စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တို့မှာ စစ်တပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေကြား မနေ့ နိုဝင်ဘာ ၁၅ ရက်က တိုက်ခိုက်မှုတွေရှိခဲ့ပြီး စစ်ကောင်စီတပ်ယာဉ်တန်းတွေကို သူတို့က မိုင်းဆွဲတိုက်ခိုက်နေတာဖြစ်ကြောင်း ဒေသခံ ကာကွယ်ရေးတပ်တွေကပြောပါတယ်။
နိုဝင်ဘာ ၁၄၊ ၂၀၂၁ - Hit List နဲ့ ပတ်သက်ပြီး NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးတို့ရဲ့ ရှင်းလင်းပြောဆိုချက်များ။
ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ပြဿနာတွေကို ပူးပေါင်း ဟန့်တားနိုင်ဖို့ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံကြား သဘောတူလိုက်တဲ့အတွက် COP26 ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံမှာ တအံ့တသြ ဖြစ်ခဲ့ကြရပါတယ်။ ကိုကျော်ကျော်သိန်းက တင်ပြပေးပါမယ်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆန့်ကျင်ဘက်အင်အားစုတွေကို လုပ်ကြံဖို့ စာရင်းတခု ရှိနေသလားဆိုပြီး သံတမန် အသိုင်းအဝိုင်းကတဆင့် မေးမြန်းလာတာကို ကြားရချိန်မှာ အတော်အံ့သြမိတယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗွီအိုအေကို ပြောပါတယ်။
လက်နက်ကိုင်တော်လှန်ရေးတွေ ပေါ်ပေါက်လာတာဟာ ဒီမိုကရေစီ မိုးမှောင်ကျပြီး ပါးစပ်နဲ့ဖြေရှင်းခွင့်မရလို့ သေနတ်နဲ့ဖြေရှင်းရတာသာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်သူ ခွန်မြင့်ထွန်းက ဗွီအိုအေကိုပြောပါတယ်။
အမေရိကန် စစ်မှုထမ်းဟောင်းများနေ့ဟာ ၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ် အဆုံးသတ် သဘောတူညီမှုရယူနိုင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် စတင်ကျင်းပခဲ့တာဖြစ်သလို၊ အမေရိကန်စစ်တပ်မှာ အမှုထမ်းရင်း ကျဆုံးခဲ့ကြတဲ့ စစ်မှုထမ်းဟောင်း တွေကို ဂုဏ်ပြုတဲ့ နိုင်ငံတော်အားလပ်ရက်နေ့ ဖြစ်ပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်ပြီးပြောပြပေးပါမယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည့်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေအကြား ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့အတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ပါဝင်တာ မရှိကြောင်း PNLO အဖွဲ့က ဒီကနေ့ ငြင်းဆိုပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးက နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ စတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားပြီး ရှာဖွေဖမ်းဆီးနေပါတယ်။
အစိုးရတရပ်အနေနဲ့ ပုံမှန် ဝင်ငွေထွက်ငွေ သတ်သတ်မှတ်မှတ်မရှိသေးတဲ့ NUG ကရောင်းမယ်လို့ ကြေညာထားတဲ့ ငွေတိုက်စာချုပ်အပေါ် ငွေကြေးပိုင်းအရ အာမခံဖို့ခက်မယ်လို့ အမေရိကန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်သူ တဦးဖြစ်တဲ့ ဦးဇော်တူးဆိုင်းက ဗွီအိုအေကိုပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ စစ်ကောင်စီရဲ့ နှိပ်ကွက်မှုတွေ ကြားမှာ နိုင်ငံတကာအသိုက်အဝန်းကလည်း ပိုပြီး ဖိအားပေးမှုတွေလည်း ပြုလုပ်နေပါတယ်။ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီအကြီးအကဲကို မဖိတ်ကြားဘဲ ကျင်းပခဲ့တာပါ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ ကိုကျော်ကျော်သိန်း တင်ဆက်ထားပါတယ်။
