VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ZTE ရဲ့အကျပ်အတည်းနဲ့ အင်ဒိုနီးရှားနိုင်ငံက တရုတ်ပိုင်တဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံ တခုအကြောင်း Schuyler Ogdenရဲ့သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
ရိုဟင်ဂျာမူဆလင်တွေကို မြန်မာစစ်တပ်ကနှိမ်နင်းခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူဆောင် ရွက်မှုတွေလုပ်ဖို့အရေးမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတချို့က မြန်မာဘက်ကိုကာကွယ်ပေးနေကြတယ်ဆိုပြီး အမေရိကန်သံအမတ်က အပြစ်တင်ဝေဖန်လိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့နျူကလီးယားအစီအစဉ်ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လိုသဘောတူညီမှုတွေမှာမဆို လုံခြုံရေး ဆိုင်ရာအာမခံမှုတွေကတော့ အစိတ်အပိုင်းတခုအနေနဲ့ပါဝင်နေမှာပဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောလိုက်ပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ သီဟိုဠ်စေ့ထုတ်လုပ်တဲ့စက်ရုံတွေအများအပြား အိန္ဒိယမှာ ပိတ်နေရတဲ့အကြောင်းနဲ့ အခွန်တိုးမြင့်မှုတွေကြောင့် အမေရိကန်က Almond စေ့တွေ တရုတ်နိုင်ငံကိုတင်သွင်းဖို့ အခက်ကြုံနေတဲ့အကြောင်း Schuyler Ogdenရဲ့သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ အာဖဂန်နစ္စတန်မှာ အစိုးရရဲ့ ဘိန်းကျဆင်းရေးကြိုးပမ်းမှုတွေကြားကပဲ ဘိန်းအထွက်တိုးနေဆဲအကြောင်းနဲ့ ကုန်ကြမ်းတွေဈေးတက်နေလို့ အိန္ဒိယမှာ သတ္တုပုံလောင်းလုပ်ငန်းတွေအကျပ်ရိုက်နေတဲ့အကြောင်း Schuyler Ogdenရဲ့သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
ကချင်ပြည်နယ်တွင်း ဖြစ်ပွါးနေတဲ့စစ်ပွဲတွေ သိသိသာသာ အရှိန်မြင့်လာနေတဲ့အတွက် ဒေသခံအရပ်သားတွေကို သေသေချာချာ အကာအကွယ်ပေးဖို့ မြန်မာအစိုးရတပ်နဲ့ ကချင်တပ်ဖွဲ့တွေကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်
မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာပဋိပက္ခကို မပြေလည်စေချင်တဲ့ အင်အားစု ထင်ထင်ရှားရှားရှိနေတဲ့အကြောင်း ကုလ သမဂ္ဂလုံခြုံရေးကောင်စီရဲ့ကိုယ်စားလှယ်တွေကို မြန်မာအရပ်ဖက်အဖွဲ့အစည်းတချိူ့က မနေ့က တင်ပြခဲ့ပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ တရုတ်ကုမ္ပဏီအလီဘာဘာ ထိုင်းနိုင်ငံမှာရင်းနှီးမြုပ်နှံမှုတွေလုပ်လာနေတဲ့အကြောင်းနဲ့ အိန္ဒိယနိုင်ငံအရှေ့တောင်ပိုင်းမှာ ငါးဈေးတွေသိသိသာသာတက်နေတဲ့အကြောင်း Schuyler Ogdenရဲ့သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
