အများစိတ်ထဲမှာ လိင်တူချစ်သူတွေကို ခွဲခြားဆက်ဆံမှုတွေကလည်း မွေးကတည်းက အရိုးစွဲလာတဲ့ အကျင့်ဖြစ်နေတာမို့၊ ဒီလို တန်းတူအခွင့်အရေးကြိုးပမ်းမှုတွေဟာ ဘယ်လောက် ခက်ခဲနေပါသလဲ။ LGBT အခွင့်အရေးလှုပ်ရှားသူ မိတ်ကပ်ပညာရှင် မေဦးမောင် ပြောပြထားတာကို သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ အသွင်ကူးပြောင်းနေချိန်မှာ လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ ပြောင်းလဲလာနိုင်ဖို့၊ သဘာပတ်ဝန်းကျင် ထိန်းသိမ်းဖို့နဲ့ ရေရှည်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေကို အထောက်အကူပြုနိုင်မယ့် စာအုပ်တွေပါဝင်တဲ့ စာပေတွေကို Educasia က မိတ်ဆက်လိုက်ပါတယ်။ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ
မြန်မာစစ်တပ်နဲ့ ရခိုင် လက်နက်ကိုင်အဖွဲ့ AA တွေအကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပေမယ့်လည်း AAအဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် အမြဲတမ်း လမ်းဖွင့်ထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဒီကနေ့က စပြီး တစ်လတိတိ တရားဝင် မဲဆွယ်စည်းရုံးခွင့် ရတာမို့ စတင် မဲဆွယ်နေကြပါပြီ်။
ရွှေချည်ထိုးစိန်မြင့်ဟာ သူ့ရဲ့ဝါသနာကိုအခြေခံပြီး ရွှေချည်ထိုးအနုပညာကိုသင်ယူလိုက်စားသလို အောင်မြင်အောင်လည်း လုပ်ကိုင်သူပါ။ ပန်းချီဆရာအဖြစ်လည်း အောင်မြင်သူဖြစ်ပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်းက ရိုက်ကူးတင်ဆက်ထားပါတယ်။
ပန်းဆိုးတန်း Gallery တည်ထောင်သူ ကိုအောင်စိုးမင်းက ရိုးရာဓလေ့ပွဲတော်တွေလည်း နိုင်ငံအနှံ လိုက်ပြီး ကျင်းပသူဖြစ်ပါတယ်။ မြန်မာပန်းချီကားတွေကိုလည်း နိုင်ငံတကာဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့်ရောက်အောင် လုပ်ချင်သူဖြစ်ပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်းက ရိုက်ကူးတင်ဆက်ထားပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ မြို့နယ် ၃၃ မြို့နယ်က စည်ပင်သာယာရေးကော်မတီဝင်သစ်တွေကိုမတ်လမှာရွေးကောက်ပွဲလုပ်ပြီးရွေးချယ်ကြတော့မှာပါ။ လက်ရှိ ရန်ကုန်စည်ပင်အပေါ် ဝေဖန်ချက်တွေ၊ အကြံပေးချက်တွေ၊ မျှော်လင့်ချက်တွေ စတာတွေကို စုစည်းပြီး ဗွီအိုအေသတင်းထောက် ကိုကောင်းစံဟိန်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ HIV/AIDS ဝေဒနာသည်ကို ကူညီစောင့်ရှောက်ပေးနေတဲ့ NLD ဂေဟာမှာ ၁၈ နှစ်ကြာအောင် ဒီ ဝေဒနာသည်တွေအတွက် စားသောက်နေထိုင်ရေးကအစ ကျန်းမာရေး၊ပညာရေးအဆုံး လုပ်ပေးနေခဲ့တဲ့ ကိုစိုးရာဇာထွန်းရဲ့ အတွေ့အကြုံကို သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်းက ရိုက်ကူးတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်လိုက်သလို မြန်မာလူထုနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
အညာအရပ်မှာ ပြည်တွင်းပြည်ပ ခရီးသွားတွေအလာအများဆုံး ပုဂံ၊ ညောင်ဦးဒေသ မြင်းလှည်းဆရာတဦးရဲ့ အတွေ့အကြုံကို ကြည့်ရအောင်ပါ။ မြင်းလှည်းဆရာ ကိုစိုးဝင်းက ခရီးသွားဧည့်သည်တွေအတွက် မြင်းလှည်းမောင်း ဝန်ဆောင်မှုပေးတာ ၁၈နှစ်တာ ရှိခဲ့ပြီဖြစ်ပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်းက တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံက HIV/AIDS ဝေဒနာသည် အသက်အရွယ်စုံကို ကူညီစောင့်ရှောက်ပေးနေတဲ့ NLD HIV/AIDS ကူညီ စောင့်ရှောက် ရေးဂေဟာ NAC ဟာ ရန်ပုံငွေ လုံလောက်မှုမရှိတဲ့ အခြေအနေအောက်မှာပဲ မိဘမဲ့ကလေးတွေနဲ့ ဝေဒနာသည်တွေကို ဆက်ပြီး အကူအညီပေး ပြုစု စောင့်ရှောက်နေပါတယ်။