“ကျွန်းလှမြို့နယ် ကျွဲတဲရွာနားပေါ့။ ၈ နာရီဝန်းကျင်လောက်မှာ ရုတ်တရက်ကြီး မထင်မှတ်ထားခဲ့တာပေါ့။ သူတို့ဒီတိုင်းပဲ ဝင်ပြီး ပစ်သွားတဲ့ ပုံစံမျိုးပဲ။ ရဟတ်ယာဉ်နဲ့ပစ်တာ။ ....ဝင်ပစ်သွားတာ။ ဆိုးဆိုးရွားရွား ထိခိုက်သွားတာတွေက ဘာမှ မကြားရဘူး။ မကြားရဘူးဆိုတာ မရှိဘူးပေါ့။” (ကျွန်းလှဒေသခံ)
စင်ကာပူရောက် မြန်မာနိုင်ငံသားတွေအနေနဲ့နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးဖို့ အွန်လိုင်းက တိုကင်နံပါတ်ယူနိုင်တဲ့အချိန်ကို ကန့်သတ်လိုက်ပြီး တပတ်မှာ နှစ်ရက်နဲ့ နာရီဝက်အတွင်း ယူရတာမို့ နိုဝင်ဘာ ပထမပတ်ကုန်တဲ့အထိ နံပါတ်ကုန်နေပြီလို့ ကိုယ်တိုင်တိုကင်နံပါတ်ယူခဲ့သူက ဗွီအိုအေကို ပြောပါတယ်။
ပြည်သူလူထုကို မျက်နှာမူသူတွေကသာ တရားဝင် တပ်မတော်သားတွေဖြစ်ပြီး သူတို့သာလျှင် တပ်မတော်ရဲ့ အနာဂတ်ကို ဖန်တီးခွင့်ရှိသူတွေဖြစ်တယ်လို့ ပြည်သူ့စစ်သားအဖွဲ့က ဗိုလ်ကြီးညီသုတက ဗွီအိုအေကိုပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းက နေရာအချို့မှာ ရက်ဆက် မိုးရွာသွန်းနေတာကြောင့် တိုက်ပွဲလွတ်ရာ မြစ်သာမြစ်ဘေးမှာ ပုန်းခိုနေကြရတဲ့ နှမ်းခါးရွာက ဒုက္ခသည်တွေ မြစ်ရေတက်လာလို့ ရေဘေးလွတ်ရာ ထပ်ပြောင်းနေကြရသလို မိုးမိလို့ ဖျားနာသူတွေလည်း ရှိနေပါတယ်။
ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမှာ ကိုဗစ် 19 ကပ်ရောဂါကူးစက်သူ လျော့မသွားသေးတဲ့အတွက် ဘာသာပေါင်းစုံ ဘာသာရေးခေါင်းဆောင်တွေက အသွားအလာတားမြစ်ပြီး ကူးစက်မှု ထိန်းချုပ်နိုင်အောင် ကြိုးစားနေကြပါတယ်။
ဒီကနေ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ၆နှစ်ပြည့်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိအစိုးရနဲ့ ဆွေးနွေးရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လက်တွေ့ကျကျသုံးသပ်ဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြှင့်တင်ဖို့ တိုက်တွန်းချက်အပေါ် EAO တချို့ရဲ့သဘောထားတွေကို တင်ပြထားပါတယ်။
သတင်းမီဒီယာသမားတွေ နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့အပေါ် သဘောထားအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အမှန်အတိုင်း တင်ပြနိုင်ခြေ၊ သတင်းစားသုံးသူတွေ ထားရှိသင့်တဲ့သဘောထား စတာတွေနဲ့ပတ်သက်ပြီး အရင် သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်ဟောင်း ဦးမြင့်ကျော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှာ ဖမ်းမိခဲ့တယ်ဆိုတဲ့ လက်နက်တွေဟာ KIA ထုတ်တွေ ဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားတဲ့အပေါ် မဟုတ်မှန်ကြောင်း KIA ဘက်က ပြန်ငြင်းပါတယ်။
“အင်အားက ၂၀၀ ကျော်တယ်။ သူတို့ လမ်းကြောင်းဆင်းသွားတာ နောင်းမီဘက်တော့ ရောက်သွားပြီထင်တယ်။ အဲဒီဘက်မှာတော့ အသံတွေ ကြားနေရတယ်။ နောင်းမီနဲ့ မံပန်ကြားဖြစ်ဖို့များတယ်။ ကြက်ဥတောင်ဆိုတဲ့နေရာမှာ။”(ဒေသခံတဦး၊ ဖားကန့်)
မြန်မာ့အရေး အာဆီယံအထူးသံတမန် Erywan Yusof က ဒေါ်အောင်ဆန်းစုကြည်နဲ့တေ့ွဖို့ စစ်ကောင်စီကို တောင်းဆိုထားတဲ့အပေါ် မြန်မာနိုင်ငံရဲ့ပြဿနာဟာ ပုဂ္ဂိုလ်တဦးတည်း၊ အဖွဲ့တခုတည်းနဲ့ ဖြေရှင်းလို့မရကြောင်း၊ အကန့်အသတ်နဲ့လုပ်တယ်ဆိုတာ နယ်ပယ်ကျဉ်းလွန်းကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်