ဗြိတိန်နိုင်ငံက လိဒ်ယူနိုက်တက်ဘောလုံးအသင်း မြန်မာနိုင်ငံကိုသွားပြီး မြန်မာ့ဘောလုံး အသင်း၂ခုနဲ့ချစ်ကြည်ရေးကစား ကြဖို့ရှိနေပါတယ်။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိနေတဲ့မြန်မာနိုင်ငံကို သွားပြီး ဘောလုံးကန်ဖို့ဆုံးဖြတ်တာဟာ မသင့် တော်တဲ့ အကြောင်းနဲ့ သူတို့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်း ရိုဟင်ဂျာမူဆလင်တွေကို အကြမ်းဘက်မှုတွေ အဆုံးသတ်ရေး တောင်းဆိုဖို့ လိဒ်ယူနိုက်တက် အသင်းမှာ တာဝန်ရှိတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကပြောလိုက်ပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ နိုင်ငံခြားက ဈေးပေါတဲ့အဝတ်အထည်တွေအများအပြားဝင်နေလို့ အာဖဂန်နစ္စတန်ရဲ့ ရိုးရာအထည်လုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်နေတဲ့အကြောင်းနဲ့ အိန္ဒိယနိုင်ငံက ATM ငွေထုတ်စက်တွေထဲမှာ ငွေစက္ကူတွေပြတ်လပ်နေတဲ့အကြောင်း Schuyler Ogdenရဲ့သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
မြန်မာနိုင်ငံက တိုင်းရင်းသားကလေးငယ်တွေကို အခမဲ့ပညာသင်ကြားပေးခဲ့တဲ့ တရုတ်နိုင်ငံသား ခရစ်ယာန် သင်းအုပ် ဆရာ John Sanqiang Cao ကို တရုတ်အစိုးရက ဖမ်းဆီးထားပြီး ထောင်ဒဏ်၇နှစ် ချမှတ်ထားပါတယ် လူတွေစုဆောင်း ပြီး နယ်စပ်ကို တရားမဝင်ဖြတ်ကျော်မှုနဲ့ သူ့ကိုဖမ်းဆီးခဲ့တာပါ ဆရာ ဂျွန်နဲ့ သူ့ရဲ့မိသားစုလည်း အဖမ်းခံရပြီးကတည်း က အဆက်အသွယ်မရပဲဖြစ်နေပြီး သူ့အပေါ်ပြစ်ဒဏ်လျှော့ပေါ့ပေးစေချင်နေပါတယ်။
အားလုံးပျော်ရွှင်ချမ်းမြေ့ကြတဲ့ မြန်မာနှစ်သစ် ၁၃၈၀ ဖြစ်ပါစေ။ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ မြန်မာနိုင်ငံသား အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပြီး မြန်မာနိုင်ငံတော်ကြီး ကလည်း တိုးတက်ကောင်းမွန်လာပြီး ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံ ဖြစ်လာပါစေ။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာခရီးသွားလုပ်ငန်းနဲ့စည်ကားတဲ့ ဖိလစ်ပိုင်ကကျွန်းတခုကို ၆လ ပိတ်မယ် ဆိုတဲ့အကြောင်းနဲ့ အငြင်းပွါးစရာ နိုင်ငံရေးအခြေအနေရှိနေတဲ့ ကမ္ဘောဒီးယားကို ဂျပန်ကငွေကြေးကူညီမှုတွေလုပ်နေတဲ့ အကြောင်း Schuyler Ogdenရဲ့သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
