(Zawgyi/Unicode)
ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့အတွက် Stay-At-Home အိမ်ထဲမှာပဲနေကြရတဲ့ အခုလိုကာလမျိုးမှာ မိသားစုဝင်အချင်းချင်းကြား စိတ်အခန့်မသင့်ဖြစ် အဆင်မပြေတာမျိုးတွေကို ရှောင်နိုင်ဖို့အတွက် အထူး သတိပြုပြီး ညှိညှိနှိုင်းနှိုင်း နေထိုင်သင့်တယ်လို့ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးမင်းက အကြံပေးပါတယ်။
ကိုယ့်အတွက်လည်း အကျိုးရှိ၊ မိသားစုနဲ့ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေတဲ့နည်းလမ်းမျိုးတွေနဲ့ လက်ရှိအချိန်ကာလကို ဖြတ်သန်းဖို့လည်း ဒေါက်တာစိုးမင်းက တိုက်တွန်းပါတယ်။ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ နားဆင်နိုင်ပါတယ်။
--------------------
(Unicode)