NUG ရဲ့ နိုင်ငံတကာကိုယ်စားလှယ်တွေ ဘာတွေလုပ်ဆောင်နေတယ်၊ ဘာတွေကြုံ့တွေ့ရတယ်ဆိုတာ မေးမြန်း ဆွေးနွေးထားပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံတကာက ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေမှာ NUG ကို ကိုယ်စားပြုပြီး တရားဝင် တွေ့ဆုံဆွေးနွေးခွင့် လမ်းကြောင်းတခု ရသွားတယ်လို့ ပြောကြပါတယ်။
စစ်ကောင်စီနဲ့နီးစပ်တယ်ဆိုတဲ့လူတွေ အသတ်ခံရပြီးတဲ့နောက် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ ကျီးကုန်းရွာကို စစ်တပ်က သေနတ်ပစ်ဖောက်ဝင်လာပြီးတဲ့နောက် နေအိမ်တချို့ မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံတွေကတော့ စစ်တပ်နဲ့ရဲက မီးရှို့သွားတာလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့အနီးမှာ ဒေသခံပြည်သူ့ကာကွယ်ရေး PDF တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ Mytel တာဝါတိုင်တွေ ဖျက်စီးခံရပြီးနောက် အဲဒီဒေသတဝိုက် စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်တာမှာ တိုက်ပွဲတွေဖြစ်တာပါ။ တိုက်ပွဲတွေကြောင့် ချောင်းဦးမြို့ပေါ်မှာ အသွားအလာမရှိ တိတ်ဆိတ်နေပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးပြီး တရားစွဲခံထားရတဲ့ ဗွီအိုအေမြန်မာပိုင်း ပြင်ပဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နဲ့ BBC Media Action ရဲ့ "ခံစားကြည့်" အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်တို့ရဲ့ အမှုတွေအတွက် ရုံးချိန်းတွေ ထပ်ပေးလိုက်ပါတယ်။
တရုတ်- မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားတာ နှစ်လကျော်ကြာလာချိန်မှာ ပြည်တွင်းက တောင်သူတွေ၊ ရေထွက်ကုန် လုပ်ငန်းရှင်တွေ ဝင်ငွေအတော်လေး ထိခိုက်နေကြပါတယ်။ ပြည်ပ မပို့နိုင်လို့ ပြည်တွင်းဈေးကွက်ကိုပဲ အဓိကထား ထုတ်လုပ်၊ ရောင်းချလာကြပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်ပြီး အသိအမှတ်ပြုလက်ခံရေး ပြည်ပရောက်မြန်မာတွေ တောင်းဆိုလှုပ်ရှားနေကြတာမှာ သူတို့ရဲ့လုပ်ဆောင်ချက်၊ မျှော်လင့်ချက်တွေအကြောင်း မေးမြန်း ဆွေးနွေးထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ဆက်ပြီး အသိအမှတ်ပြုဖို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက တောင်းဆို လှုပ်ရှားနေကြပါတယ်။ လှုပ်ရှားသူတချို့ဖြစ်တဲ့ မရှင်မင်းနဲ့ ကိုမျိုးဇော်ဦးတို့ကို ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်မှာ မြောင်ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မြို့နယ်ထဲက ရဲစခန်း ၂ ခုအပေါ် ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ခုလို ၂ ဘက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အနားမှာရှိတဲ့ ရွာက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေး စတင်ပြီလို့ ကြေညာလိုက်ပြီးတဲ့နောက် ဘာတွေဖြစ်လာဖို့ မျှော်လင့်နိုင်ပါသလဲ၊ စိုးရိမ်စိတ်ဝင်နေတဲ့ လူထုအတွက်ရော NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဘယ်လို တုံ့ပြန်ထားသလဲဆိုတာတွေကို သိကြရပါမယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
