ဒီကနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် မဟာသင်္ကြန်ပွဲတော်အဖွင့် အကြိုနေ့ပါ။ မြန်မာနိုင်ငံတဝန်း၊ အထူးသဖြင့် မြို့ကြီးတွေမှာ သင်္ကြန်မဏ္ဍပ်တွေက ဖွင့်လှစ်ပြီး ရေ စ ကစားနေကြပါပြီ။ ဒီကနေ့ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်မှာ မူစလင်လူနည်းစုတွေကို လူမျိုးတုံးသုတ်သင်နေတယ်ဆိုတာမျိုး လုံးဝမရှိပါဘူးလို့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ဒီကနေ့မှာပဲ ထပ်ပြောလိုက်ပါတယ်
ရခိုင်ပြည်နယ်က အဝန်းအဝိုင်းနှစ်ခုအကြားမှာ တဘက်နဲ့တဘက် မယုံကြည်မှုတွေနဲ့ စိုးရွံ့သံသယတွေ အခုချိန်ထိ ရှိနေသေးတဲ့သဘောမျိုး တွေ့ခဲ့ရတယ်လို့ ရခိုင်ပြည်၊ သတင်းယူခရီးစဉ်ကနေ မကြာသေးခင်ကမှ ပြန်ရောက်လာတဲ့ ဗွီအိုအေသတင်းထောက် မမေခက ပြောပါတယ်။ ကိုကျော်ကျော်သိန်းက တွေ့ဆုံ မေးမြန်းထားပါတယ်။
ဧပြီ ၂၊ ၂၀၁၇ - မဟာဗျူဟာနဲ့ လေ့လာရေးအဖွဲ့ရဲ့ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်း၊ The Voice Weekly ရဲ့ ဒါရိုက်တာ ဦးဇေယျသူတို့နဲ့ VOA ဝိုင်းတော်သား ဦးကျော်ကျော်သိန်းတို့က ရန်ကုန်မြို့ VOA Studio မှာ တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
" ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ရုပ်မြင်သံကြားက ထွက်ပြီးတော့ ပြောသွားတာရှိပါတယ်။ ပထမတုန်းကတော့ သူတို့ ရွေးကောက်ပွဲ ရလဒ်တွေကို ည ၉နာရီမှာ ရထားသလောက်ပေါ့လေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ရလာသလောက် ကြေညာမယ်လို့ ပြောထားတာရှိပါတယ်။ ဒါပေမဲ့လည်း မဲစာရင်းတွေက ပြုစုနေဆဲဖြစ်တဲ့အတွက် သူတို့ ဘာရလဒ်ကိုမှ တရားဝင် မကြေညာနိုင်သေးပါဘူးတဲ့ မဲစာရင်းတွေကို ဥပဒေနဲ့အညီ တရားဝင် ပြုစုပြီးတဲ့အခါမှသာ ကြေညာနိုင်မယ်လို့ ပြောသွားပါတယ်။"
NLD အစိုးရရဲ့ တနှစ်တာစွမ်းဆောင်ရည်
ဒီကနေ့ ဧပြီလ ၁ ရက်နေ့မှာ လစ်လပ် လွှတ်တော်ကိုယ်စားလှယ်နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့ မဲဆန္ဒနယ်တွေထဲ ရန်ကုန်တိုင်း အတွင်း အကျိတ်အနယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြတဲ့ မဲဆန္ဒနယ်သုံးခုကို ကျမတို့ရဲ့ ဗွီအိုအေ ရန်ကုန်ရုံးခွဲက ဝိုင်းတော်သားတွေ နေရာခွဲပြီး ကိုယ်တိုင်သွားပြီးတော့ ကြည့်ရှု လေ့လာ တွေ့ဆုံ မေးမြန်းတာတွေ လုပ်ခဲ့ကြပါတယ်။
NLD တနှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မိန့်ခွန်းအပေါ် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ရဲ့သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်း၊ The Voice Weekly ဒါရိုက်တာ ဦးဇေယျသူတို့ရဲ့ သုံးသပ်ချက်တွေကို ရန်ကုန်မြို့၊ ဗွီအိုအေစတူဒီယိုမှာ ကိုကျော်ကျော်သိန်းက တွေ့ဆုံ မေးမြန်းထားပါတယ်။
မိန့်ခွန်းကိုပြောမယ်ဆိုရင် မိန့်ခွန်းက အရမ်းကြီးဘဝင်ကျလောက်စရာ ၊ ကျေနပ်လောက်စရာ ၁ နှစ်အတွင်း အစိုးရ စွမ်းဆောင်ချက်တွေနဲ့ ပတ်သက်လို့ အားနည်းချက်တွေကို ပြတ်ပြတ်သားသား ဝင်ခံပြီးတော့ ၊ အားသာချက်တွေကိုလည်း ရှင်းရှင်းလင်းလင်း သိသိသာသာနဲ့ ထောက်ပြသွားတယ်လို့ ခံစားရတဲ့ပုံမျိုး ကျနော့်မှာ မရှိပါဘူး။
နိုင်ငံရေးပါတီသစ်တရပ် ထူထောင်ရေးအတွက် ၈၈ မျိုးဆက်တွေ ဦးဆောင်ပြီး နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တွေ တက်ရောက်တဲ့ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ရန်ကုန်မြို့၊ ကုန်သည်များနဲ့ စက်မှုအသင်းချုပ် UMFCCI မှာ ဒီကနေ့စပြီး လုပ်နေပါတယ်။ ဒီဆွေးနွေးပွဲအကြောင်း ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
