[[Zawgyi/Unicode]]
ဥတုရာသီဖေါက်ပြန်တဲ့ဒဏ်ကို ပြင်းပြင်းထန်ထန်ခံနေရတဲ့ မြန်မာနိုင်ငံမှာ လူသားစာနာမှုဆိုင်ရာ ထိရောက်တဲ့လုပ်ငန်းတွေလုပ်ဖို့အတွက် လက်ရှိဖြစ်ပျက်နေတဲ့ အခြေနေနဲ့ပတ်သက်တဲ့ အချက်လက်တွေသိဖို့ လိုအပ်နေတဲ့အကြောင်း လန်ဒန် စီးပွါးရေးနဲ့ နိုင်ငံရေးသိပ္ပံတက္ကသိုလ် တောင်အာရှဌာနက အစီရင်ခံစာတစောင် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
အာရှဒေသတွင်းမှာ မိုးသည်းထန်တာ၊ ဆိုင်ကလုံးမုန်တိုင်းဝင်တာ၊ မြစ်ရေလျှံတာနဲ့ မိုးသက်မုန်တိုင်းတိုက်ခတ်တာ အပါအဝင် သဘာဝဝန်းကျင်အန္တရာယ်ကို ပုံမှန်ရင်ဆိုင်ရပေမယ့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့မှာ ပိုပြင်းထန်ပြီး ကပ်ဆိုက်တဲ့ အနေထားထိ ရောက်သွားတာ တွေ့ရတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဥတုရာသီဖေါက်ပြန်တဲ့ဒဏ်ခံရမယ့် အန္တရာယ်အကြီးဆုံး တနိုင်ငံဖြစ်နေပြီး ၃ နှစ် တကြိမ်ကျတဲ့ ဆိုင်ကလုံးမုန်တိုင်းမျိုးဟာ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း နှစ်စဉ်လို ကြုံလာတာကို တွေ့နေတယ်လို့ ဖေါ်ပြထားပါတယ်။ ပင်လယ်ရေပြင်မှာ ၁၂ ပေအမြင့် လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်ခဲ့တဲ့ ၂၀၀၈ နာဂစ်ဆိုင် ကလုံးကနေ လူပေါင်း ၁ သိန်း ၄ သောင်းသေဆုံးပြီး လူပေါင်း ၈ သိန်းကျော် အိုးအိမ်ရွှေ့ပြောင်းခဲ့ရသလို နာဂစ်ဒဏ်ကိုခံစားရသူက သန်းနဲ့ချီရှိနေသလို ၂၀၁၉ မုတ်သုန်မိုးကြောင့် မြစ်ချောင်းတွေ ရေကြီးရေလျှံရာမှာလည်း မြန်မာက အဆိုးဆုံးခံစားခဲ့ရတာ ဖြစ်ပါတယ်။
အခုလိုခံရတာဟာ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်တာတွေ၊ ကြိုတင်သတိပေးချက်တွေ ကောင်းကောင်း မလုပ်နိုင်တာကြောင့်ဆိုတာ တွေ့ရှိရကြောင်းနဲ့ နာဂစ်ဆိုင်ကလုံးအတွက်ဆို ဘယ်နေရာမှာ ကျရောက်မယ်၊ လှိုင်းအမြင့် ဘယ်လောက်ရှိမယ်ဆိုတာကို ခန့်မှန်းပေးမယ့် ရေဒါကွန်ယက်စံနစ်လည်း မရှိခဲ့ဘူးလို့ ဖေါ်ပြထားပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအဖွဲ့တွေဦးစီးပြီး နိုင်ငံပေါင်း ၆၀ ကျော်ကနေ မြန်မာအစိုးရဝန်ထမ်းတွေအတွက် သင်တန်းပေးတာအပါအဝင် အကူညီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လက်ရှိမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာအတွက် မြန်မာနိုင်ငံက ဘယ်အတိုင်းတာအထိ ကြိုတင်ဆောင်ရွက် နိုင်စွမ်း ရှိနေတယ် ဆိုတာကိုသိဖို့ အကဲဖြတ်ဆန်းစစ်ဖို့ လိုအပ် နေတဲ့ အပြင် အကူအညီတွေပေးဖို့ပါ လိုအပ်နေတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5
---------------------
[[Unicode]]
မြန်မာ့ သဘာဝကပ်ဘေးအန္တရာယ် နိုင်ငံတကာပညာရှင်တွေ သတိပေး