Facebook သုံးစွဲသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို အကာအကွယ်ပေးဖို့ တာဝန်ပျက်ကွက်မှုနဲ့ပတ်သက်ပြီး Facebookကုမ္ပဏီရဲ့အကြီးအကဲ Mark Zuckerbergက အမေရိကန်လွှတ်တော်မှာ တောင်းပန်လိုက်ပါတယ်။ မြန်မာနိုင် ငံက ရိုဟင်ဂျာမူဆလင်ပဋိပက္ခအတွင်းမှာ Facebookကိုအသုံးပြုပြီး အမုန်းပွါးစေတဲ့ရေးသားပြောဆိုမှုတွေနဲ့ပတ်သက်လို့ အချိန်မှီကာကွယ်တားဆီးမှုတွေ ဘာကြောင့်မလုပ်ခဲ့သလဲဆိုတာကိုလည်း လွှတ်တော်အမတ်တွေက မေးမြန်းခဲ့ပါတယ်။
လူသန်းပေါင်း ၈၀ ကျော်ရဲ့ကိုယ်ရေးအချက်အလက်တွေကို အလွဲသုံးစားလုပ်မှုနဲ့ပတ်သက်ပြီး Facebook ကုမ္ပဏီရဲ့ အကြီးအကဲ Mark Zuckerbergဟာ အမေရိကန်လွှတ်တော်ရဲ့ကြားနာစစ်ဆေးမှုကို ဒီကနေ့ ခံရတော့မှာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဥပဒေအရ ဘယ်လိုအရေးယူမှုတွေရှိလာနိုင်မလဲဆိုတာနဲ့ ရိုဟင်ဂျာမူဆလင်ပြဿနာမှာ Facebook ကို အသုံးပြုပြီး အမုန်းပွါးမှုတွေဖန်တီးခဲ့တာတွေနဲ့လည်းပတ်သက်လို့လည်း Mark Zuckerberg မေးမြန်း ခံရမယ့်အခြေအနေ မှာရှိနေပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ အမေရိကန်နဲ့တရုတ်အကြား သွင်းကုန်ခွန်တင်းကျပ်မှုတွေ အပြန်အလှန်လုပ်နေကြတဲ့အကြောင်းနဲ့ Apple ကုမ္ပဏီကို လျှော်ကြေးပေးဖို့ တောင်ကိုရီးယားက iPhoneသုံးစွဲသူတွေ တောင်းဆိုနေကြတဲ့အကြောင်း Schuyler Ogdenရဲ့သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
ရိုဟင်ဂျာဒုက္ခသည်တွေကို ကနေဒါနိုင်ငံက လက်ခံလိုတဲ့ဆန္ဒရှိကြောင်းပြသဖို့နဲ့ မြန်မာနိုင်ငံမှာဖြစ်ပွါးနေတဲ့ လူသားချင်း စာနာမှုဆိုင်ရာအကျပ်အတည်းမှာ တာဝန်ရှိတဲ့သူတွေကို အရေးယူဒဏ်ခတ်ဖို့တိုက်တွန်းထားတဲ့ အစီရင်ခံစာတစောင် မနေ့ကထွက်ခဲ့ပါတယ်။
မြန်မာပြည်သူတွေရဲ့နေစဉ်ဘဝမှာ Facebook လူမှုကွန်ယက်က အရေးပါတဲ့ ဆက်သွယ်ရေးကွန်ယက်တခုဖြစ်နေယုံတင် မက ရိုဟင်ဂျာမူဆလင်ပြဿနာမှာလည်း Facebook ကိုသုံးပြီး လွဲမှားတဲ့ လှုံ့ဆော်မှုတွေရှိနေတာကြောင့် Facebook ကုမ္ပဏီက ထိန်းချုပ်မှုတွေလုပ်နေရတယ်လို့ဆိုပါတယ်။
VOA to Asia ဌာနရဲ့အပတ်စဉ်စီးပွါးရေးကဏ္ဍမှာ ရေနံစိမ်းရောင်းဝယ်မှုတွေကို တရုတ် ယွမ်ငွေနဲ့စပြီး ဈေးကွက်တင်လာနေတဲ့အကြောင်းနဲ့ အရှေ့တောင်အာရှက UBER နဲ့ GRAB အငှားယာဉ်ဈေးကွက်ပြိုင်ဆိုင်မှုအကြောင်း Schuyler Ogden ရဲ့ သတင်းလွှာကို ကိုကျော်အောင်လွင် တင်ပြပေးမှာပါ။
မြန်မာနိုင်ငံအတွင်းက သဘောထားကွဲလွဲမှုတွေကို လက်နက်ကိုင်ပြီးတောင်းဖို့ မလိုအပ်တော့တာကြောင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီးအဖြေရှာရမယ်လို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်