ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီတပ်တွေက ရပ်ကွက်ထဲထိ ဝင်ရောက်ပစ်ခတ်လို့ တစ်ဦးသေဆုံး၊ နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိသလို ဒေသခံ ၅ ဦးထက်မနည်း ဖမ်းဆီးခံရပါတယ်။
“အမျိုးသမီးတွေရဲ့ဒုက္ခ၊ အမျိုးသမီးတွေကို ထိခိုက်စေတဲ့အရာတွေက တကယ်တော့ လူမျိုးနွယ်ကြီးကို ထိခိုက်စေတဲ့အရာတွေ ဖြစ်တယ်။” - ကောင်းသောသိုးထိန်းသီလရှင် စစ္စတာ အဲလိစ်ဇဘက်
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ လူမှုစီးပွားအကျပ်အတည်းတွေ ကြုံနေရတဲ့အချိန်မှာ ကိုဗစ်ကပ်ဘေးဆိုးဆိုးရွားရွား ထပ်ကြုံရတဲ့ မြန်မာပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကို လစ်လျူရှုထားလို့ မရနိုင်ဘူးလို့ Honolulu မြို့က စိတ်ပညာရပ်ဆိုင်ရာပညာရှင်မဂျူးဂျူးမင်းသူက ပြောပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ရန်ကုန်ကဆန္ဒပြပွဲတခုကို အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်တွေက ပစ်ခတ်ဖမ်းဆီးတာကြောင့် ဆန္ဒပြသူတဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး သုံးယောက်ထက်မနည်း အဖမ်းခံခဲ့ရ
စစ်တပ်အာဏာသိမ်းထားလို့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ အကျပ်အတည်းတွေ ကြုံနေရတဲ့အချိန် ကိုဗစ်တတိယလှိုင်းဒဏ် ဆိုးဆိုးရွားရွားခံနေရတဲ့ မြန်မာပြည်သူတွေအတွက် ရုပ်ပိုင်း စိတ်ပိုင်း ဖေးမကူညီမှုတွေ အများကြီး လိုအပ်နေတယ်လို့ ခရစ်ယာန်သာသနာပြု ကောင်းသောသိုးထိန်းသီလရှင်ဂိုဏ်းက စစ္စတာ အဲလိစ်ဇဘက်ဂျိုးဇက်က ပြောပါတယ်။
ဒီကနေ့ နေ့လည်ပိုင်းက မန္တလေး မြတောင်သပိတ်ကို စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ လာရောက်ပစ်ခတ် ဖြိုခွဲတာကြောင့် ဆန္ဒပြ လူငယ် ၃ ဦးထက်မနည်း ဒဏ်ရာနဲ့ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုတွေအတွက် တရားရုံးကြားနာစစ်ဆေးမှုတွေကို အပတ်စဉ်ပြုလုပ်နေရာမှာ၊ ကပ်ရောဂါကန့်သတ်ချက်အများပြည်သူရုံးပိတ်ရက်ရှည် သတ်မှတ်ထားတာကြောင့် နောက်လာမယ့်ရုံးချိန်းတွေကိုတော့ ဩဂုတ်လဆန်းအထိ ရွှေ့ဆိုင်းလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းရဲ့ကျန်းမာရေးအခြေအနေ ကောင်းမွန်နေတယ်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေကပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိလိုက်စားမှုနဲ့နောက်ထပ် အမှု ၄ မှုထပ်တိုး တရားစွဲလိုက်ပါတယ်။ အဲဒီ ထပ်တိုးအမှု ၄ မှုထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အတူစွဲဆိုလိုက်တဲ့ အမှု ၁ ခုလည်းပါတယ်လို့ သူ့ရှေ့နေတွေကပြောပါတယ်။
စစ်တပ် အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို နိုင်ငံတကာက ပိုသိလာစေဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ရရှိရေး ကြိုးပမ်းမှုတွေကို တဘက်တလှမ်းက ကူညီထောက်ပံ့နိုင်ဖို့အတွက် လေထီးခုန်ပြီး ရန်ပုံငွေရှာခဲ့ကြပါတယ်။ အမြင့်ပေ ၁၀,၀၀၀ ကျော်ကနေ စွန့်စွန့်စားစား လေထီးခုန်တဲ့ အစီအစဉ် ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ဒီကနေ့ သုံးနေရာထက်မနည်းမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။ မြင်းခြံမြို့မှာလည်း ယာဉ်ထိန်းရဲတဦး သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ ဒီအတောအတွင်းမှာပဲ နိုင်ငံတဝန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အကြိုအထိမ်းအမှတ် ဆန္ဒပြစစ်ကြောင်းတချို့ထွက်ခဲ့သလို လှုပ်ရှားမှုတချို့လုပ်ခဲ့ကြ
