ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ UDP ပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်ရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဆွေးနွေးထားပါတယ်။
လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲတွေ ကျင်းပဖို့အခြေအနေ မရှိတာကြောင့်ဆိုပြီး ရွေးကောက်ပွဲမလုပ်မယ့် မဲဆန္ဒနယ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တဲ့အပေါ် ဆွေးနွေးထားပါတယ်။
COVID-19 ကူးစက်လူနာနဲ့ တိုက်ရိုက်ထိတွေ့မှုရှိလို့ Quarantine ဝင်ရသူနဲ့ ကိုယ်တိုင် ပိုးကူးစက်လို့ Quarantine ဝင်ရသူတို့ရဲ့ အတွေ့အကြုံတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုဗစ်ရောဂါကာကွယ်ရေး အိမ်တွင်းမှာပဲ နေကြရတဲ့အချိန် မိသားစုဝင်တွေကြား စိတ်ဖိစီးမှု လျော့နည်းအောင် ဘယ်လို နေထိုင်သင့်တယ်ဆိုတာ စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးတစ်ဦးက အကြံပြုထားပါတယ်။
COVID-19 ရောဂါကြောင့် သေဆုံးမှုလျော့ကျဖို့ဆိုရင် ဆေးရုံကို စောစောပို့ဖို့လိုတယ်ဆိုတဲ့ အကြံပြုချက်နဲ့အတူ ရောဂါ ပျံ့နှံ့ကူးစက်မှုအခြေအနေ၊ ထိန်းချုပ်ရေး လုပ်ဆောင်နေတာတွေကို နားဆင်ရပါမယ်။
ကိုဗစ်ကာကွယ်ရေး ရန်ကုန်တိုင်းဒေသကြီးမှာ ချမှတ်ထားတဲ့ အိမ်တွင်းနေညွှန်ကြားချက်ရဲ့ သဘောသဘာဝနဲ့ ကိုဗစ်ရောဂါကူးစက်ခံထားရသူတွေကို ပုဂ္ဂလိကဆေးရုံတွေမှာပါ ပြုစုစောင့်ရှောက်မှုပေးရေးနဲ့ ပတ်သက်လို့ ဆွေးနွေးထားပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါ ပျံ့နှံ့ကူးစက်မှုအပေါ် ကိုင်တွယ်ခဲ့ပုံနဲ့ မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေပုံ၊ တရုတ်ရဲ့ "ကာကွယ်ဆေး သံခင်းတမန်ခင်း" နဲ့ မြန်မာနိုင်ငံအခင်းအကျင်း စတာတွေကို ဆွေးနွေးထားပါတယ်။
ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေကို အစုအဝေးလိုက် သတ်ဖြတ်မှုနဲ့ တခြားရာဇဝတ်မှုတွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စစ်သားနှစ်ဦးရဲ့ ထွက်ဆိုချက်တွေဟာ ယုံကြည်နိုင်လောက်တဲ့ ထွက်ဆိုချက်တွေဖြစ်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ဗွီအိုအေကိုပြောပါတယ်။
ကိုဗစ်ရောဂါ ဒုတိယလှိုင်းအောက်မှာပဲ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲဆိုင်ရာ အခြေအနေ အရပ်ရပ်ကို ဆွေးနွေးထားပါတယ်။
လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး အလျင်အမြန် ပျံ့နှံ့ကူးစက်နေတဲ့အပေါ် ထိန်းချုပ်ဖို့ လုပ်ဆောင်နေတဲ့ အခြေအနေ အရပ်ရပ်ကို ဒေါက်တာခင်ခင်ကြီးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု မြင့်တက်လာနေတဲ့ စစ်တွေမြို့ အခြေအနေ အရပ်ရပ်အကြောင်း ဆွေးနွေးထားပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ရွေးကောက်ပွဲတွေရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိတယ်ဆိုတာနဲ့ ရွေးကောက်ပွဲမှာ မဲပေးရေး မပေးရေး စတာတွေကို ဆွေးနွေးထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲတွေအတွက် NLD ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနဲ့ ရှေ့အလားအလာတွေကို သုံးသပ်ဆွေးနွေးထားပါတယ်။
၂၀၂၀ ပြည့်ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးကြမယ့်သူတွေရဲ့ အခန်းကဏ္ဍအပါအဝင် ရွေးကောက်ပွဲဆိုင်ရာတွေကို ဆွေးနွေးထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ ထိခိုက်ဒဏ်ရာရ သေဆုံးကြရတဲ့၊ မတရား အနိုင့်အထက် ပြုကျင့်ခံရတဲ့ အရပ်သားတွေ အတွက် အမှန်တရားနဲ့ တရားမ ျှတမှုရဖို့ ဖြစ်နိုင်ခြေ ရှိပါသေးရဲ့လားဆိုတာ ဆွေးနွေးထားပါတယ်။
မြေပြိုကျတဲ့ဖြစ်ရပ်တွေကြောင့် မကြာခန လူသေဆုံးမှုရှိနေတဲ့ ဖားကန့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို ဥပဒေနဲ့အညီ စနစ်တကျ ထိန်းကွပ်နိုင်ခြေရှိသေးရဲ့လားဆိုတာ ဆွေးနွေးထားပါတယ်။
၂၀၂၀ ပြည့် အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန် သတင်းတု သတင်းမှား လုပ်ကြံသတင်းတွေရဲ့ အန္တရာယ်နဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမယ်ဆိုတာ ဆွေးနွေးထားပါတယ်။
COVID-19 ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန် အလုပ်လက်မဲ့ဖြစ်သွားသူတွေအတွက် အလုပ်အကိုင်ဖန်တီးရေး ဘာတွေလုပ်သင့်သလဲ ဆိုတာနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ရင်ဆိုင်နေရတဲ့အခြေအနေတွေကို ဆွေးနွေးထားပါတယ်။
ဇွန်လ ၂၀ ရက်၊ စနေနေ့မှာကျရောက်မယ့် ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ် အထူးအစီအစဉ်အဖြစ် ကချင်၊ ရှမ်းမြောက်နဲ့ ရခိုင်ဒေသက ဒုက္ခသည်တွေရဲ့ အခြေအနေအရပ်ရပ်အပေါ်ဆွေးနွေးထားပါတယ်။
လူ့အဖွဲ့အစည်းတိုင်းအတွက် အဆိပ်အတောက်သဖွယ် အန္တရာယ်ကြီးမားလှတဲ့ ခွဲခြားဆက်ဆံမှုတွေအပေါ် ဘယ်လိုရှုမြင်နိုင်သလဲ၊ ဘယ်လိုကျော်လွှားနိုင်ကြမလဲဆိုတာ ဆွေးနွေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်