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဟာရီကိန်းမုန်တိုင်း ဒိုရီယံဒဏ် ပြင်ပြင်းထန်ထန် ခံလိုက်ရတဲ့ ဘဟားမားနိုင်ငံက နေရာအတော်များများမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုတွေနဲ့ ရေဘေးဒဏ်ကို ခံစားနေရပါတယ်။
အမေရိကန် ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်းနေရာအတွက် နောက်တကြိမ်ယှဉ်ပြိုင်ကြမယ့် စကားစစ်ထိုးပွဲကို စက်တင်ဘာလထဲ ကျင်းပပါမယ်။ ဒီပွဲမှာ ဘယ်သူတွေ ပါဝင် ယှဉ်ပြိုင်ကြမလဲ။ သမ္မတလောင်း အရွေးခံရဖို့ ဒီပွဲတွေက ဘယ်လိုအရေးပါသလဲ ဆိုတာတွေကို Jim Malone ပေးပို့တဲ့သတင်းလွှာကို မခင်ဖြူထွေးက ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်