မြန်မာလူငယ်တွေအတွက် ခေါင်းဆောင်မှုသင်တန်းတွေပေးနေတဲ့ အမေရိကန်အခြေစိုက် Deboer ဖောင်ဒေးရှင်းက ရပ်ရွာနဲ့ နိုင်ငံ့အကျိုး လိုအပ်ချက်တွေကို ဖြည့်ဆည်းရာမှာ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။ လူငယ်ခေါင်းဆောင်တွေရဲ့ သင်တန်းဆင်းပွဲအကြောင်း VOA သတင်းထောက် ကိုကောင်းစံဟိန်းက သတင်းပေးပို့ထားပါတယ်။
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိတဲ့ဝါးပင်ကနေ မြန်မာဆန်ပြီး လှပတဲ့ တိုင်ကပ်နာရီတွေ ဖန်တီးထုတ်လုပ်နေသူကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့က ကိုသန်းနိုင်အေး ဖြစ်ပါတယ်။ ကောင်းစံဟိန်းက တင်ဆက်ပေးထားပါတယ်။ သူ့အကြောင်းအစီအစဉ် (ဗွီဒီယိုအပြည့်အစုံ) -- bit.ly/2OWT9Wx
၂၀၁၅ ခုနှစ်က အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက်ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေ အမှုကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ကူညီပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်ကို မင်းလှ မြို့နယ်တရားရုံးက တရားစီရင်ရေးနှောင့်ယှက်မှုနဲ့ ဒီကနေ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
အလုပ်ရှင်နဲ့ အလုပ်သမားအကြား အငြင်းပွားမှု ပဋိပက္ခတွေ အမြန်ဆုံး ဖြေရှင်းပေးဖို့နဲ့ လုပ်ခ လစာ မရရှိတွေကို ဖြေရှင်းပေးဖို့ ဒီကနေ့ ရန်ကုန်မြို့ အထည်ချုပ် စက်ရုံ ၅ ရုံက အလုပ်သမားတွေ စုပေါင်းပြီး လှိုင်သာယာ မြို့နယ်အတွင်းမှာ လှည့်လည် ဆန္ဒပြ ခဲ့ကြပါတယ်။
မြန်မာကျပ်ငွေတန်ဖိုး ဆက်ကျနေပြီး ဒီနေ့ ညနေပိုင်း အမေရိကန် တဒေါ်လာကို ငွေလဲနှုန်း ၁၆၂၀ ကျော်အထိ ရှိနေဆဲဖြစ်ပါတယ်။
အောင်မြင်တဲ့တေးရေးဖြစ်ဖို့ဆိုတာ သံစဉ်ရှာဂီတတူရိယာအတီးအခတ် ကျွမ်းကျင်ရုံတင်မကပဲ ထိမိတဲ့စာသားတွေရဖို့ ဗဟုသုလည်း လိုတယ်လို့ နာမည်ကျော်ကိုယ်ပိုင်သံစဉ်သီချင်းတွေကို ရေးစပ်တဲ့ တေးရေးတေးဆိုကိုနေဝင်းက ပြောပါတယ်။ သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း တင်ဆက်ထားပါတယ်။
ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး အဆင့်မြင့်ဥပဒေ အရာထမ်း တချို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အရေးယူလိုက်တာကြောင့် တရားစီရင်ရေးအပေါ် လူထုရဲ့ ယုံကြည်မှု ပြန်ရလာနိုင်စေတဲ့ အစပျိုးလုပ်ဆောင်မှု တခုအဖြစ် ဥပဒေပညာရှင်တွေက ကြိုဆိုကြပါတယ်။
ကျောင်းဆက်မတက်နိုင်တဲ့ လူငယ်တွေ၊ အခွင့်အရေးနည်းပါးတဲ့ လူငယ်တွေအတွက် ပညာဆက်သင်ပေးနိုင်တဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေ အများကြီး လိုအပ်တယ်လို့ ရန်ကုန်မြို့ CTV အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်းရဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်မြတ်စန္ဒာက ပြောပါတယ်။ VOA သတင်းထောက် ကိုကောင်းစံဟိန်း စုစည်းတင်ပြထားပါတယ်။
မြန်မာ့ရိုးရာ ချည်ထည်တွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ ထုတ်လုပ်ပြီး ဈေးကွက်ထဲမှာ တွင်တွင်ကျယ်ကျယ် ရောင်းချလာနေကြပါတယ်။ နိုင်ငံတကာဈေးကွက်မှာ တွင်ကျယ်ဖို့ဆိုရင်တော့ မြန်မာ့လက်ရက်ကန်း ပိုပြီး တိုးတက်လာအောင် အားပေးဖို့လိုမယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။ ကိုကောင်းစံဟိန်းက တင်ဆက်ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေဖြစ်ခဲ့ပြီး အမေရိကန် တဒေါ်လာကို ကျပ်ငွေတန်ဖိုး ၁၅၃၀ ကျော်အထိ ထိုးကျခဲ့ရာကနေ ဒီကနေ့မှာတော့ ၁၄၇၀ကျပ်အထိ ဈေးပြန်တက်သွားပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်က ပုဂ္ဂလိဘဏ်တွေကို ဒေါ်လာတွေ ထုတ်ရောင်းတာ၊ ချေးတာတွေ လုပ်ခဲ့ပြီး ကျပ်ငွေ ဈေးတည်ငြိမ်အောင် ကြိုးစားနေပါတယ်။