ကူးစက်မြန် ပြင်းထန်တဲ့ မျိုးရိုးဗီဇကွဲ ကိုဗစ်ပိုးသစ် တွေ့ရှိထားတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကိုဗစ်အတည်ပြုလူနာ ၇ ဦး ဒီနေ့ သေဆုံးခဲ့ပါတယ်။ ကိုဗစ်အတည်ပြုလူနာနဲ့ သေဆုံးသူဦးရေ တိုးလာနေတဲ့ အဲဒီဒေသမှာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်ချက်တွေလည်း ရှိနေတာပါ။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ရုရှားသမ္မတ Vladimir Putin တို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒီသီတင်းပတ်တွေ့ဆုံမှုဟာ သမ္မတဘိုင်ဒန် ဇန်နဝါရီလထဲ အမေရိကန်သမ္မတ တာဝန်စယူပြီးနောက်ပိုင်း ခေါင်းဆောင်နှစ်ဦး ပထမဆုံးတွေ့ဆုံကြမှာပါ။ Charles Maynes ပေးပို့တဲ့သတင်းကိုတော့ မခင်ဖြူထွေးက ပြောပြပါလိမ့်မယ်။
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန်မြို့မှာ အမှုဖွင့်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို နေပြည်တော်မှာ စစ်ဆေးသွားဖို့ရှိနေပါတယ်။
မြိတ်မြို့က DVB သတင်းထောက်နဲ့ မဇ္ဈိမသတင်းထောက်တို့ကို ပုဒ်မ ၅၀၅ (က) နဲ့ စစ်အုပ်ချုပ်ရေးကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။ သူတို့ နှစ်ဦးဟာ စစ်အုပ်ချုပ်ရေးကောင်စီလက်ထက်မှာ ဒုတိယမြောက် ထောင်ချအပြစ်ပေးခံရတဲ့ သတင်းသမားတွေ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့ သာစည်ကျေးရွာမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တို့ကြား မေလ ၃၁ ရက် ဒီနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကသာမြို့နယ်ဘက်မှာလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာ စစ်ကောင်စီက လေယာဉ်တွေနဲ့ လာပြီး ဗုံးကြဲသွားတယ်လို့ ဒေသခံတွေ ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲကစပြီး အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တင်ပြချက်ကို ကော်မရှင်နဲ့ နိုင်ငံရေးပါတီတချို့ ဒီနေ့တေ့ွဆုံစဉ် သဘောတူခဲ့ကြပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန်မြို့မှာ တရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က တောင်းယူသွားတာကြောင့် ဒီကနေ့ရုံးချိန်းမှာ အမှု မကြားနာနိုင်ခဲ့ပါဘူး။
ရွေးကောက်ပွဲ ဥပဒေတချို့ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတွေကို မေလ ၂၁ ရက် သောကြာနေ့ကျရင် နေပြည်တော်လာဖို့ ဖိတ်ခေါ်ထားပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ပြည်သူအများက ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ မီတာခအပါအဝင် အစိုးရဘဏ္ဍာဖြစ်စေမယ့် ဝန်ဆောင်ခတွေ မပေးဆောင်ဘဲ အသံတိတ်ဆန္ဒပြနေကြပါတယ်။ မီတာခမဆောင်ရင် လျှပ်စစ်မီးဖြတ်တောက်ခံရမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက သတိပေးနေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို မခင်ဖြူထွေးက ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်