သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမိုင်းပေးတာဝန်အရ ကူညီခဲ့ (စမ်းချောင်းမြို့ခံ)


ရန်ကုန်မြို့ဆန္ဒပြပွဲတစ်ခုအတွင်း တွေ့ရသည့် လက်လုပ်ဒိုင်းကိုင် ဆန္ဒပြသူများ။ (မတ် ၉၊ ၂၀၂၁)
ရန်ကုန်မြို့ဆန္ဒပြပွဲတစ်ခုအတွင်း တွေ့ရသည့် လက်လုပ်ဒိုင်းကိုင် ဆန္ဒပြသူများ။ (မတ် ၉၊ ၂၀၂၁)

(Zawgyi/Unicode)

ဆန္ဒပြသူတွေကို တပ်နဲ့ရဲက ဖြိုခွဲချိန်မှာ အိမ်ထဲခေါ်ထားပြီး ကူညီ ကယ်ဆယ်ပေးခဲ့တာဟာ သမိုင်းပေးတာဝန်ကို ထမ်းဆောင်တာဖြစ်ပြီး နောက်ထပ်ဖြစ်ရင်လည်း ထပ်ကယ်ဦးမှာပဲလို့ တနင်္လာနေ့ညက ရန်ကုန်၊ စမ်းချောင်းမြို့နယ် ဖြိုခွဲမှုဖြစ်စဉ်အတွင်း ကိုယ်တိုင်ကူညီခဲ့သူ ဒေသခံတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

စမ်းချောင်းမှာ တပ်နဲ့ရဲက ပိတ်ဆို့ထားချိန် ညမထွက်ရအမိန့် ထုတ်ထားတဲ့ကြားကပဲ တခြားမြို့နယ်တွေမှာ လူထုက လမ်းပေါ်ထွက် ဝန်းရံခဲ့ကြတဲ့အပေါ်မှာလည်း သိပ်ကို ဝမ်းသာမိတယ်လို့ သူကပြောပါတယ်။

သူ့ရဲ့လုံခြုံရေးအရ နာမည်ကို ထုတ်မပြောနိုင်တဲ့အကြောင်း အသိပေးပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

.........................

(Unicode)





တိုက်ရိုက် လင့်ခ်
XS
SM
MD
LG