မကွေးမြို့မှာ ရှိတဲ့ လေတပ်စခန်းနဲ့ မိတ္ထီလာမြို့မှာရှိတဲ့ လေတပ်စခန်းတွေ ဒီနေ့ တိုက်ခိုက်ခံရပါတယ်။ အဝေးပစ် လျှပ်စစ်ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။ မကွေးလေတပ်စခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် ဒေသခံတချို့ ဖမ်းဆီးခံရပါတယ်။
အာဏာသိမ်းစစ်ကောင်စီနဲ့ စကားပြောဖို့ဆိုရင် ဘယ်လို ကြိုတင်လိုက်လျောချက်မျိုး ရှိရမယ်ဆိုတာ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောထားပါတယ်။
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်က ဘွမ်ရာယန် စစ်ရှောင်စခန်းမှာ စစ်ပြေးဒုက္ခသည် ၅၀၀ ကျော်ဟာ လက်ရှိအချိန်ထိ နေရပ်ရင်း မပြန်နိုင်ဘဲ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နဲ့ ကနီမြို့ကြားမှာရှိတဲ့ ရွာတွေက ရွာသားတွေကို စစ်တပ်က လိုက်လံဖမ်းဆီးနေတဲ့အတွက် ထွက်ပြေးနေကြရပါတယ်။ မြင်းခြံနဲ့ မိုးကုတ်မြို့တွေမှာလည်း စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တာမှာ ပါဝင်သူတွေကို ဖမ်းဆီးနေပါတယ်။ ရန်ကုန်က လာတဲ့ သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက NUG ဖွဲ့စည်းအပြီး ပထမဆုံးလုပ်တဲ့ ဆက်သွယ်မေးမြန်းခန်းမှာ လက်ရှိလုပ်ဆောင်နေတာတွေနဲ့ ရှေ့အလားအလာတွေ ကို ပြောဆိုထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေဟာ မန္တလေးမြို့က ဆူးလေဗလီဝန်းထဲကို ဒီနေ့ ဝင်ရောက် ပစ်ခတ်လို့ ၁ ဦးသေဆုံးခဲ့ပါတယ်။ မန္တလေးမြို့က အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆေးပညာမိသားစုသပိတ်ကိုလည်း ဖြိုခွဲ ဖမ်းဆီးခဲ့ပါတယ်။ မန္တလေးဖက်ကလာတဲ့ သတင်းအပြည့် အစုံကို ကိုကျော်ကျော်သိန်းကပြောပြထားပါတယ်။
မန္တလေးတိုင်း မြစ်ငယ်မြို့မှာ CDM ပြုလုပ်တဲ့ မီးရထားဌာနက အင်ဂျင်နီယာကို စစ်တပ်နဲ့ ရဲက လာရောက်ဖမ်းဆီးတာကြောင့် ပြန်လွှတ်ပေးဖို့ မြို့ခံတွေ တောင်းဆိုတာကို ပစ်ခတ်တာကြောင့် ၆ ဦးထက် မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိ ဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်။ မန္တလေးကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။
ဒီနှစ်သင်္ကြန်မှာ နှစ်သစ်ကူး ရေကစားပွဲတော်ကို နွှဲပျော်မှာမဟုတ်ဘဲ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ တော်လှန်သင်္ကြန်အဖြစ် ပုံစံအမျိုးမျိုးနဲ့ ဆက်ပြီး ဆန္ဒပြသွားမယ်လို့ မန္တလေးနဲ့ မုံရွာမြို့တွေက ဆန္ဒပြပွဲတွေကို ဦးဆောင်နေသူ နှစ်ဦးက ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်း ဆွေးနွေးထားပါတယ်။
