ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ တခုထဲကျန်တော့တဲ့ ကယ်ဆယ်ရေးစခန်း မှာ နေထိုင်သူတွေက သူတို့ရဲ့ မူရင်းနေရာတွေမှာ ပြန်နေချင်ကြတဲ့ အကြောင်း ပြောပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူကတော့ ပြန်နေနိုင်ဖို့ရာ ယုံကြည်မှုတည်ဆောက်နေဆဲဖြစ်ပြီး လက်ရှိအချိန်မှာ မဖြစ်နိုင်သေးဘူးလို့ပြောပါတယ်။
ဒီ မဒေးကျွန်းမှာ ရှိတဲ့ China National Petroleum ကုမ္ပဏီပေါ့လေ CNP ကုမ္ပဏီရဲ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ သိုလှောင်တဲ့ စခန်း၊ အဲဒီကနေ တရုတ်ပြည်ကို ပို့မယ့်နေရာပေါ့ အဲဒီနေရာကို ဒီရက်ပိုင်း အတွင်း ရေနံတင်တဲ့ သဘောၤတွေ ခပ်စိပ်စိပ် ဝင်ပြီးတော့ ကျနော်တို့ ရောက်တဲ့နေ့မှာ တစီး ရှိပါတယ်။ ဒီကနေ့ ဆိုရင် တစီးထပ်ဝင်ပါတယ်။
လူတိုင်းရဲ့ရေရှည်ကျန်းမာရေးအတွက် ဓာတုပစ္စည်းမသုံးပဲ အော်ဂဲနစ် သဘာဝ စိုက်ပျိုးရေး နည်းလမ်းကို အားပေး လုပ်ဆောင်သင့်တယ်လို့ အော်ဂဲနစ်စိုက်ပျိုးရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒီစိုက်ပျိုးမှု ပုံစံက မြန်မာနိုင်ငံမှာ ဘယ်လိုအခြေအနေ ရှိပါလဲ။ မြန်မာတခွင်အစီအစဉ်မှာ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
မင်္ဂလာတောင်ညွန့်မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်ဟာ တရားဥပဒေစိုးမိုးရေးကိစ္စပဲ ဖြစ်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောပါတယ်။ သံအမတ်ကြီး Scot Marciel ကို ရန်ကုန်မြို့၊ သံအမတ်ကြီးနေအိမ်မှာ ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
မင်္ဂလာတောင်ညွန့်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်ဟာ တရားဥပဒေစိုးမိုးရေးကိစ္စပဲဖြစ်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးပိုင်း အားကောင်းလာ အောင် လုပ်ဆောင်နေတာမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကူညီပံ့ပိုးပေးနေတာတွေရှိသလို ဆက်ပြီးတော့လဲ ကူညီပံ့ပိုး ပေးသွားချင်ပါတယ်လို့ သံအမတ်ကြီးကပြောပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့မှုဟာ အားအကောင်းဆုံးအခြေအနေကနေ ကျဆင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြန်လည်ကောင်းမွန်လာနေပါတယ်။ မြန်မာ့ဆန်လုပ်ငန်းရဲ့ အနာဂတ်အလားအလာ ဘယ်လိုရှိနေပါလဲ၊ မြန်မာတခွင်အစီအစဉ်မှာ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ Fulbright ပညာတော်သင်အစီအစဉ်ဟာ နှစ်နိုင်ငံကြားလူထုချင်းဆက်ဆံရေးကို အားပေးတဲ့အစီအစဉ်တခုဖြစ်တာကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို အထောက်အကူဖြစ်စေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကပြောပါတယ်။ သံအမတ်ကြီး Scot Marciel ကို ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ Fulbright ပညာတော်သင်အစီအစဉ်ဟာ နှစ်နိုင်ငံကြား လူထုချင်း ဆက်ဆံရေးကို အားပေးတဲ့အစီအစဉ်တခုဖြစ်တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အထောက်အကူဖြစ်စေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ ဒီ့ထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ပြုပြင်ပြောင်းလဲစရာတွေ အများအပြားရှိတဲ့အကြောင်း ဝါရင့်ဧည့်လမ်းညွှန်တွေက ထောက်ပြကြပါတယ်။ ဝါရင့်ဧည့်လမ်းညွှန်တွေဖြစ်ကြတဲ့ ကိုစိုင်းကက်နက်နဲ့ ကိုဘွန်နီဦးတို့ကို ကိုကျော်ကျော်သိန်းက တွေ့ဆုံ မေးမြန်းထားပါတယ်။
ဒီနှစ်မှာ မြန်မာနိုင်ငံကဆန်စပါးတန်ချိန် နှစ်သန်း ပြည်ပတင်ပို့ဖို့ မျှော်မှန်းထားတာဟာသိပ်ရည်မှန်းချက်ကြီးလွန်းပေမဲ့လည်း ဖြစ်နိုင်ခြေရှိတယ်လို့ မြန်မာ့ဆန်လုပ်ငန်းနဲ့ နီးစပ်တဲ့ ပြည်ပကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