မြန်မာနိုင်ငံက HIV/AIDS ဝေဒနာသည် အသက်အရွယ်စုံကို ကူညီစောင့်ရှောက်ပေးနေတဲ့ NLD HIV/AIDS ကူညီ စောင့်ရှောက်ရေးဂေဟာ NAC ဟာ ရန်ပုံငွေ လုံလောက်မှုမရှိတဲ့ အခြေအနေအောက်မှာပဲ မိဘမဲ့ကလေးတွေနဲ့ ဝေဒနာသည်တွေကို ဆက်ပြီး အကူအညီပေး ပြုစု စောင့်ရှောက်နေပါတယ်။ ကိုကောင်းစံဟိန်းက သတင်းပေးပို့ထားပါတယ်။
အန္တရာယ်ကင်းကင်းနဲ့ ယုံယုံကြည်ကြည် စားသုံးနိုင်တဲ့ ဒေသထွက်ပစ္စည်းတွေကို နေရောင်ခြည်စွမ်းအင်သုံး အခြောက်ခံနည်း မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ပေးသူတွေထဲက လက်ရှိမှာ အောင်မြင်နေသူ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဦးနေဦးဖြစ်ပါတယ်။ သူ့အကြောင်း စီအစဉ်မှာကိုကောင်းစံဟိန်းက ရိုက်ကူးတင်ဆက်ထားပါတယ်။
ဥရောပသမဂ္ဂ (EU) အနေနဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားက တင်ပို့ရောင်းချနေတဲ့ အင်ဒီကာ (Indica) လို့ခေါ်တဲ့ ဆန်လုံးရှည် တင်ပို့မှု ကို အခွန်ကောက်ခံတော့မှာဖြစ်ပါတယ်။
ကိုဇွဲရန်နိုင်ဟာ သမာရိုးကျ စုတ်တံနဲ့ဆေးရောင်မသုံးဘဲ တချိန်က တရားမဝင်ကြေညာဖျက်သိမ်းခဲ့တဲ့ ငွေစက္ကူတွေနဲ့ ပန်းချီကားတွေ ဖန်တီးပါတယ်။ အခုခေတ်လူငယ်တွေအနေနဲ့ တချိန်က မြန်မာငွေစက္ကူတွေအကြောင်း သိစေချင်လို့လို့ ဆိုပါတယ်။ သူ့အကြောင်း စီအစဉ်မှာကိုကောင်းစံဟိန်းက ရိုက်ကူးတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေအနေနဲ့ လက်ရှိမှာ စီးပွားရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ရေရှည်ရပ်တည်နိုင်ဖို့အတွက် အစိုးရရဲ့ထောက်ပံ့မှု လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ Made In Myanmar ဒေသထွက်ကုန်ရောင်းချပွဲအကြောင်း ကိုကောင်းစံဟိန်းက တင်ပြထားပါတယ်။
ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အယူခံမှုနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းအနေနဲ့ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါ တယ်။
ဆိပ်ကမ်းမြို့နယ် အနိုင်ရ USDP လွှတ်တော် ကိုယ်စားလှယ် အပါအဝင် ၃ဦးကို ရွေးကောက်ပွဲကာလအတွင်း တရားမဝင်လုပ်ဆောင်မှုတွေ ရှိတယ်လို့ စွပ်စွဲပြီး အမှုဖွင့်တိုင်ကြားထားတယ်လို့ NLD ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးဥက္ကဌ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။
မြန်မာဗဟိုဘဏ်က နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းဘဏ်တွေလို ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ တိုးချဲ့ခွင့်ပြုခွင့်ပြုလိုက်တာနဲ့ပက်သက်ပီး ဘဏ်လုပ်ငန်း သုံးသပ်သူတချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ကြိုဆိုကြပေမယ့် နိုင်ငံတကာဘဏ်တွေဆီက ချေးငွေ လွယ်လွယ်ကူကူ ရနိုင်မှာမဟုတ်ဘူးလို့လည်း သုံးသပ်ကြပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ကျော်က အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် Miss Grand International မိတ်ဆက်ပွဲကို ဒီကနေ့ ကန်တော်ကြီး ကရဝိတ် ဟိုတယ်မှာ ကျင်းပပါတယ်။ 2018 မှာ မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ VOA သတင်းထောက် ကိုကောင်းစံဟိန်းက သတင်းပေးပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်