ကန် ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်အဖွဲ့ဝင်လေးဦး တရုတ်ဒဏ်ခတ်အရေးယူ

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian

[[Zawgyi/Unicode]]

အမေရိကန် ဘာသာရေးလွတ်လပ်ခွင့် ဖက်ဒရယ်ကော်မရှင်ရဲ့ အဖွဲ့ဝင် ၄ ယောက် ကို တရုတ်က နာမည်ပျက်စာရင်းသွင်း ပိတ်ဆို့အရေးယူလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။

“အဲဒီ ကော်မရှင်အဖွဲ့ဝင်တွေကို တရုတ်ပြည်လာခွင့်ပိတ်ပင်လိုက်ပြီး တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုမှာရှိတဲ့ သူတို့ပိုင်ဆိုင်မှုတွေကိုလည်း ဘာမှမလုပ်ရလို့ သတ်မှတ်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Zhao Lijian က ပြောသွားတာပါ။ တရုတ်နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေကိုလည်း သူတို့နဲ့ မဆက်ဆံရလို့ တားမြစ်လိုက်ပါတယ်။

ဇင်ကျန်းမှာ လူမျိုးတုံးသတ်ဖြတ်တယ်လို့ စွပ်စွဲထားသူတွေအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူတာကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်က အခုလို ပြန်လည် အရေးယူလိုက်တာ ဖြစ်ပါတယ်။

ဇင်ကျန်းပြည်နယ်မှာနေထိုင်နေကြတဲ့ လူနည်းစု မွဆလင် ဝီဂါလူမျိုးတွေရဲ့ အကျဉ်းအကျပ်ကိစ္စကြောင့် အမေရိကန်နဲ့ တရုတ်အကြားမှာ သံတမန် ဆက်ဆံရေး ဆိုးဝါးလာခဲ့ပါတယ်။ တရုတ်က မ‌တော်မတရားလုပ်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ တရုတ် နိုင်ငံရေးသမားတွေနဲ့ ကုမ္မ္ပဏီတွေကို အမေရိကန်က တိုးတိုး အရေးယူနေတဲ့အပြင် လာမယ့် ဆောင်းရာသီ အိုလံပစ်ကိုလည်း သံတမန်ရေးအရ သပိတ်မှောက်မယ်လို့ ပြောထားပါတယ်။ဒီအတွက်ကြောင့် တရုတ်က တန်ပြန် အရေးယူလာခဲ့တာပါ။

တရုတ်က အရေးယူလိုက်တဲ့ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်အဖွဲ့ဝင်တွေကတော့ ဥက္ကဋ္ဌ Nadine Maenza၊ ဒုတိယ ဥက္ကဋ္ဌ Nury Turkel၊ ကော်မရှင် အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Anurima Bhargava နဲ့ James W. Carr တို့ ဖြစ်ကြပါတယ်။

Your browser doesn’t support HTML5

ကန် ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်အဖွဲ့ဝင်လေးဦး တရုတ်ဒဏ်ခတ်အရေးယူ

=============

[[Unicode]]






တရုတျက အရေးယူလိုကျတဲ့ ဘာသာရေးလှတျလပျခှင့ျ ကောျမရှငျအဖှဲ့ဝငျတှကေတော့ ဥက်ကဋ်ဌ Nadine Maenza၊ ဒုတိယ ဥက်ကဋ်ဌ Nury Turkel၊ ကောျမရှငျ အဖှဲ့ဝငျတှေ ဖွဈကွတဲ့ Anurima Bhargava နဲ့ James W. Carr တို့ ဖွဈကွပါတယျ။

#USChina #USCommissionOnReligiousFreedom #ReligiousFreedom #VOABurmese

=============