ဒီနှစ်မှာ မြန်မာနိုင်ငံက ဆန်စပါးတန်ချိန် နှစ်သန်း ပြည်ပတင်ပို့ဖို့ မျှော်မှန်းထားတာဟာ သိပ်ရည်မှန်းချက်ကြီးလွန်း ပေမဲ့လည်း ဖြစ်နိုင်ခြေရှိတယ်လို့ မြန်မာ့ဆန်လုပ်ငန်းနဲ့ နီးစပ်တဲ့ ပြည်ပကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
(၂၁) ရာစု ပင်လုံ ဒုတိယအကြိမ် ညီလာခံကနေ ဘာတွေကို မျှော်လင့်နိုင်မလဲ စတာတွေနဲ့ ပတ်သက်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်၊ သတင်းစာဆရာ ဦးစည်သူအောင်မြင့်တို့နဲ့အတူ ရန်ကုန်မြို့ VOA Studio မှာ ကိုကျော်ကျော်သိန်း က တွေ့ဆုံဆွေးနွေးထားတာကို တင်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အလားအလာ၊ မေလ ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ညီလာခံကနေ ဘာတွေကိုမေ ျှာ်လင့်နိုင်မလဲ.. မြန်မာ့အရေးလေ့လာသူ စာရေးဆရာ ဦးသန်းစိုးနိုင်၊ သတင်းစာ ဆရာ ဦးစည်သူအောင်မြင့်တို့နဲ့အတူ ကိုကျော်ကျော်သိန်းက တွေ့ဆုံဆွေးနွေးထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်မှာ ဆန်စပါး မက်ထရစ်တန်ချိန် ၂ သန်းထိ တိုးပြီး ပြည်ပတင်ပို့ဖို့ ရည်မှန်းထားတာဟာ လက်တွေ့ ဖြစ်နိုင်ခြေရှိပါတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူးချုပ် ဦးရဲမင်းအောင်က ပြောပါတယ်။ ဦးရဲမင်းအောင်ကို ကိုကျော်ကျော်သိန်းက သီးခြား တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေဘက်မှာ လတ်တလော တိုက်ပွဲတွေ ရပ်တန့်နေတာမဟုတ်ဘဲ နဂိုကလောက်သတင်းတွေမထွက်တာသာဖြစ်တယ်လို့စစ်ရေးအခြေအနေ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။စာရေးဆရာဦးသန်းစိုးနိုင်၊သတင်းစာဆရာဦးစည်သူအောင်မြင့်တို့နဲ့အတူကိုကျော်ကျော်သိန်းက ဆွေးနွေး တင်ပြထားပါတယ်။
မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် အနိမ့်ဆုံး လုပ်ခလစာဆိုင်ရာဥပဒေကို ပြင်ဆင်ပေးဖို့နဲ့ လုပ်ငန်းခွင်အခြေအနေ တိုးတက်ကောင်းမွန်အောင် လုပ်ပေးဖို့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေကိုယ်တိုင်က တောင်းဆိုနေကြပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် အနိမ့်ဆုံး လုပ်ခလစာဆိုင်ရာဥပဒေကို ပြင်ဆင်ပေးဖို့နဲ့ လုပ်ငန်းခွင် အခြေအနေ တိုးတက်ကောင်းမွန်အောင် လုပ်ပေးဖို့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေကိုယ်တိုင်က တောင်းဆိုနေကြပါတယ်။
ကွယ်လွန်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် အမှတ်တရ ပန်းခြံတခုကို ရန်ကုန်မြို့ တနေရာရာမှာ ပေါ်လာအောင်လုပ်ဖို့ NLD ပါတီ နာယက ဦးတင်ဦးက ဦးဝင်းတင် ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အမှတ်တရ အခမ်းအနားမှာ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
ကွယ်လွန်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်အမှတ်တရ ပန်းခြံတခုကို ရန်ကုန်မြို့ တနေရာရာမှာ ပေါ်လာအောင်လုပ်ဖို့ NLD ပါတီ နာယက ဦးတင်ဦးက တိုက်တွန်းလိုက်သလို စစ်အာဏာရှင် စနစ် နိဂုံးချုပ်သွားစေဖို့ ဆိုတဲ့ ဦးဝင်းတင်ရဲ့ ရည်မှန်းချက်ပန်းတိုင်အတိုင်း NLD ပါတီအနေနဲ့ ဘယ်အာဏာရှင်စနစ်ကိုမှ ပြန်လည် ရှင်သန်ဖို့ လုပ်သွားမှာမဟုတ်ဘူးလို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ကလည်းပြောပါတယ်။
ဒီကနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ် မဟာသင်္ကြန်ပွဲတော်အဖွင့် အကြိုနေ့ပါ။ မြန်မာနိုင်ငံတဝန်း၊ အထူး သဖြင့် မြို့ကြီးတွေမှာ သင်္ကြန်မဏ္ဍပ်တွေကိုဖွင့်လှစ်ပြီး စပြီးတော့ ရေကစား ပျော်ရွှင်ကြတဲ့နေ့လဲဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်