ဒီနှစ်သင်္ကြန်ပွဲတော်ကာလမှာ ဘယ်လိုပုံစံမျိုး ဆက်ပြီး ဆန္ဒပြသွားကြမလဲဆိုတာအပါအဝင် ဆန္ဒပြပွဲတွေအခြေအနေ၊ ခံယူချက်၊ သဘောထားအမြင်တွေကို မန္တလေးက ကိုတေဇာဆန်း၊ မုံရွာက ကိုဝေမိုးနိုင်တို့နဲ့ ဆွေးနွေးထားပါတယ်။
စစ်အာဏာသိမ်းတာကို အင်အားအမြောက်အများနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ သပိတ်စစ်ကြောင်းကို ဧပြီလ ၇ ရက် ညနေပိုင်းကစလို့ စစ်တပ်က ပစ်ခတ် ဖြိုခွဲတာကြောင့် ၁၁ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
မုံရွာမြို့က ဆန္ဒပြပွဲတွေ စလုပ်ချိန်ကနေ အခုချိန်ထိ ဘာ့ကြောင့် ဒီလောက် စုစည်း အားကောင်းနေသလဲဆိုတာ ဦးဆောင်ပါဝင်သူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံတဝန်း စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေတာနဲ့အတူ စစ်တပ်ဖက်ကလည်း ဆန္ဒပြရွာတွေကို မီးရှို့တာအပါအဝင် နှိမ်နှင်ဖြိုခွဲနေပါတယ်။ ပြည်သူတွေကတော့ ဒေသစုံမှာ ဆက်ပြီး ဆန္ဒပြနေကြသလို ရရာလက်နက်နဲ့ ပြန်လည်ခုခံနေကြတဲ့ အခြေအနေတွေလည်းရှိပါတယ်။ ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေအောက်မှာ သတင်းမီဒီယာသမားတွေ ရင်ဆိုင်ကြုံတွေ့နေရတာတွေကို အခုဆွေးနွေးခန်းမှာ နားဆင်ကြရပါမယ်။
ရာဘာကျည်ထိမှန်ပြီး ဖမ်းဆီး ရိုက်နှက် ထိန်းသိမ်းခံခဲ့ရသူ သတင်းထောက်တစ်ဦးက သူကြုံတွေ့ခဲ့ရသမ ျှ ဗွီအိုအေကို ပြောပြထားပါတယ်။
ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် အတော်များများကို အဂတိလိုက်စားမှုနဲ့ စစ်ဆေးနေတယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီရေးတောင်းဆိုတဲ့ နိုင်ငံတဝန်း ဒီကနေ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက ကျည်အစစ်ပါသုံးပြီး အကြမ်းဖက်ပစ်ခတ်ဖြိုခွဲတာကြောင့် သေဆုံး ၁၁ ဦးထက်မနည်း ရှိပါတယ်။
စမ်းချောင်းမှာ ရဲနဲ့တပ်က ပိတ်ထားလို့ ပြန်မထွက်နိုင်သူတချို့ကို ကူညီကယ်တင်ထားခဲ့သူက သမိုင်းပေးတာဝန်အရ လုပ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
အကြမ်းဖက် နှိမ်နင်းဖြိုခွဲမှုတွေ ရှိနေပေမယ့်လည်း ဆန္ဒပြပွဲတွေ မတူတဲ့ပုံစံတစ်မျိုးနဲ့ ပြန်ထွက်လာမယ့်လို့ ဆန္ဒပြပွဲတွေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေသူ ဆရာဝန်တစ်ဦးကပြောပါတယ်။
CRPH နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် မြန်မာသံအဖွဲ့တွေကို စချဉ်းကပ်မယ်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ နိုင်ငံတကာဆက်ဆံရေးရုံးအနေနဲ့ အမေရိကန်ပြည်ထောင်စု ရှိ မြန်မာ သံအဖွဲ့တွေ ဘယ်ဖက်မှာ ရပ်တည်မှာလဲဆိုတဲ့မေးခွန်းနဲ့ စပြီး ချဉ်းကပ်သွားဖို့ရှိတယ်လို့ CRPH ရဲ့ ကိုယ်စားလှယ် ဦးထင်လင်းအောင်က ဗွီအိုအေကိုပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်