NUG က "ပြည်သူ့တော်လှန်ရေး" စတင်ပြီလို့ ကြေညာပြီးနောက်ပိုင်း ဘာတွေဖြစ်လာဖို့ မျှော်လင့်ထားနိုင်သလဲဆိုတာနဲ့ စိုးရိမ်စိတ်ဝင်နေတဲ့ လူထုအတွက် မှာကြားချက်အပါအဝင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ဆက်သွယ်မေးမြန်းထားချက်ကို ကြည့်ရှု နားဆင်နိုင်ပါတယ်။
ပြည်သူ့တော်လှန်ရေး စတင်ပြီလို့ NUG က ကြေညာလိုက်ပြီးတဲ့နောက်ပိုင်း ဘာတွေဖြစ်လာဖို့ မျှော်လင့်နိုင်မလဲ ဆိုတာအပါအဝင် ဒီကြေညာချက်နဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေထဲက ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်က တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးကို သွားဝယ်ပြီး ပြည်တွင်းမှာ အခယူပြီးတော့ ပြန်ထိုးပေးနေပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကာကွယ်ဆေး မြန်မာနိုင်ငံသားတွေသာမက နိုင်ငံခြားသားတွေထဲမှာပါ ဆေးထိုးချင်သူတွေရှိနေတာကို တွေ့ရတယ်လို့ မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ် (MCCOC) ရဲ့COVID-19 ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးသန်းထွဋ်အောင်က ဗွီအိုအေကိုပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံထဲက အမေရိကန်တပ်ဖွဲ့တွေ အပြီးသတ်ပြန်ရုပ်သိမ်းပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ပထမဆုံးဖြေကြားခဲ့တဲ့ ဝန်ကြီး ကတော့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ပါ။ အာဖဂန်အရေးနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ ဆောင်ရွက်မှုတွေ ပြီးဆုံးသွားတာ မဟုတ်တဲ့အကြောင်း ကိုကျော်ကျော်သိန်းက က တင်ပြပေးပါမယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ ကပေါင်းကျကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်လို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ မနေ့ သြဂုတ်လ ၂၆ ရက်နေ့ထဲက စစ်တပ်က ရွာထဲဝင်လာပြီး ပစ်ခတ်ခဲ့တာလို့ ရွာခံတွေက ပြောပြပါတယ်။ မကွေးတိုင်း ပေါက်မြို့နယ်ထဲမှာလည်း စစ်တပ်ဘက်က အင်အားတွေဖြည့်နေ
ရန်ကုန်မှာ အခုရက်ပိုင်းတွေအတွင်း စစ်တပ်နဲ့ရဲက စစ်ဆေးတာတွေ၊ ပစ်ခတ် ဖမ်းဆီးတာတွေ အရှိန်မြှင့်ပြီး လုပ်လာနေတာကြောင့် လုံခြုံမှုကင်းမဲ့သလို ခံစားနေရတယ်လို့ မြို့ခံတဦးက ဗွီအိုအေကိုပြောပါတယ်။ အခြေအနေတွေ ဒီ့ထက်ပိုဆိုးလာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်းရှိနေတာပါ။
မန္တလေးအခြေစိုက် Medical Family-Mandalay အဖွဲ့က ဖွင့်ခဲ့တဲ့ ဆေးခန်းတွေကို စစ်ကောင်စီက ပိတ်ပစ်ပြီး ဆေးဝန်ထမ်းတွေကိုလည်း ဖမ်းဆီးခဲ့တာကြောင့် လူထုအတွက်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ထိထိရောက်ရောက် မလုပ်နိုင်တော့ဘူးလို့ ဦးဆောင်ပါဝင်တဲ့ CDM ဆရာဝန်တဦးက ဗွီအိုအေကိုပြောပါတယ်။
ကိုဗစ်တတိယလှိုင်းဒဏ်ကို အပြင်းအထန်ခံခဲ့ရတဲ့ မြို့တွေထဲက တမြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ တတိယလှိုင်းဒဏ် ပြေလျော့သက်သာလာပြီလားဆိုတာ မြို့ခံ ပရဟိတလုပ်သားတဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်