“ညက နှမ်းခါးမှာတပ်စွဲထားလို့ ရွာထဲကလူတွေ အကုန်ထွက်ပြေးရတယ်။ ပြီးတော့ ဆိုင်ကယ်တွေဘာတွေ ယူသွားတယ်။ ဆိုင်ကယ်တွေယူတယ် တန်ဖိုးရှိတဲ့ပစ္စည်းတွေ ဆန်တို့ဆီတို့ အဲ့ဒါတွေယူသွားတယ်။ ငါးတို့ အရက်ဘီယာဖာတွေ သယ်သွားပြီး သောက်စားကြတယ်။ အခုမွေ့လယ်ရွာထဲမှာတပ်စွဲထားတယ်။” ဒေသခံတဦး
မြန်မာနိုင်ငံတွင်း ဘဏ်လုပ်ငန်းတွေ ကမောက်ကမဖြစ်နေတာကြောင့် စက်သုံးဆီ အကြွေးစနစ်နဲ့ရောင်းပေးနေတဲ့ စနစ်ကို ပြည်ပကုမ္ပဏီကြီးတွေက မကြာခင်ကစပြီးရပ်လိုက်ပါတယ်။
မကွေးတိုင်းနဲ့ ချင်းပြည်နယ် ထိစပ်နေတဲ့နေရာမှာ ချင်းပြည်နယ်ကာကွယ်ရေး CDF မင်းတပ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီနေ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်တပ်ဘက်က ပစ်တဲ့ လက်နက်ကြီးတွေ ကျလို့ မင်းတပ်က စစ်ပြေးဒုက္ခသည်တွေ နောက်ထပ်နေရာတွေမှာ ရွှေ့ပြောင်းနေကြရပါတယ်။
ကယားပြည်နယ်ထဲက မြို့တချို့မှာ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ နေ့စဉ်လို ဖြစ်ပွားနေတာကြောင့် သွားလာရေး ထိခိုက်နေသလို ကုန်စည်စီးဆင်းမှုလည်း ပြတ်တောက်နေပါတယ်။
ထိုင်းမှာရောက်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေထဲမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ အများအပြားရှိနေပြီး ခွဲခြားဆက်ဆံခံရတာအပါအင် စားဝတ်နေရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။
မကွေးတိုင်း ဂန့်ဂေါခရိုင် ယင်းလှရွာအနီးမှာ ကျေးရွာလုံခြုံရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ပစ်ခတ်မှုကြောင့် ရွာသား ၃ ယောက်သေဆုံးကြောင်း ရွာသားတွေက ပြောသလို နှမ်းခါးရွာမှာလည်း ကျေးရွာထဲ ပစ်ခတ်စဉ် ကျည်ဆံထိမှန်သူတွေလည်းရှိပါတယ်။
ဗုဒ္ဓဟူးနေ့က တိုက်ပွဲတွေဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ကျေးရွာမှာ စစ်တပ်က ဝင်ရောက် တပ်စွဲထားတဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေကြပါတယ်။ ကနီနယ်ဘက်မှာဆိုလည်း စစ်လေယာဉ်တွေ လာဝဲနေတာကြောင့် လေကြောင်းကနေ လာတိုက်မှာ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံမှာ မြန်မာကုန်ကားတွေရာနဲ့ချီပြီး ပိတ်ပိတ်မိနေပါတယ်။ ကုန်သွယ်ရေးဂိတ် ၅ ခုထဲက တခုကိုပဲ တရုတ်ဘက်က ဖွင့်ပေးထားတာကြောင့် အဲဒီဂိတ်ဘက် စုပြုံသွားကြတဲ့အတွက် ရက်နဲ့ချီကြာတဲ့ထိ လမ်းပိတ်ဆို့နေတာပါ။ ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။
စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ပြီး ဆန့်ကျင်တိုက်ခိုက်နေသူတွေအနေနဲ့ လူ့အခွင့်အရေးအပေါ် ဘယ်လို သဘောထားသင့်တယ်ဆိုတာအပါအဝင် NUG အစိုးရရဲ့ လူ့အခွင့်အရေးပိုင်း လုပ်ဆောင်နေတာတွေကို ဦးအောင်မျိုးမင်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