ခင်ပွန်းမရှိဘဲ ကလေးမွေးဖို့ဆိုတာ ရှေးရိုးအစွဲတွေနဲ့မကင်းတဲ့ မြန်မာနိုင်ငံမှာ တော်တော်လေးကို မလွယ်ကူတဲ့ကိစ္စဖြစ်နေပြီး အခက်အခဲတွေ စိန်ခေါ်မှုတွေအများကြီးကြားက အဲလို တဦးတည်းရပ်တည်မွေးဖွားရမယ့် မိခင်လောင်းတွေကို ကူညီစောင့်ရှောက်ပေးနေသူ မလီလီနိုင်ကျော်ကို ကိုကောင်းစံဟိန်း မိတ်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံတဝှမ်းမှာ ထူးကဲဒီရေ မြင့်တက်မှုတွေနဲ့ မြစ်ရေးအခြေအနေ စိုးရိမ်ရေမှတ်အထက် ကျော်လွှန်နေတာကြောင့် ပင်လယ်ကမ်းရိုးတန်းတွေ၊ မြစ်တွေနဲ့ ဆက်စပ်နေတဲ့ ဒေသတွေမှာ သတိပြုနေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက က သတိပေးထားပါတယ်။
မြန်မာနိုင်ငံက ပန်းချီစိတ်ဝင်စားသူတွေကြားမှာ စိတ္တဇ ပန်းချီတွေကို လူစိတ်ဝင်စားမှု တဖြည်းဖြည်း ရရှိလာပြီလို့ ပန်းချီအနုပညာရှင်တွေက ပြောပါတယ်။ Abstract စိတ္တဇ ပန်းချီဆရာနဲ့ ဆရာမတွေ ပေါင်းပြီး ရန်ကုန်မြို့မှာ ကျင်းပပါတယ်။ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံက ရေဘေးသင့် ဒုက္ခသည်တွေ အတွက် လိုအပ်နေတဲ့ အကူအညီတွေကို ဂျပန်အစိုးရက JICA (ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) ကတဆင့် ပေးအပ်လိုက်ပါတယ်။
ရှေ့နေကြီး ဦးကိုနီကို ပစ်ခတ်လုပ်ကြံမှုမှာ အောင်ဝင်းဇော်ဟာ သေနတ်သမား ကြည်လင်းကို လေဆိပ် အရောက် ပို့ပြီးတော့ ကာယကံမြောက် စီစဉ်ဆောင်ရွက် တယ်ဆိုတဲ့ အချက်ဟာ ပေါ်လွင်စေခဲ့တယ်လို့ တရားလိုရှေ့နေ ဦးနေလက ပြော ပါတယ်။
စာရွက်တွေကို ဓါးနဲ့ဖြတ်ပြီး အလွှာအထပ်ထပ်နဲ့ ပြုလုပ်ဖန်တီးတဲ့ paper arts စက္ကူအနုပညာကို ပိုက်ဆံသုံးရာကျပ်ထဲနဲ့ စလုပ် ကြည့်ခဲ့သူကတော့ ကိုထွေးအောင်လွင်ပဲဖြစ်ပါတယ်။ အခုအောင်မြင်နေပြီဖြစ်တဲ့ သူ့ရဲ့စိတ်ကူးတွေနဲ့ ဖန်တီးမှုတွေကို သူ့အကြောင်းအစီအစဉ်မှာ ကိုကောင်းစံဟိန်း ရိုက်ကူးတင်ဆက်ထားပါတယ်။
မြန်မာနိုင်င်မှာ ဆင်တွေ တရားမဝင် ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကို တားဆီးနိုင်ဖို့ ရည်ရွယ်တဲ့လှုပ်ရှားမှုမှာ ဖန်တီးခဲ့တဲ့ ဧရာမစက္ကူဆင်ရုပ်ကြီးဟာ ကမ္ဘာမှာအကြီးဆုံးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းတင်သွားပါပြီ။
တေးရေး၊တေးဆို၊ဘေ့စ်ဂီတာအနုပညာရှင် ဦးရဲလွင်(မဇ္ဇျိမလှိုင်း)ဟာ ဒီကနေ့ အသဲရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။အခုလို တိုင်းပြည်အတွက် အများအကျိုးပြုလုပ်ငန်းတွေကို ဂီတပညာနဲ့ စွမ်းဆောင်နိုင်ခဲ့တဲ့ ပညာရှင်တစ်ယောက် ဆုံးရှုံးရခြင်းဟာ တန်ဖိုးမဖြတ်နိုင်လောက်တဲ့ ဆုံးရှုံးမှုတစ်ခုဘဲလို့ သူနဲ့ နီးစပ်သူတွေက ခံစားနေကြရပါတယ်။
ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ အသက်၇၃နှစ်မြောက်မွေးနေ့ပွဲကို နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအနှံ့ မြို့အသီးသီးမှာ သူ့ကိုထောက်ခံယုံကြည်တဲ့သူတွေက စုဝေးကျင်းပခဲ့ကြပါတယ်။နေပြည်တော်မှာ ပြုလုပ်တဲ့ မွေးနေ့အခမ်းအနားကိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေက ဦးဆောင်ကျင်းပတာဖြစ်ပြီး၊ အဲဒီ ပွဲကို မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်ရော သမ္မတဦးဝင်းမြင့်ပါ တတ်ရောက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်