ရခိုင်မြောက်ပိုင်း၊ ကချင်၊ ရှမ်းအရှေ့မြောက်ဒေသ တိုက်ပွဲတွေဟာ အချုပ်အခြာ အာဏာကို ထိပါးတာကြောင့် တပ်မတော်က ကာကွယ်တိုက်ခိုက်တာဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ဒီကနေ့ ပြောသွားပါတယ်။ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
ရခိုင်မြောက်ပိုင်း၊ ကချင်၊ ရှမ်းအရှေ့မြောက် မုံးကိုးဒေသနဲ့ လောက်ကိုင်ဒေသ တိုက်ပွဲတွေဟာ အချုပ်အခြာ အာဏာကို ထိပါးတာကြောင့် တပ်မတော်က ကာကွယ်တိုက်ခိုက်တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကပြောပါတယ်။
တပ်မတော်နေ့ အခမ်းအနား ကျင်းပချိန်မှာ ကျနော်တို့ လက်ရှိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် လောက်ကိုင်ဘက်မှာ စစ်မီး မငြိမ်းသေးဘူး၊ လက်ရှိ မြောက်ပိုင်း မဟာမိတ်နဲ့ ဟိုနေရာ ဒီနေရာမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေများ အရိပ်အမြွက် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ထည့်ပြောမလား။
မဟာအတာသင်္ကြန်ကာလ အများပြည်သူ အလုပ်ပိတ်ရက် လျှော့ချလိုက်တဲ့အပေါ် အမြင်တွေကို ဆွေးနွေးထားပါတယ်။
ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲကာလအတွင်း နယူးယောက်စီးတီး Trump Tower က ဖုန်းတွေကို အရင်သမ္မတ ဘရာ့ခ် အိုဘားမားက ကြားဖြတ် ခိုးနားထောင်ခဲ့တယ်ဆိုပြီး ပြောထားတဲ့အပေါ် သက်သေပြဖို့ ထရမ့်ပ်အစိုးရဟာ ဆက်ပြီး ဖိအား ပေးခံနေရပါတယ်။ Jesusemen Oni ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်း က ပြောပြပါမယ်။
မတ် ၉၊ ၂၀၁၇ - မြန်မာ့အသွင်ကူးပြောင်းရေးမှာ အစိုးရဝန်ထမ်းတွေ စွမ်းရည်ထက်မြက်လာဖို့အတွက် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျပန်နိုင်ငံတို့က ကူညီနေပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုကျော်ကျော်သိန်းနဲ့အတူ တင်ပြထားပါတယ်။
မျိုးဆက်အသီးသီးက အရင် တက်ကြွလှုပ်ရှားသူတွေ စုပေါင်းပြီး နိုင်ငံရေးပါတီသစ်တခု ထူထောင်ဖို့ လုပ်နေကြတဲ့အပေါ် အမြင်တွေကို ဆွေးနွေးထားပါတယ်။
သမ္မတ Donald Trump တနင်္လာနေ့ကထုတ်ပြန်တဲ့ အမိန့်သစ်ဟာ ဇန်နဝါရီလကထုတ်ပြန်တဲ့ ပထမအမိန့်ထက် ပိုကောင်းမလာဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ အမိန့်သစ်ထဲမှာ အရင်အမိန့်ထဲက ခုနစ်နိုင်ငံထဲပါတဲ့ အီရတ်လဲ မပါတော့ပါဘူး။ Zletica Hoke ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
မတ် ၀၃၊ ၂၀၁၇ - ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြဿနာ ဖြစ်နေတာ နှစ်ပေါင်း (၅၀) လောက်ရှိပြီ ဖြစ်ပေမယ့် အာဆီယံအသင်းမှာ ဆွေးနွေးဖူးတာ မရှိပါဘူး။ အခု NLD အစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် ဆွေးနွေးတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို အာဆီယံက ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ မြန်မာအစိုးရကသာ ဦးဆောင်ဖြေရှင်းရမှာဖြစ်ကြောင်း ဥ
ဖေဖော်ဝါရီလ ၂၅ ရက်၊ စနေနေ့မှာလုပ်သွားတဲ့ ပြည်ထဲရေးဌာနရဲ့ သတင်းစာရှင်းလင်းပွဲအပေါ် အမြင် သဘောထားတွေကို ဆွေးနွေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်