မင်းခြံခရိုင် တလုပ်ကျေးရွာအုပ်စုမှာ စစ်တပ်က စီးနင်းဝင်ရောက် ပစ်ခတ်မှုအတွင်း ဖမ်းဆီးလူငယ် ၆ ဦးထဲက အသက် ၂၃ နှစ်အရွယ် နည်းပညာတက္ကသိုလ် ကျောင်းသား တဦးသေဆုံးသွားပါတယ်။ မနေ့က ဖမ်းခံရတာဖြစ်ပြီး ဒီနေ့ရဲစခန်းက အလောင်းလာထုတ်ခိုင်းခဲ့တယ်လို့ မိသားစုက ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ကုန်ကူးပြီးပြန်လာတဲ့ ကုန်သင်္ဘော ၄ စီးပေါ်က ကုန်သည်တွေကို COVID-19 ရောဂါ ရှိ၊ မရှိ ကျန်းမာရေးတာဝန်ရှိသူတွေ စောင့်ကြည့် စစ်ဆေးနေတာမှာ အတည်ပြုလူနာ ၄ ယောက် တေ့ွရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျောင်းသွားတက်မယ့် မြန်မာကျောင်းသားတွေရဲ့ ကျောင်းသားဗီဇာ (F-1 Student Visa) လျှောက်လွှာတွေအတွက် လူတွေ့အင်တာဗျူး အစီအစဉ်ကို ဒီလနှောင်းပိုင်းမှာ ပြန်စတော့မယ်လို့ ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ ကြေညာပါတယ်
လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ဘဏ်နဲ့ ငွေကြေးအကျပ်အတည်း ပြေလည်နိုင်ခြေရှိရဲ့လားဆိုတာ စီးပွားရေးပညာရှင်တဦး၊ လုပ်ငန်းရှင်တဦးတို့နဲ့ ဆွေးနွေးထားပါတယ်။
မုံရွာကထင်ရှားတဲ့ ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင် အဖမ်းခံရပေမဲ့ လူထုက တယောက်ကျရင် နှစ်ယောက်တက်မယ်၊ တပွင့်ကြွေရင် နှစ်ပွင့်ဝေမယ်ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ရှေ့ဆက်နေကြတယ်လို့ ဆန္ဒပြပွဲတွေမှာ ရှေ့တန်းက ပါဝင်သူ နောက်တဦးဖြစ်တဲ့ ကိုဝင်းဇော်ခိုင်က ပြောပါတယ်။ ကိုကျော်ကျော်သိန်း ဆက်သွယ်မေးမြန်း ထားပါတယ်။
စစ်တပ်ပိုင် ဦးပိုင်လုပ်ငန်းကြီးရဲ့ ခန္တီးမြို့မှာရှိတဲ့ သတ္တုတွင်းတွေဆီကို ပို့ဆောင်ဖို့ ယမ်းတွေတင်ဆောင်လာတဲ့ သင်္ဘောကို ဒီကနေ့မနက်ပိုင်းမှာ ဒေသခံတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်မှာ ဆန္ဒပြပွဲတွေနဲ့ဆက်စပ်ပြီး ဖမ်းဆီးထားသူတွေကို လွန်ခဲ့တဲ့ သီတင်းသုံးပတ်လောက်စပြီး အထူးခုံရုံး၊ စစ်ခုံရုံးတွေမှာ စစ်ဆေးစီရင်နေပြီလို့ အကျိုးဆောင်ရှေ့နေတဦးကပြောပါတယ်။
CRPH နဲ့ NUG လက်ရှိလုပ်ဆောင်နေတာတွေ၊ ညှိနှိုင်းသဘောတူထားတာတွေကို ထိန်းသိမ်းခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်မခံပယ်ချတာမျိုး ဖြစ်လာမှာ မဟုတ်ဘူးလို့ NUG နိုင်ငံခြာရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ ဒေါ်ဇင်မာအောင်ကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ်တွေရဲ့ ATM ငွေထုတ်စက်တွေမှာ တနေ့ ငွေထုတ်နိုင်တဲ့ ပမာဏကို ကျပ် ၂ သိန်းအထိ လေ ျှာ့ချလိုက်ပြီးနောက်ပိုင်း ငွေထုတ်စက်တွေရှိတဲ့ နေရာတွေမှာ မနက်အစောပိုင်းထဲက တန်းစီနေသူတွေကို နေ့စဉ်တွေ့နေရပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့မှာ စက်သုံးဆီ တင်သွင်းတာကို စစ်တပ်က ပိတ်ပင်ထားတာကြောင့် စက်သုံးဆီ ဈေးနှုန်းတွေ ၂ ဆလောက်ထိ မြင့်တက်သွားပါတယ်။ ဒီလို ရေရှည်ပိတ်ပင်မယ်ဆိုရင် ကုန်ဈေးနှုန်းတက်မှာ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။
ဒီတပွဲမှာမှ အနိုင်မတိုက်နိုင်လို့ရှိရင် တသက်လုံး နောင်မျိုးဆက်တွေအထိ မျှော်လင့်စရာမရှိတော့ဘူးဆိုတဲ့ ခံယူချက် အမြော်အမြင်မျိုးနဲ့ ဒီတိုက်ပွဲကို တိုက်နေကြတာဖြစ်တယ်လို့ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ဒေါ်ဇင်မာအောင်ကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်