မြန်မာနိုင်ငံမှာ တပတ်အတွင်း ကျပ် ၂၀၀,၀၀၀ ကျော်အထိ တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီကနေ့မှာ ကျပ် ၁၀၀,၀၀၀ နီးပါး ဈေးကျသွားပါတယ်။ ဒီနေ့ အခေါက်ရွှေ ၁ ကျပ်သားကို ၁,၆၃၀,၀၀၀ ဈေးပေါက်ပါတယ်။ ဗဟိုဘဏ်က ဒေါ်လာငွေတွေ ထုတ်ရောင်းနေချိန်မှာ ခုလို ရွှေဈေးတွေ ကျသွားတာဖြစ်ပါတယ်။